Tuesday, January 27, 2026

မြန်မာရွှေ့ပြောင်းအလုပ်သမား

မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၂) ဦး စီးလာသည့် ကားတစ်စီး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တောင်ပိုင်းဘက်သို့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၂) ဦး စီးလာသည့် ကားတစ်စီး ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင် (၃) ရက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂) ဦး တင်ဆောင်လာသည့် ကားတစ်စီးကို သက်ဆိုင်ရာ အာဏာပိုင်များက စောင့်ဆိုင်း စစ်ဆေးရာမှာ...

အထောက်အထား မပြည့်စုံသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅) ဦး ချင်းမိုင်မြို့တွင် အဖမ်းခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ ညပိုင်း စားသောက်ဆိုင်တခုတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား (၁၅) ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၂၄) ရက် ယမန်နေ့ ညပိုင်းက ချင်းမိုင်မြို့ ချန့်ဖိတ်အုပ်စု (လမ်းပန်း - ချင်းမိုင် ကားလမ်းမပေါ်) ရှိ ယမကာ Bar...

ထိုင်းရောက် မြန်မာရွှေ့ပြောင်း လင်မယား နှစ်ဦး စကားများရာမှ ကလေး နှင့် အမျိုးသမီး သတ်ခံရ

ထိုင်းနိုင်ငံ လမ်းပွန်းခရိုင် လမ်းပွန်းမြို့နယ်အတွင်း နေထိုင်သည့် မြန်မာရွှေ့ပြောင်း လင်မယား နှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ အမျိုးသမီး နှင့် ကလေးငယ် သေဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ (ဧပြီလ ၉ ရက်) ညသန်းခေါင်ကျော် (၂) နာရီတွင် မြန်မာရွှေ့ပြောင်း လင်မယားနှစ်ဦး ငှားရမ်းနေထိုင်သည့်...

ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး အလုပ်ကိစ္စ အဆင်မပြေ မိမိကိုယ်ကို အဆုံးစီရင်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး အိမ်ထောင်ရေး၊ အလုပ်ရေးကိစ္စ နှင့် ပတ်သက်ပြီး အဆင်မပြေမှုများကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၉ ရက်) ညနေ ၇ နာရီခွဲတွင် အသက် ၃၄ နှစ်အရွယ် ခွန်မောင်သောင်း ဆိုသည့် မြန်မာလုပ်သားတစ်ဦးသည်...

ထိုင်းတွင် ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့ အိမ်ငှားရမ်း တိုက်ခန်းတစ်နေရာတွင် မြန်မာလုပ်သား ၆၆ ဦး ဧည့်စာရင်းမတိုင်ကြားထားသဖြင့် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းအချိန် မြန်မာလုပ်သားများ နေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း တစ်နေရာကို ထိုင်းဝန်ကြီးဌာန ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ကြားသည့်...

ပွဲစားကို သတ်သည့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင်တွင် လူသတ်မှု ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား ၄ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ) ရက်တွင် ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် ပန်ဖီမြို့နယ်မှ မြန်မာလုပ်သား အမျိုးသား ၂ ဦး နှင့် ရယောင်းခရိုင်မှ မြန်မာလုပ်သား အမျိုးသား...

ချင်းမိုင်ခရိုင်ထဲ လုပ်ကိုင်သည့် လိမ္မော်သီးခြံလုပ်သားများ လစာမရရှိကြ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် လိမ္မော်သီးခြံအတွင်း အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များ လစာမရရှိကြကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းနိုင်ငံ အတွင်း ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားပြီး ၂ နှစ်သာ နိုင်ငံဖြတ်ကျော်ခွင့် ပိတ်ဆိုင်းခဲ့ရာ လက်ရှိမှာတော့ လိမ္မော်သီးခြံပိုင်ရှင်မှ ရောင်းအားမကောင်းကြောင်း၊ ဝယ်ယူသူ နည်းပါးလာသောကြောင့်...

မူဆယ်မြို့ နန်းတော်ပေါက်မှ မြန်မာရွှေ့ပြောင်း ၁၀၀ ကျော်ထပ်မံဝင်ရောက်

မြန်မာ- တရုတ် နယ်စပ် နန်းတော်ပေါက်မှ ယနေ့ ဩဂုတ် (၃၁) ရက် မူဆယ်မြို့ထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀) ကျော် ထပ်မံဝင်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အစိုးရဘက်မှာ ၂၄ နာရီ အတွင်း ကိုဗစ်- ၁၉ ရှိ မရှိကို...

မြန်မာကိုဗစ်ဂယက် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားနေထိုင်ရေးခက်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ပျံ့နှံ့မှု ထိုင်းသို့ ကူးစက်ခြင်းမပြုနိုင်စေရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား နေထိုင်ရာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ စက်တင်ဘာလ လယ်ပိုင်းမှစ၍ ယနေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်း၊ လမ်းပန်း၊ ချင်းမိုင်၊ ချင်းရိုင်းခရိုင်အတွင်း ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရန်၊ ထိုရောဂါထိန်းချုပ်နိုင်ရေးအတွက် မြန်မာပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား...

ထိုင်းနိုင်ငံ မှ တာချီလိတ်မြို့ သို့ မြန်မာရွှေ့ပြောင်း (၁၄၃) ဦး ဝင်ရောက်

စိုင်းဆိုင်လှိုင်း ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယနေ့ နေ့လည်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၃ ဦးထပ်မံဝင်ရောက်လာကြောင်းသိရသည်။ စက်တင်ဘာ ၂ ရက် ၁၁ နာရီခွဲခန့်က ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၄၃) ဦးသည် သျှမ်းပြည် အရှေ့ပိုင်း၊ သျှမ်းပြည် တောင်ပိုင်း၊ သျှမ်းပြည် မြောက်ပိုင်း...

Latest news