ရွာငံမြို့နယ် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများ သစ် နှင့် သတ္တုခိုးထုတ်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများသည် သစ် နှင့် သတ္တုများ ခိုးထုတ်နေကြောင်း သတင်းသိရသည်။

ရွာငံမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စု၊ လေးရွာကျေးရွာအတွင်းရှိ ပြည်သူများ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကန့်သတ် သစ်တောကြိုးဝိုင်းမှ သစ်များကို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး နှင့် PNO တပ်ဖွဲ့တို့မှ ခိုးထုတ် မှုများရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။

သစ်တောများ ခိုးထုတ်သည့် နေရာ

“ညဘက်ရောက်မှ သစ်ကို ဖြတ်၊ ခိုးထုတ်တာ လုပ်တယ်၊ တခါတလေတော့ လက်နက်တွေကိုင်ပြီး ကြိုးဝိုင်းထဲလာတယ်။ နှစ်ရက်၊သုံးရက်လောက်နေရာယူထားတာ၊ သေသွားတဲ့ ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့် တပည့်နဲ့ PNO/PNA တွေပေါင်းပြီးလုပ်နေပါတယ်” ဟု ရွာငံမြို့နယ်မှ အသက် ၃၀ အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့အပြင် သစ်ခိုးထုတ်သူများသည် ဖြတ်စက်များအပြင် လက်သုံးလွှများ၊ သေနတ်များ နှင့် ဓားများကိုလည်း ကိုင်ဆောင်လေ့ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

လေးရွာမြို့နယ်မှ သစ်တောကြိုးဝိုင်းအပြင် ရွာငံမြို့နှင့် ပင်းတယမြို့ ကြားရှိ ကန့်သတ်သစ်တောကြိုးဝိုင်း တချို့မှာလည်း ပျူစောထီး နှင့် PNO/PNA များ သစ်ခိုးထုတ်နေမှုများ ရှိနေကြောင်းလည်း ဖြစ်စဥ်များကို သိရှိသူ အမည်မဖော်လိုသူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး ကန့်သတ်သစ်တော တော်တော်များများမှာ သစ်ခိုးထုတ်မှုတွေ ရှိနေပါတယ်၊ ရွာငံမြို့နယ်နဲ့ ပင်းတယကြားမှာလည်း သစ်ခိုးထုတ်မှုတွေ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရွာငံမြို့ မြောက်ပိုင်းရှိ ယုန်တောင်ဘက်တွင်လည်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များက သတ္တုခိုးထုတ်ယူမှု ရှိနေကြောင်း သိရသည်။

“ယုန်တောင်ဘက်မှာ ခဲမဖြူတွေ ခိုးထုတ်နေပါတယ်၊ မြို့ပြင်ဘက်လည်းရောက်တယ်၊ စစ်ကောင်စီစစ်ဆေးရေး ဂိတ်လည်း ရှိနေတော့ပြည်သူတွေ PDF တွေ မရောက်တာကို အခွင့်ကောင်းယူပြီး သတ္တုတွေ ထုတ်နေတယ်” ဟု အထက်ပါ အမည်မဖော်လိုသူက ဆက်ပြောထားသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံများ ပူးပေါင်းခိုးထုတ်နေသည့် သစ်နှင့် သတ္တုများကို အောင်ပန်းဘက်သို့ သယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းမှု မဖြစ်ခင်တွင် ရွာငံမြို့နယ်အတွင်း၌ တရားမဝင် တူးဖော်နေသည့် သတ္တုတွင်း ကုမ္ပဏီ ၅ ခု ထပ်မနည်း ရှိကြောင်း နှင့် လက်ရှိအာဏာသိမ်းပြီးနောက်ပိုင်း အရေအတွက် ပိုမိုများပြားလာနိုင်ကြောင်းလည်း ဒေသခံများက ဝေဖန်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...