လူထုရဲ့ပြဿနာ ဆက်လက်ဖြေရှင်းဖို့ ရွှံနွံကြားက မဲဆွယ်နေတဲ့ ပင်လုံမြေက နန်းမြထွေး

မိုးရာသီရောက်တိုင်း တောင်ပေါ် မြေနီလမ်းဟာ ရွှံ့နွံထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပါတယ်။

ရွှံ့နွံထူထပ်တဲ့လမ်းမှာ ဖိနပ်ချွတ် ၊ ထဘီ ကို ဒူးခေါင်းလောက်အထိ မ တင် ပြီး မဲဆန္ဒရှင်လူထုဆီကို ခက်ခက်ခဲခဲ အရောက်သွားနေသူကတော့ နန်းမြထွေးပါပဲ။

နန်းမြထွေး ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) ပါတီကို ကိုယ်စားပြုပြီး ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတဦးဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း အဲဒီနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိတဲ့ သူတဦးလည်း ဖြစ်ခဲ့ပါတယ်။

လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းမှာ လုပ်ငန်းဆောင်တာတွေဆောင်ရွက်ခဲ့ရတာ အားရကျေနပ်မှု မရှိခဲ့သေးကြောင်း၊ မပြီးပြတ်သေးတဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ဆောင်ရွက်လိုတာကြောင့် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း နန်းမြထွေး က ပြောပါတယ်။

“ ကျမ အနေနဲ့မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကို ပြန်လည်ဆောင်ရွက်ချင်တဲ့အတွက် ပြန်ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်” လို့ နန်းမြထွေး က ဆိုပါတယ်။

မိသားစုဝင်တွေရဲ့ အားပေး ထောက်ပံ့မှု ကူညီမှု တွေတာ မပါခဲ့ရင် သူမလည်း နိုင်ငံရေးလောကထဲမှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာမဟုတ်ကြောင်း ၊ အခုလိုလည်းဘဲ လွှတ်တော်ကိုယ်စားလှယ်နောက်တကြိမ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ကြောင်းလည်း နန်းမြထွေး က ပြောပါတယ်။

လွှတ်တော်သက်တမ်းတလျှောက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ကိစ္စကို မလစ်ဟင်းအောင် ကူညီဆောင်ရွက်ပေး နိုင်တာကလည်း မိသားစုဝင်တွေကြောင့်ပါလို့ သူမက ဆိုပြန်ပါတယ်။


သူမ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ တိုင်းရင်းသားမျိုးစုံ ပါဝင်နေထိုင်ကြပြီး တောင်ပေါ်ဒေသ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်ဒေသ ၊ အဖက်ဖက်က ဖွံ့ဖြိုးမှု အားနည်းတဲ့အရပ်ဒေသတခု ဖြစ်နေပါတယ်။

လက်ရှိမှာ မြန်မာတဝှမ်းလုံးကိုဗစ်-၁၉ ကူးစက်မှုနှုန်းတနေ့ထက် တနေ့မြင့်တက်လာပြီး၊ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကော်မတီမှ ရွေးကောက်ပွဲ ထုတ်ပြန်ချက်ဟာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် အဟန့်အတားဖြစ်နေပါတယ်။

အခုလည်း မဲဆွယ်စည်းရုံးရေးအတွက် တိုတောင်းတဲ့ကာလမှာ ကိုဗစ်-၁၉ ကူးစက်မှုကလည်း တနေ့ထက်တနေ့ မြင့်မားလာနေတဲ့အတွက် သူမအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်ဟာ အရင်တကြိမ်ကထက် အဆပေါင်းများစွာ ခက်ခဲပင်ပန်းနေတယ်လို့ သူမက နွမ်းလျသံနဲ့ ပြောပြပါတယ်။

“ ကျမတို့ အားခဲထားတာက တနေရာမှာ လူတွေအများကြီးစု ပြီးတော့မှ ဟောပြောပွဲတွေလုပ်မယ်။ ဒါမယ့် ကိုဗစ် ၁၉ ကြောင့် ကျန်းမားရေးက ထုတ်ထားတဲ့စည်းကမ်းချက်အရ လူစုလူဝေးလုပ်လို့မရဘူးဆိုတော့ ကျမတို့ အခက်ခဲ တွေ့နေရတယ်” လို့ နန်းမြထွေး က ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ဘုန်းကြီးကျောင်းတွေ အစိုးရပိုင် အဆောက်အအုံ တွေမှာ ဟောပြောပွဲ ကျင်းပခွင့် မပြုပါဘူး။

ဒါ့ကြောင့် နန်းမြထွေး တို့ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေ ဟာ ကျေးရွာပြည်သူတွေကို အေးမြတဲ့အရိပ်ရ ပင်အောက် ကိုခေါ်ယူပြီး စည်းရုံဟောပြောနေချိန် အစိုးမရတဲ့ သဘာ၀ မိုးကြောင့် ရွှဲရွှဲစိုစိုနဲ့ ဟောပြောမှု တွေ ဆက်တိုက်လုပ်ရတဲ့ ရက်တွေလည်း ရေတွက်လို့မရတော့ပါဘူး။

“ မိုးရေစိုခံရပြီး ဟောရတယ်။ နေမကောင်းတာတွေလည်းရှိပေမယ့် မဲဆွယ်စည်းရုံးရေးကတော့ ဆက်လုပ်နေရတာပဲလေ” လို့ နန်းမြထွေး က ပြောပါတယ်။

နန်းမြထွေး ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာဟာ မြေယာပြဿနာ၊ လမ်းပန်းဆက်သွယ်ရေးပြဿနာ၊ ဆေးရုံဆေးပေးခန်း မလုံလောက်မှုတွေ ရှိတဲ့နေရာ၊ တရားမျှတမှု ကင်းဝေးနေသေးတဲ့ ဒေသတခုဖြစ်ပါတယ်။

ပြည်သူလူထု အများဆုံးတင်ပြလာတဲ့ ပြဿနာ ကတော့ မြေလွတ်၊ မြေရိုင်း ပြဿနာပဲ လို့နန်းမြထွေးက ပြောပြပါတယ်။

သျှမ်းပြည်သူတွေ ဘိုးစဉ်ဘောင်ဆက် မြေယာ လုပ်ကိုင် စိုက်ပျိုးစားသောက်လာခဲ့ကြတာ နှစ်ပေါင်းများစွာရှိခဲ့ပြီး၊ အဲဒီမြေယာတွေဟာ မြေယာပိုင် ပုံစံ (၇) မရှိထားတဲ့အတွက် အဖွဲ့အစည်းကျောထောက်နောက်ခံပြုထားတဲ့သူတွေက ပုံစံ(၇) လျှောက်ပြီး လာရောက်ကျူးကျော် စိုက်ပျိုးလုပ်ကိုင်စားသောက်နေတာတွေလည်းရှိနေတာကြောင့် ဒေသခံ ပြည်သူတွေ နစ်နာဆုံးရှုံးကြရကြောင်း နန်းမြထွေး ကရှင်းပြပါတယ်။

ဒါ့ကြောင့် တချို့သော ဥပဒေ တွေဟာ ပြည်သူဘက် မရပ်တည်တဲ့ ဥပဒေ ဖြစ်နေသေးတဲ့အတွက် လွှတ်တော်အမတ်ထပ်ဖြစ်ခဲ့ရင် နန်းမြထွေးအနေနဲ့ သက်ဆိုင်ရာဌာနနဲ့ ပူးပေါင်း ညှိနှိုင်းပြီး ပြည်သူလူထုပိုင် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမယ့်ဥပဒေဖြစ်လာအောင် လွှတ်တော်ကနေ ပြင်ဆင်ဆောင်ရွက် သွားမယ်လို့လည်း သူမက ပြောပါတယ်။

ဒါ့ကြောင့် မဲဆန္ဒရှင်တွေရဲ့ အခက်အခဲတွေကို လွှတ်တော်ထဲကနေပြီး ဆက်လက် ဖြေရှင်းသွားချင်တဲ့ ဆန္ဒကြောင့် ရတဲ့အချိန်လေးကို တန်ဖိုးထားပြီး မိုးမရှောင် နေမရှောင် ၊ ရွှံနွံကိုလည်းမမှုအားတော့ဘဲ နေ့နေ့၊ညည မဲဆန္ဒရှင်တွေဆီကို အရောက်လှမ်းပြီး မဲဆွယ်နေတာဖြစ်ကြောင်း၊ နိုဝင်ဘာ ၈ ရက်ကျရင် ကျားခေါင်းပါတီ ကိုယ်စားပြုတဲ့ သူမကို မဲပေးဖို့ မမေ့ကြဖို့တိုက်တွန်းလိုကြောင်းလည်း နန်းမြထွေး က ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...