သျှမ်းတောင်တွင် နေရာအနှံ့ရေကြီးမှုများဖြစ်ပေါ်နေပြီး ဖုန်းလိုင်းများပါပြတ်တောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ မြို့နယ်များတွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး ဖုန်းလိုင်းများပါပြတ်တောက်နေကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၁၁ )ရက် တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း ၊ကလော အစရှိသည့်မြို့များတွင်ရေကြီးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ဖုန်းလိုင်းပါပါပြတ်တောက်နေကာ အခက်အခဲများတွေ့နေရကြောင်း ညောင်ရွှေမြို့‌ဒေသခံတစ်ဦးကပြောသည်။

“ဆိုင်လည်း ရေမြှုပ်လို့ ပြောင်းရွှေ့ဖို့ ပြင်နေတာ ဖုန်းလိုင်းကလည်း MPT တမျိုးပဲဆက်လို့ရတယ်၊ အရေးပေါ်ရွှေ့ဖို့ ပြောင်းဖို့ လိုတာကို ဆက်သွယ်လို့ မရလို့ တော်တော် အခက်တွေ့နေရတယ်၊ wifi ကတော့ ရနေသေးတယ်” ဟု ၎င်းကပြောသည်။

ထိုအပြင် ရွှေညောင်မြို့တွင်လည်း ရေတက်လာသောကြောင့် ပိတ်မိနေသူများလည်းရှိလာပြီး အကူအညီများလိုအပ်နေကြောင်းလည်းသိရသည်။

“ မနက်ကရေတက်လို့ ပိတ်မိနေတယ် ကူညီပေးပါဆိုပြီး လိုင်းပေါ်ဖုန်းနံပါတ်နဲ့တင်လာတာတွေ့တော့ နေရာမေးဖို့ ဖုန်းဆက်တာတောင် ဖုန်းလိုင်းကမရလို့ ဆက်မရတော့ဘူး” ဟု လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တောင်ကြီး ရေကြီး မြေသားများ အက်ကွဲ

အလားတူ တောင်ကြီးမြို့ပေါ်ရပ်ကွက်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံကာ အချို့နေရာများတွင် မြေသားများပါ နိမ့်ဆင်းလာမှုများပါရှိနေကြောင်း ဘုရားဖြူရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးထံမှ သိရသည်။

“မနက်က ရပ်ကွက်ထပ်က တချို့အိမ်တွေထဲမှာ ကားတွေကိုတောင် ကရိန်းနဲ့ မထုတ်ပြီးရွေ့ရတယ်လို့ကြားတယ်၊ မြေသားပျော့ပြီး နိမ့်ဆင်းသွားတာတွေပါဖြစ်နေတယ်” ဟု သူကပြောသည်။

တောင်ကြီးမြို့ပေါ် ကံသာရပ်ကွက်အတွင်းတွင်လည်း မြေပြိုမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး အန္တရာယ်ရှိသောနေရာများမှ ပြည်သူများလည်း ရွေ့ပြောင်းနေရကြောင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့အတွင်း သျှမ်းပြည်တွင်းသာမက မြန်မာနိုင်ငံအနှံ့အပြားရေကြီးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး အကူအညီများစွာလိုအပ်နေကြသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များကြား ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရသောပြည်သူများမှာ စစ်ဘေးသာမက ရေဘေးအန္တရာယ်ပါကြုံတွေ့နေရပြီး အခက်အခဲများစွာကြုံတွေ့နေရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...