Wednesday, January 28, 2026

ရွာငံမြို့နယ်

ပင်းတယ လယ်ပြင်ရွာ စကစ မှ ရမ်းသမ်းပစ် အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ လယ်ပြင်ရွာတွင် ယနေ့ (ဇွန် ၂၉ ရက်) မနက်ပိုင်း (၁၀) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး၊ ထိုထဲတွင် အမျိုးသား (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။ ပင်းတယမြို့...

ရွာငံမြို့နယ် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများ သစ် နှင့် သတ္တုခိုးထုတ်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများသည် သစ် နှင့် သတ္တုများ ခိုးထုတ်နေကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စု၊ လေးရွာကျေးရွာအတွင်းရှိ ပြည်သူများ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကန့်သတ် သစ်တောကြိုးဝိုင်းမှ သစ်များကို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး နှင့် PNO တပ်ဖွဲ့တို့မှ...

ရွာငံမြို့နယ်အတွင်း ပြည်သူများကို PDF အကြောင်းပြပြီး စစ်ကောင်စီဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများကို PDF တပ်ဖွဲ့နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီတို့မှ နေအိမ်များ ဖျက်ဆီးပြီး၊ ပြည်သူတချို့ကိုလည်း ဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာရှိ နေအိမ် (၁) လုံး နှင့် ကျောက်ငှက်ကျေးရွာရှိ နေအိမ် (၆)လုံး၊ ကား...

နေရပ်ပြန်သည့် ရွာငံစစ်ရှောင်တချို့ အဆက်အသွယ်မရ ပျောက်ဆုံးနေမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ နေရပ်ပြန် စစ်ရှောင်ပြည်သူတချို့ တပတ်ကြာသည့်အထိ အဆက်အသွယ်မရ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတို့၏ စစ်ဆင်ရေးအကြမ်းဖက်မှုများကြောင့် နေအိမ်များကိုစွန့်ခွာပြီး နီးစပ်သည့် မြို့ရွာများနှင့် တောတောင်များအထိ စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှာင်များအနက် စားနပ်ရိက္ခာ ယူရန် နှင့် အခြေအနေသိရှိရန် နေရပ်ပြန်သူများသည် အဆက်အသွယ်မရပဲ...

ရွာငံမြို့နယ် ပြည်သူ နေအိမ်တစ်လုံး မီးထပ်မံရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာရှိ အရပ်သားပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းသိရသည်။ယမန်နေ့ (မေလ ၁၆ ) ရက် ည ၁၀ နာရီဝန်းကျင်တွင် ရွာငံမြို့မှ လယ်ကိုင်းကျေးရွာတွင် ရှိသည့်  ဦးမောင်ဌေး ၏ နှစ်ထပ်တိုက်နေအိမ်ကို စစ်ကောင်စီတပ်သားတို့မှ လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း...

ရွာငံမြို့နယ် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း SHRF ကထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ဖေဖော်ဝါရီ မှ ဧပြီလအထိ စစ်ကောင်စီမှ ပြည်သူ ၁၀ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်ခဲ့သည်။ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ ပြည်သူ (၁၀) ဦးကိုသတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ် (၁၃) လုံးကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံ...

ရွာငံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိန်းကျေးရွာတွင် အမျိုးသမီး ၄ ယောက် အပါအဝင် စုစုပေါင်း ဒေသခံ ၃၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ်...

စိတ်ဒဏ်ရာ

“ဒေသကာကွယ်ရေးတပ် PDF ဟု စွပ်စွဲကာ ဧပြီလ ၁၉ ရက်နေ့က ပဲရင်းတောင်ကျေးရွာသား ဓနုလူမျိုး ၉ ဦးကို စစ်တပ်က အကြမ်းဖက် ညှဉ်းပန်း သတ်ဖြတ်” လေပြီ။ တခါတရံ ထွက်ပေါ်လာသည့် ကားနှင့် ဆိုင်ကယ်သံမှ အပ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။...

ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် ပဲရင်းတောင်ကျေးရွာမှ ရွာသား ၆ ဦးကို ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက...

ရွာငံမြို့နယ် စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများရှိ ဒေသခံများ တိမ်းရှောင်နေရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ အင်အား အဆက်မပြတ် ဖြည့်တင်းမှုများရှိနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နေ့ခင်းပိုင်းတွင် နဘန်းကြီးကျေးရွာအတွင်းမှ PDF စခန်းတစ်ခုကို စစ်ကောင်စီတို့ တွေ့ရှိပြီး တိုက်ခိုက်နှိမ်နင်းခဲ့ရာမှ စတင်ကာ ယနေ့အချိန်အထိ စစ်အင်အားဖြည့်တင်းမှုများ...

Latest news