ထိုင်းမြောက်ပိုင်းရောက်မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲစပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ယနေ့ကစပြီး ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေကြပါသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးသို့မဲလာပေးကြသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံမြောက်ပိုင်းရောက်မဲမြန်မာနိုင်ငံသားဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဇူလိုင်လ ကတည်းက အမည်စာရင်းများပေးထားကြရပြီဖြစ်သည်။

ချင်းမိုင်မြို့ မြန်မာကောင်စစ်၀န်ရုံးတွင် ကြိုတင်မဲပေးသူများအား သွားရောက်ကူညီမှုပေးနေသည့်စေတနာ့၀န်ထမ်း ၊ချင်းမိုင်ရောက်သျှမ်းလူငယ်များအဖွဲ့က စိုင်းမိဏ်းက- “ဒီမနက်တော့ လားရှိုးနဲ့ မိုင်းကိုင်ပါ ။ ညနေပိုင်းတော့ မိုင်းရှူး ၊နမ့်စန်နဲ့ကျေးသီး မြို့ကလူတွေဖြစ်ပါတယ်။ ဒီနေ့လူတော်တော်များပါတယ်။ အားရကျေနပ်စရာကောင်းပါတယ်။ အမည်စာရင်းသွင်းထားတဲ့မဲဆန္ဒရှင်တွေ သတ်မှတ်ထားတဲ့နေ့ရက်မှာအချိန်မှီမဲလာပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။ နောက်ကျမှရောက်ရင်အခွင့်အရေးဆုံးရှုံးပါမယ်။ ဒီအခွင့်အရေးက ၅ နှစ်နေမှ တကြိမ်သာရတဲ့အခွင့်အရေးပါ။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အမည်စာရင်းပေးထားသည့်မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာလ ၁၀ ၊ ၁၁ နှင့် ၁၃ ရက်နေ့တွင် မြန်မာကောင်စစ်၀န်ရုံးမှထုတ်ပြန်ထားသည့်စာရင်းအတိုင်း သက်ဆိုင်ရာ မြို့နယ်များ၏ မဲဆန္ဒရှင်များက ကြိုတင်မဲလာပေးရမည်ဖြစ်သည်။

မြန်မာကောင်စစ်၀န်ရုံးမှ ကြေညာထားသည့် မြို့နယ်အလိုက်မဲပေးရမည့်ရက်

ချင်းမိုင်-လမ်းပွန်းနယ်စပ်မှ လားရှိုး၊ မိုင်းကိုင် မြို့သားအလုပ်သမားများ လူအယောက် ၅၀ ခန့်စုပြီး    ကြိုတင်မဲ ပေးရန်အတူတူလာကြသည့်  မိုင်းကိုင်ဒေသခံ မဲဆန္ဒရှင်  နန်းစင်က – “၀မ်းသာမှုခံစားရပါတယ်ရှင့်။ ကျမအသက် ၄၀ ကျော်ပြီ။ ဘ၀မှ ပထမဆုံးလုပ်ခွင့်ရတဲ့ အခွင့်အရေးပါ။ ကျမ စာပေမတတ်ပေမယ့် ကျမတို့သျှမ်းပြည်နယ်အတွက် နိုင်ငံသားတယောက်ရဲ့ တာ၀န်ကျေချင်လို့မဲလာပေးတာပါ။ ထင်ထားသလောက်မခက်ပါဘူး။ စိတ်ထဲထင့်နေတဲ့အရာတခုကတော့ ကျမတို့ပေးတဲ့ဆန္ဒမဲထည့်တဲ့ စာအိပ်တွေက ကော်က သိပ်မကပ်လို့ပါဘဲ။ ကျမတို့တကူးတက မဲလာပေးထားတော့ ကျမတို့ဆန္ဒမဲ ကျပျောက်မှာကိုစိုးရိမ်နေကြတာ။ ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရစိုင်းလိတ်က – “အဲတာတော့ စိုးရိမ်စရာမရှိပါဘူး။ မပျောက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာမြို့ရဲ့ မဲရုံမှာ ကြိုတင်မဲထည့်ဖို့မဲဆန္ဒရှင်စာရင်းကရှိပြီးသားဘဲ။ မဲရေတွက်တဲ့အခါကျရင်ရှိထားတဲ့စရင်းနဲ့ ရလာတဲ့မဲပြားကို ပြန်တိုက်ကြည့်ရတယ်လေ။ ”- ဟုပြောဆိုသည်။

မဲမပေးမှီ မဲဆန္ဒရှင်များအား ကောင်စစ်၀န်ရုံးမှထုတ်ပြန်ထားသည့်စည်းကမ်းများ လိုက်နာရန် ၊ ဆောင်ရန်ရှောင်ရန်များကို စေတနာ့၀န်ထမ်းများက မဲရုံပြင်ပတွင် ရှင်းလင်းပြောပြနေစဉ်

ယနေ့မနက်ပိုင်း မဲလာပေးသည့် လားရှိုး မိုင်းကိုင်ဒေသခံ ၁၇၂ ဉီးရှိပြီး မွန်းလွဲပိုင်းတွင်မူ မိုင်းရှူး နမ့်စန် ကျေးသီးမြို့သားများ စုစုပေါင်း ၁၈၅ ဉီးက ကြိုတင်ဆန္ဒမဲလာပေးကြကြောင်းသိရသည်။

လမ်းပွန်းခရိုင်မှ ကြိုတင်မဲလာပေးသည့် မိုင်းနန်းမြို့သားများအဖွဲ့ကလည်း- မဲပေးရတာ လွယ်ကူအဆင်ပြေတယ်။ အနီးကပ်လာကြည့်ပြီး ဖိအားပေး တာမျိုးမရှိဘူး။ လွတ်လပ်မှုရှိပါတယ် – ဟုပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးသို့မဲလာပေးကြသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ

ချင်းမိုင်ကောင်စစ်၀န်ရုံးသို့မဲပေးရန်အမည်စာရင်းတင်သွင်းထားသည့်  မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ရှိပြီး ၄င်းတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း၊ မယ့်ဟောင့်ဆောင်၊ ချင်းမိုင်၊ ဖယောင်း ၊ နန့်၊ လမ်းပန်း၊ လမ်းပွန်း၊ ဖရယ့်၊ ဉတရတစ် ခရိုင်တို့မှ လာရောက်မဲပေးကြရမည့်သူများဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...