ရေကြီးမှု
မိုးနဲ ရေကြီ’ စပါးခင်း ဧက ၆ထောင် ထက်မနည်းပျက်စီး
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် (ဩဂုတ်လ ၁၆ ရက်) နေ့မှ စပြီး ရေမြင့်တက်ကာ စပါးခင်း ဧက ၆ထောင) ထက်မနည်းပျက်စီးသွားကြောင်းသတင်းရရှိသည်။ မိုးနဲမြို့နယ်တွင် စပါးခင်း ဧက (၉ထောင်) စိုက်ပျိုးကြပြီး ဩဂုတ်လ ၁၄ ရက်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးနဲမြို့ပြင်ရှိ နမ့်ဆလိုင်နှင့်...
တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက် ဒုတိယအကြိမ် ရေကြီး၊ရေလျှံဖြစ်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်ခဲ့ပြီး ဒုတိယအကြိမ် ရေကြီးရေလျှံမှုကြုံတွေ့နေရကြောင်း သိရသည်။ ယမန်နေ့ ( သြဂုတ်လ ၁၃) ရက် ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တာချီလိတ်မြို့ မယ်ဆိုင်ချောင်းသည် ရေမြင့်တက်လာပြီး မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (ခ)...
ရွာငံ-အောင်ပန်း လမ်းပေါ် ရေကြီးမှုဖြစ်၊ ခရီးသွားကားများစွာ ပိတ်မိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ ရွာငံ-အောင်ပန်း လမ်းပေါ် ရေကြီးမှုကြောင့် ခရီးသွားများနှင့် ဒေသခံ ပြည်သူများ သွားလာရန်ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ်လ ၁၂) ရက်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရေတက်ရခြင်းဖြစ်ပြီး ရေစီးသန်သောကြောင့် လမ်းဖြတ်ကူးရန် ခက်ခဲနေသဖြင့် ပိတ်မိနေကြသည်။ " ဒီနေ့မှဖြစ်ဖူးတာ။ရေကြီးတာဆို တခါမှမကြားဖူးဘူး။ မိုးကလည်း...
ပင်လောင်းမြို့ မကြုံစဖူး ရေကြီးမှု ဖြစ်ပေါ်
သျှမ်းပြည် ပင်လောင်းမြို့တွင် ၂ ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြုံစဖူး ရေကြီး၊ ရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်အတွင်း နှစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းလာပြီး ဇူလိုင် ၃၀ ရက်မှ စတင်ကာ မထင်မှတ်ထားသည့် တောင်ကျရေကြောင့် မင်္ဂလာရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ အနောက်ရပ်ကွက်ရှိ နေအိမ်များထဲသို့...
ဟိုပုံးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အတွင်းထိ ရေများဝင်
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမဘေးရှိ နေအိမ်ထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်တောင်း ပရဟိတကျောင်း သွားလမ်းဘေးရှိ နေအိမ်၌ ရေနုတ်မြောင်း မရှိသဖြင့် နေအိမ်၏ အောက်ထပ်အတွင်းသို့ ရေများစီးဝင်နေကြောင်း...
တန့်ယန်းမြို့ရပ်ကွက် အချို့ ရေကြီးရေလျှံဖြစ်ပွား
SHAN -
သျှမ်းမြောက် တန့်ယန်းမြို့ နမ့်ဟောင်းချောင်း အနီးရှိ ရပ်ကွက်များ ယနေ့ (စက်တင်ဘာ ၁၅)ရက် နံနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နမ့်ဟောင်းချောင်း အနီးရှိ ရပ်ကွက်များ ယနေ့ နံနက်ပိုင်းမှာ ရေကြီးရေလျှံမှု ဖြစ်လာကြောင်း တန့်ယန်းဒေသခံ...
တာချီလိတ်မြို့ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ
SHAN -
မြန်မာ - ထိုင်း နယ်စပ်ဖြစ်တဲ့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တောင်ပေါ်ရေကျချောင်းများကြောင့် အဆမတန်ရေကြီးရေလျှံမှုဖြစ်ပွားပြီး တမြို့လုံးနီးပါး ပျက်စီးဆုံးရှုံးမှုများကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး နေအိမ်အောက်ထပ်၏ ပစ္စည်းများ၊ တာလော့ဈေး နှင့် ဆန်ဆိုင်းဈေးတွင် ဈေးသည်များ၏ သိုလှောင်ထားသော ပစ္စည်းများ...
ရေကြီးဒဏ်ကြောင့် စားဝတ်နေရေးခက်ခဲနေသည့် နားဟိုင်းလုံ
မိုးတွင်းကာလရောက်လာတိုင်း ရေကြီးမှုဒဏ်ကို နှစ်စဥ်ခံစားနေရသည့် နားဟိုင်းလုံကျေးရွာသည် ယခုနှစ်တွင် စားဝတ်နေရေး ပိုပြီးခက်ခဲလာသည်။ နားဟိုင်းလုံကျေးရွာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ် မိုင်းလင်းကျေးရွာအုပ်စု အတွင်းတည်ရှိပြီး၊ ထိုကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုကို ပြုလုပ်လာကြသည့်အတွက် တောတောင်ပြုန်းတီးမှုများ ဖြစ်လာသည်။ ထို့ကြောင့် ယခုမိုးတွင်းကာလရောက်တိုင်း ရေကြီးမှုဒဏ်နှင့်အတူ ရွှံ့၊သဲ၊ နုန်း...
လားရှိုးရေကြီးမှု လူတစ်ဦးမျောပါသေဆုံး၊ နေအိမ်ပျက်စီးမှုများပြား
SHAN -
သျှမ်းမြောက် လာရှိုးမြို့တွင် စက်တင်ဘာလ (၂၀)ရက် ယမန့်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတစ်ဦး ရေချောင်းအတွင်း မျောပါသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း သတင်းရရှိသည်။ လားရှိုးမြို့ ရပ်ကွက်(၆)၊ နယ်မြေ (၄)အတွင်း ချောင်းထဲတွင် ယမန်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင် က မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးနှင့်အတူ...
သိန္နီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ တွင် မိုးသည်ထန်းရွာသွန်းမှုကြာင့် နေအိမ်နှင့် လယ်ယာပျက်စီးဆုံးရှုံးမှုများကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ ၂၆ရက် မနက်ပိုင်း ၁ နာရီအချိန်တွင် မိုးသည်ထန်းစွာရွာသွန်းပြီး တောင်ကျရေ နှင့် ပေါင်းစပ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ နေအိမ်များရေဝင်ပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လယ်ယာမြေများစွာ လည်း ပျက်စီးခဲ့ကြောင်း သိန္နီပြည်သူလွှတ်တော်ကိုယ်စားလှယ်...





