နမ့်တိန်းချောင်း လင်ခေးမြို့ နေအိမ် ၂၀ ကျော် ရေလျှံ၊ ရေမြှုပ်

သျှမ်းပြည် လင်းခေးခရိုင်တွင် နမ့်တိန်းချောင်းရေကြီးမှုကြောင့် ဈေးတန်းရပ်ကွက်နှင့် ဝမ်းပျဉ်ရပ်ကွက်ရှိ နေအိမ် ၂၀ ကျော် ရေလျှံ ၊ ရေမြုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။

(ဩဂုတ်လ ၂၄ ရက်)မှ ရေစတင်တက်လာပြီး ယနေ့ (ဩဂုတ်လ ၂၆ရက်)နေ့အထိ ရေပိုမိုမြင့်နေကြောင့် ဈေးတန်းရပ်ကွက်နေအိမ်များ ရေလျှံ ၊ ‌ရေမြုပ်မှုတွေရှိသည်။

လက်ရှိတွင် နေအိမ်အတွင်းရှိပစ္စည်းများ သယ်ထုတ်ပြီး ဆွေမျိုးရှိနေအိမ်များကို ခိုလှုံနေရကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လင်းခေး ရေကြီးမှု

‘’ ဒီလ ၂၄ ရက်ကတည်းကစပြီး ရေတက်လာတယ် ဒီနေ့အထိပဲ ရေပိုတက်လာပြီး နေအိမ်တွေ ရေမြှုပ်ကုန်တယ်။ လက်ရှိအနေအထားတော့ သယ်စရာပစ္စည်းတွေ လာရောက်ဝိုင်းဝန်းကူညီပေးတယ်။ အမျိုးအိမ်တွေမှာ ခိုလှုံနေကြတယ်’’ ဟု ၎င်းက ပြောသည်။

ရေလျှံမှုကြောင့် လင်းခေးမြို့နယ် ဘေးပတ်လည်ရှိ မက်အွန်လောင်း ၊ ခုမ်အွတ် ၊ နားကုန်းကျေးရွာတစ်လျှောက်တွင် စပါးခင်းပျက်စီးမှု ဧက ၃ထောင်နီးပါးလောက်ရှိသည်ဟု သိရသည်။

အလားတူ ထိုနားကုန်းကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းတွင် ရေပိုမိုမြင့်တက်နေကြောင့် လှေဖြင့်သာသွားလာ ပြုလုပ်နေရကြောင်း သိရသည်။

” ဘေးရွာက မက်အွန်လောင်း၊ ခုမ်အွတ်၊ နားကုန်းကျေးရွာတစ်လျှောက်တော့ စပါးခင်းတွေမြှုပ်ကုန်တယ်။ ပျက်စီးမှုက ဧက ၃ထာင်နီးပါးလောက်ရှိတယ်။ နားကုန်းဘုန်းကြီးကျောင်းဆို လှေနဲ့တောင်သွားရတယ် ရေတွေအရမ်းတက်တယ် ” ဟု ၎င်းကပြောသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်း-လင်းခေးလမ်းပိုင်း သံလွင်မြစ်နှင့် နမ့်စန်တိန်းချောင်းဆုံရာ (တာဆွတ်တိန်း)ကူးတို့ဆိပ်၌ ဩဂုတ်လ ၁၄ ရက်နေ့မှစတင်ပြီး သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်တက်လာမှုကြောင့် ကားလမ်းနှင့် လူနေအိမ် ရေမြှုပ်မှုများဖြစ်ပြီး ရေဘေးဒုက္ခကြုံနေရကြောင်း သိရသည်။

ထို့အပြင် ၂၀၀၄ ခုနှစ်တွင်လည်း ရေမြင့်တက်မှုကြောင့် လှေဖြင့်ရေကူးရာ ဒေသခံ ၃ ဦးသေဆုံးမှုရှိသည်ဟု ဒေသခံပြောဆိုချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...