မိုင်းကိုင်မြို့နယ်နှင့် သျှမ်းမြောက် နေရာတချို့ရွေးကောက်ပွဲ ပြန်ကျင်းပခွင့်ရရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကျင်းပရေး ပယ်ဖျက်ခံထားရသည့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့် ရရှိရေး အလားအလာကောင်းကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ စုံစမ်းသိရှိရသည်။

သျှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ဖျက်သိမ်းခံထားရသည့် မြို့နယ်များအနက် ပြန်လည်ကျင်းပနိုင်ရေး အလားအလာကောင်းသည့် မြို့နယ်များမှာ မိုင်းကိုင်မြို့နယ် ၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စု နှင့် မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက် တို့ဖြစ်ကြောင်း သိရသည်။

ထိုနေရာများ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ပြန်လည်စိစစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အမြန်ဆုံး တင်ပြသွားရန်ရှိကြောင်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အဲ့နေရာတွေကို လုပ်နိုင်ခြင်း ရှိ၊ မရှိ စိစစ်ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ချက်ချင်းတင်နိုင်ဖို့အတွက် လုပ်နေပါတယ်။ ပြန်ရနိုင်ဖို့ အလားအလာကောင်းပါတယ်” ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တစ်ခုလုံးသည် နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် ဒေသဖြစ်သည့်အတွက် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုလျှင် မဲဆန္ဒရှင် ပြည်သူ စုစုပေါင်း (၅၆,၀၀၀) ကျော် မဲပေးနိုင်သည့် အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သိရသည်။

ထို့အတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် မိုင်းကိုင်မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများက စုပေါင်းပြီး ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသကဲ့သို့ ဒေသခံများထံ ဆန္ဒသဘောထား လက်မှတ်များ ကောက်ယူကာ ထပ်မံ တင်ပြတောင်းဆိုသွားမည်ဟုလည်း SNLD သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ကစိုင်းထွန်းအေးကလည်း သတင်းမီဒီယာများတွင်ဖြေကြားထားသည်ကို တွေ့ရသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကျနော်တို့ကို ဖုန်းမက်စေ့နဲ့ တချို့နေရာတွေမှာ ပြန်ပြီးတော့မှ လုပ်လို့ရတယ်ဆိုပြီးပြောလာတယ်။ ကျနော်တို့ တာဝန်ယူတဲ့နေရာမှာ ပြန်ပြင်ပေးဖို့ စိစစ်ပြီးတော့ ပြန်တင်ပေးဖို့ လုပ်နေပါတယ်။ အမြန်လုပ်ရမယ်။ ကြာလို့တော့ မရဘူး။ ရွေးကောက်ပွဲ ရပ်မသွားအောင်လို့”ဟု ဦးထင်ကျော် ကပြောသည်။

အောက်တိုဘာ (၁၆) ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် သျှမ်းပြည်တွင်း ရွေးကောက်ပွဲ ကျင်းပခွင့် မပြုသည့် နယ်မြေများမှာ နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် ဒေသလည်း ပါဝင်နေပါသည်။

“ဘယ်လိုဖြစ်ဖြစ် ဒါက မဖြစ်သင့်တဲ့ ကိစ္စ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ တောင်းဆိုတယ်။ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ပြန်လည်ဖော်ဆောင်ပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ UEC ရဲ့ ဆုံးဖြတ်ချက်ကတော့ ပြန်လည်ပြင်ဆင်ပေးဖို့ ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုတယ်” ဟု မိုင်းကိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲ မဆောင်ရွက်နိုင်သည့် စာရင်းတွင် ပါနေခြင်းသည် မဖြစ်သင့် ကိစ္စဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးကို ဆုံးရှုံးကြောင်း စိုင်းဆိုင်မိုင်း က ပြောသည်။

“ မူဆယ်တော်ရွက် ရပ်ကွက်က ဘာမှ မဖြစ်တဲ့နေရာ။ ပြဿနာမဖြစ်တဲ့နေရာ။ ဒါကို ရွေးကောက်ပွဲ မကျင်းပတဲ့နေရာထဲပါလာတာ မဖြစ်သင့်ဘူး။ ရွေးကောက်ပွဲကော်မရှင် သေချာ အလုပ်မလုပ်ဘူး ဆိုတာ ပြတာပဲ” ဟု မူဆယ် တော်ရွက် ရပ်ကွက်တွင်နေထိုင်သည် စိုင်းယီက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့် မြို့နယ်များမှာ မိုင်းလားမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ် တို့မှ မြို့နယ် တစ်ခုလုံး ဖြစ်ကြောင်း အောက်တိုဘာ (၁၆) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကျောက်မဲမြို့နယ် ၊ နောင်ချိုမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ ကုန်ကြမ်းမြို့နယ် နှင့် ဟိုပန်မြို့နယ် တို့မှ ကျေးရွာအုပ်စု များစွာ ကျင်းပခွင့် မပြုကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကျင်းပဖို့ရုပ်သိမ်းပယ်ဖျက်ကြောင်းကြေညာသော နယ်မြေများမှာ သျှမ်းပြည်နယ်တွင် (၂၀၀၈ ဖွဲ့စည်းပုံအရပေးထားသော) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် မိုင်းရှုးမြို့နယ်၊ မိုင်းနောင်မြို့နယ် နှင့် ကျေးသီးမြို့နယ် ၃ မြို့နယ်နှင့် တန့်ယန်းမြို့တွင် ၁ နေရာ ပါဝင်ခဲ့သည်။

.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...