ပင်းတယ လယ်ပြင်ရွာ စကစ မှ ရမ်းသမ်းပစ် အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ လယ်ပြင်ရွာတွင် ယနေ့ (ဇွန် ၂၉ ရက်) မနက်ပိုင်း (၁၀) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး၊ ထိုထဲတွင် အမျိုးသား (၂) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

ပင်းတယမြို့ လယ်ပြင်ရွာတွင် စစ်ကောင်စီ မှ အကြောင်းမရှိ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၄) ဦး ဒဏ်ရာရရှိကာ ထိုထဲမှ အသက်ကြီးသည့် အမျိုးသား (၁) ဦးသည် ဦးခေါင်းဒဏ်ရာရရှိပြီး၊ လူငယ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ် ပို့ဆောင်နေရကြောင်း သိရှိရသည်။

စစ်ကောင်စီမှ တစ်ဖက်သတ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ၎င်းအနီးရှိ စာသင်ကျောင်းများလည်း ပိတ်လိုက်ရကြောင်း၊ ပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့

“သူတို့ ဒီမြို့အဝင်က လယ်ပြင်ရွာမှာ ရမ်းသမ်းပစ်ခတ်တာ၊ သူတို့ ဘာကိုခြောက်လန့်ပြီး ပစ်လိုက်တာလည်းတော့ မသိဘူး၊ အဲ့နားရှိတဲ့ စာသင်တဲ့ ကလေးတွေလည်း လန့်ပြီး ကျောင်းတွေပိတ်လိုက်ရတယ်“ ဟု လယ်ပြင်ကျေးရွာမှ ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်ပြီးနောက် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်လာပြီး ပြန်လည်ပစ်လိုက်သည့်အတွက် စစ်ကောင်စီတပ်သားဘက်မှ (၁) ဦး သေဆုံး၊(၁) ဦး ဒဏ်ရာ ပြင်းထန်ကာ အောင်ပန်းဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ထို့ပြင် ပင်းတယ – ရွာငံ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တပ်ဖွဲ့မှ ထိုတောင်ပေါ်ကြီးလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီ ယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ အလျင်သင့်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ဇွန် (၂၉) ရက်တွင် အရေးပေါ်ကြေညာထားကြောင်း သတင်းသိရသည်။

စစ်ကောင်စီတပ်သားတို့သည် ရွာငံမြို့နယ်အတွင်း PDF များ လှုပ်ရှားနေသည်ဟု ထင်မြင်ယူဆသည့် နေရာများကို အင်အားဖြန့်ကျက်ထားခြင်း၊ ကင်းပုန်းချထားခြင်း နှင့် ဒလန်သတင်းပေးမှုကြောင့် ရွာသားများကို သံသယမှု နှင့် ဖမ်းဆီးရိုက်နက် သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...