နောင်ချို ဆိပ်ဖူးကျေးရွာအုပ်စု ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် ဒေသခံများဝေဖန်မှု

ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေများစာရင်းတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ကိုဗစ်ဖြစ်ပွားမှုများမရှိသည့် နောင်ချိုမြို့နယ်ရှိ ဆိပ်ဖူးကျေးရွာအုပ်စုအံ့အားသင့်ဖွယ် ထည့်သွင်းထားမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာအုပ်စုသည် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်တည်ရှိခြင်းဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပခြင်းသည် တောခိုခိုင်းသည့်သဘောသက်ရောက်သည်ဟု ဒေသခံများက ယူဆလျက်ရှိကြောင်း ဆိပ်ဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလှမောင်က ပြောသည်။

“ကျွန်တော်တို့က ဒီမဲထည့်ဖို့ပဲဆန္ဒရှိတယ်။မဲထည့်ခွင့် မပေးဘူးဆိုရင် မဲစာရင်းရှင်တွေ တောပဲဝင်မယ်ဆိုအကြမ်းပဲဖြစ်မှာပေါ့။ ကောင်းလာမယ့်ပုံစံတော့ မရှိလောက်ဘူး ပိုဆိုးလာဖို့ပဲရှိမှာပေါ့။ ကျွန်တော်တို့မှာ ဘာအပြစ်ရှိလဲ တိုက်ပွဲဖြစ်တာလား။ ဝန်ထမ်းတွေနဲ့ပြဿနာရှိတာလား။ တစ်ခုမှမရှိဘူး။ ကိုဗစ်ပိုးတွေ့လူနာတောင်တစ်ယောက်မှမရှိဘူး အေးအေးချမ်းချမ်းနေကြတာပဲ” ဟု ဦးစံလှမောင်ကပြောသည်။

ဆိပ်ဖူးကျေးရွာအုပ်စုသည် ကျေးရွာအုပ်စု ခုနစ်အုပ်စုရှိပြီး နောင်ချိုမြို့နယ်နှင့် ၁၅ မိုင်ဝန်းကျင်လောက်သာဝေးသည့် ကျေးရွာအုပ်စု ဖြစ်ပြီးသဘာဝရေပးစမ်းများ၊ ရိုးရာဆေးရည်စိမ်သည့် အလေ့အထများကြောင့် လူသွားလူလာများသောနေရာဖြစ်သည်။

ရွေးကောက်ပွဲအတွက် ပါတီစုံ ဝင်ရောက်မဲဆွယ်စည်းရုံးခဲ့သည့်နေရာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာမရှိ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်းပြီးခဲ့သည့် အောင်တိုဘာ ၁၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆိုပါကျေးရွာကို ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့်အပေါ်နားမလည်ကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးကပြောသည်။

“တစ်ခြားနေရာတွေထက်စာရင် ကျွန်တော်တို့နောင်ချိုမှာ UEC ကနေပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုလုပ်ရဘူးဆိုတာတဲ့ ကျေးရွာအုပ်စုက တကယ်တမ်းပြောရရင် မြေပြင်အချက်အလက်နဲ့ သူတို့ထင်မြင်ထားတာနဲ့ ကွာဟပါတယ်။ နိုင်ငံသားတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးခြင်းခံရတာပါ ငါးနှစ်မှတစ်ကြိမ်ကျင်းပတဲ့ ရွေးကောက်ကာလမှာ သူတို့စိတ်နှလုံးသားနဲ့ သူတို့ရဲ့ယုံကြည်ရတဲ့ သူကိုရွေးချယ်ပိုင်ခွင့် အာဏာတွေကို မတရားနိုင်ထက်စီးနင်းလုပ်ခံရတယ်လို့ပဲမြင် ပါတယ်” ဟု ဦးအောင်ကျော်မိုးကပြောသည် ။

ထို့ကြောင့် UEC အနေဖြင့်ဆိပ်ဖူးကျေးရွာ အုပ်စုတစ်စုလုံး မဲပေးနိုင်ရေးအတွက်ပြန်လည် သုံးသပ်စေချင်ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ သျှမ်းပြည်အတွင်း ဒေသတစ်ချို့တွင် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့်အပေါ် ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။

“၂၀၁၅ တုန်းကလဲ ကန့်သတ်ဧရိယာတွေ ရှိခဲ့ပါတယ်။ ကျေးသီး၊ မိုင်းရှူး မပါပါဘူး။ ကြားဖြတ်အနေနဲ့ တည်ငြိမ်သွားမှပဲ ကျင်းပပေးတာရှိပါတယ်။ တည်ငြိမ်သွားတဲ့အခါ ကြားဖြတ်လုပ်လို့ရတာပဲလေ။ နောက်ပြီးအစိုးရက မကျင်းပခိုင်းတာမဟုတ်ဘူးလေ။ ကော်မရှင်အနေနဲ့ လွတ်လွတ်လပ်လပ်သွားတာကို ကော်မရှင်ရဲ့သဘောထားဖြစ်တယ် ” ဟု ဝန်ကြီးဦးစိုးညွန့်လွင်ကပြောသည်။

သျှမ်းပြည်တွင် မီဒီယာများတွေ့ဆုံပွဲကိုအောက်တိုဘာ ၁၉ ရက်ကပြုလုပ်ရာ၌ သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏အောက်တိုဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ ရှမ်းပြည်တွင် ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခြင်းမရှိသည့်မြို့နယ် ခြောက်မြို့နယ်ရှိပြီး ၎င်းတို့မှာ မိုင်းလားမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်တို့ဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ် ကုန်ကြမ်းမြို့နယ်နှင့် ဟိုပန်မြို့နယ် စုစုပေါင်း ၁၇ မြို့နယ်မှ ရပ်ကွက်ရှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...