ကြိုတင်မဲပုံးလုံခြုံရေးရဲချထားသော်လည်း မည်သည့်အရာမှ ရာနှုန်းပြည့်စိတ်ချရသည်မရှိ သျှမ်းရွေး/ကော်ပြော

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးကို ကော်မရှင်အဖွဲ့ခွဲရုံးတွင် လုံခြုံရေးရဲဖြင့် ထားသော်လည်း ရာနှုန်းပြည့် စိတ်မချရမှု မရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈နာရီ မှ ညနေ ၆နာရီထိ အသက် ၆၀နှစ် အထက် သက်ကြီးရွယ်အိုများသည် နိုဝင်ဘာ ၈ရက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးနေရပြီဖြစ်သည်။

ထို့ကြောင့် ကြိုတင်မဲပုံးများကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွင် သာ ထားရှိပြီး၊ သတ်မှတ်ထားသည့် လုံခြုံရေးရဲ များရှိသော်လည်း ရာနှုန်းပြည့် စိတ်ချရသည်အရာ မရှိကြောင်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သတ်မှတ်ထားတဲ့ လုံခြုံရေး ရဲတွေတော့ ရှိပါတယ်။ စိတ်ချရလား ဆိုတာကတော့ ရာနှုန်းပြည့် စိတ်ချရတယ်ဆိုတာ ဘယ်ဟာမှ မရှိဘူး။ ဖြစ်သွားလို့ ဘယ်တတ်နိုင်မလဲ မဖြစ်သွားအောင်လို့တော့ ထားရတာပေါ့။ စိတ်ချရတယ်ဆိုတာကတော့ ဘယ်အရာမှ မရှိပါဘူး။ ကိုယ့်ကိုယ်က တောင်အစိုးမရတာ။ အနာဂတ်ဆိုတာ တွေးနေလို့မရတာ။ လုပ်စရာရှိတာတော့ လုပ်ထားပြီးပြီ ” ဟု ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်နေပါသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်မဲပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း ကြိုတင်မဲသည် အလိမ်အညာဖြစ်မည်ကို စိုးရိမ်သဖြင့် တောင်ကြီးမြို့မှ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများက မဲမပေးချင်ကြကြောင်း သိရသည်။

“ကြိုတင်မဲ ဆိုတာ က နာမည်ဆိုးနဲ့ ရှိနေတော့ ပေးရင် မှန်ကန်မှုရှိမလား။ နောက် ကြိုတင်မဲကို စိတ်ချတဲ့နေရာမှာ ထားမှာလား။ ညကျရင် ကိုယ့်မဲကို လာပြီးတော့ လှဲသွားမှာဆိုတဲ့ အတွေးတွေရှိတယ်။ ဒါ့ကြောင့် အခုထိ ကြိုတင်မဲ မပေးသေးတာပါ” ဟု သျှမ်းပြည် မြောက်ပိုင်း လားရှိုးတွင် နေထိုင်သည့် အသက် ၆၇ နှစ် အရွယ် ပါ့မြရင် က ပြောသည်။

ကြိုတင်မဲ နှင့် ပတ်သက်ပြီး များသောအားဖြင့် စိုးရိမ်ပူပန်မှုကြားက ကြိုတင်မဲကို ပေးနေရသူများလည်း ရှိကြောင်း သိရသည်။

သို့သော် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးမည့် မဲဆန္ဒရှင် (၂၀၀၀) ကျော်ရှိပြီး၊ ကြိုတင်မဲထားသည့်နေရာ လုံခြုံမှု ရှိကာ စိတ်မပူရကြောင်းလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ပါတီ မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင်က သျှမးသံတော်ဆင့်ကို ပြောသည်။

“မဲပုံးကတော့ လုံခြုံပါတယ်။ တစ်ချို့နေရာ ကော်မရှင်ရုံးမှာထားတယ်။ တစ်ချို့ကျတော့လည်း ကော်မရှင် ဥက္ကဋ္ဌ အိမ်မှာ ထားပါတယ်။ ခွဲထားပါတယ်။ မဲပုံးတွေကတော့ လုံခြုံမှု ရှိပါတယ်။ ဘာမှ စိတ်မပူရပါဘူး” ဟု စိုင်းကျော်ခိုင် က ပြောသည်။

ယမန်နေ့ မိုင်းပန်မြို့နယ်မှာ ကြိုတင်မဲ လာပေးသည့် မဲဆန္ဒရှင် လေးပုံ တစ်ပုံ သာရှိပြီး ကျေးရွာတွေမှာလည်း ကြိုတင်မဲပေးခြင်း နှင့် ပတ်သက်ပြီး စိုးရိမ်မှု မရှိကြောင်း ပြောသည်။

“ကျနော် လိုက်ကြည့်တာတော့ ရွာတိုင်းအဆင်ပြေပါတယ်။ ကြိုတင်မဲရဲ့ အတိုင်းအတာအရဆိုရင်တော့ တရားမျှတမှုရှိပါတယ်။ မဲပုံးသိမ်းတာလည်း လုံလုံခြုံခြုံလေး ရှိပါတယ်။ မဲပုံးများတဲ့ မဲရုံတွေမှာလည်း အစောင့်တွေ ချထားပါတယ်။” ဟု စိုင်းကျော်ခိုင် ကပြောသည်။

ထို့အပြင် မဲစာရင်း ၂ ကြိမ် တိုင်တိုင် ကြေညာရာမှာလည်း တစ်ချို့ မဲဆန္ဒရှင်များ မိမိ မဲစာရင်းကို သွားရောက် ကြည်ရှုခြင်း မရှိသည့်အတွက် ကြိုတင်မဲ ထည့်သည့်နေရာတွင် အခက်ခဲများ ကြုံတွေ့ရကြောင်း မဲရုံစောင့်များက ပြောဆိုကြသည်။

“ဒီနေ့ ကြုံတွေ့ရတဲ့ အခက်က အသက် ၆၀ အထက် ကြိုတင်မဲပေးတဲ့ နေရာမှာ မဲဆန္ဒရှင်စာရင်း ကြေညာချိန်မှာ မိမိစာရင်းကို သွားမကြည့်တဲ့အတွက် နောက်ဆက်တွဲ ပြဿနာက နာမည်စာရင်း ပြန်ရှာရပြီး အချိန်ကြာမှုတွေ ဖြစ်ခဲ့တယ်။ အချိန်ကြာသွားရင် နောက်လူအတွက်လည်း အချိန်ကြန့်ကြာမှုတွေ ဖြစ်တယ်။ မဲဆန္ဒရှင် တစ်ဦးဟာ မဲပေးတဲ့နေရာမှာ ၁၀ မိနစ် အချိန်ရပါတယ်။ စာအိတ်ထဲပါ ထည့်ရရင် တစ်ရက်ကို ကျနော်တို့ ဘယ်လောက်ထည့်နိုင်မလဲဆိုတာ ရေတွက်လို့ရပါတယ်” ပင်လုံမြို့ အတွင်းရှိ မဲရုံစောင့် အမျိုးသး တဦး ကပြောသည်။

ကြိုတင်မဲပေးရာမှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စည်းကမ်းချက်အတိုင်း လက်ဆေးခြင်း ၊Mask တပ်ဆင်ခြင်း နှင့် လူစုလူဝေး မဖြစ်အောင် စီစဉ်ရကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုကြသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် ၈ ရက်သာ ကျန်တော့ကြောင်း ၊ ရွေးကောက်ပွဲရက်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လူ ၃၀ ဦးထက် ပိုမို စုဝေးခြင်း ကို ခွင့်ပြုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...