ပုံးအင်းဒေသ ရေကြီးမှုကြောင့် လမ်းပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင်း ရေများထပ်တက်လာပြီး လမ်းများပါ ပျက်စီးသွားသောကြောင့် ဒေသခံများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပုံးအင်းဒေသအတွင်း ရေများထပ်တက်လာပြီး ကားလမ်းများပါပြိုကျပျက်စီးနေကြောင်း ရေထပ်တက်လာမှုကြောင့် နောင်စန့်ကျေးရွာချောင်းကူးတံတားကြီး အောက်ဖက်မှလည်းသွား၍မရတော့သဖြင့် ကုန်းလမ်းအပြင် ရေလမ်းပါ ပိတ်ဆို့မှုများရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးကတော့ ခက်ခဲနေပြီး ကားနဲ့လည်းမရ လှေနဲ့လည်း သွားမရဖြစ်နေတယ်၊ ရေလမ်းကလည်း တံတားအောက်ဖြတ်မရတော့ဘူး၊ တောင်ကြီး-ဆီဆိုင်ကားလမ်းနဲ့ ဆက်သွယ်ထားတဲ့ လမ်းကလည်း ပျက်သွားလို့ ရွာကလူတွေကတော့ ဆိုင်ကယ်ဖြတ်လို့ရအောင်တော့ ဝါးနဲ့ဖြစ်သလိုလုပ်ထားရပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရေလွှမ်းမိုးမှုကြောင့် စပါးခင်းများပါ ရေအောက်ရောက်သွားပြီး စပါးစိုက်တောင်သူများလည်း အခက်အခဲများစွာတွေ့လာကြောင်း တောင်သူတစ်ဦးကပြောသည်။

“တစ်နှစ်လုံး ရင်းလာခဲ့ရပြီးမှ သိမ်းယူခါနီးကျမှ ပျက်စီးသွားတော့ စားဖို့တောင်ခက်ခဲလာပြီ” ဟု ၎င်းကပြောသည်။

ထို့အပြင် ရေမြှုပ်နေသည့်အတွက် ကလေးများ ကျောင်းသွားရန် ခက်ခဲသည့်အတွက် ကျောင်းများလည်း ပိတ်ထားရကြောင်း သိရသည်။

ဩဂုတ်လ ၁၄ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ကုန်းကျိုင်း၊ အသုံးတော်၊ နားဟီး၊ ကက္ကူ၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဉ် ကျေးရွာအုပ်စုများအတွင်း ကျေးရွာပေါင်း ၁၉ ရွာခန့် ရေနှစ်မြုပ်နေကြောင်းသိရသည်။

ပုံးအင်းဒေသတွင် နှစ်စဉ်နှစ်တိုင်း မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်များထက် ၂ လပိုစော၍ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးရွာသွန်းရာ ရေကြီးရေလျှံ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...