ပွဲစားကို သတ်သည့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင်တွင် လူသတ်မှု ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား ၄ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄ ဦး

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ) ရက်တွင် ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် ပန်ဖီမြို့နယ်မှ မြန်မာလုပ်သား အမျိုးသား ၂ ဦး နှင့် ရယောင်းခရိုင်မှ မြန်မာလုပ်သား အမျိုးသား ၂ ဦးကို လူသတ်မှုဖြင့် ကြီးကြပ်ရေးမှုးဝန်ကြီးဌာန ထိုင်းရဲဖွဲ့က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်း မီဒီယာမှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ဖြစ်စဉ်မှာ ၎င်း မြန်မာလုပ်သား အမျိုးသား ၄ ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၂ ) ရက် နံနက်ပိုင်း ၉ နာရီခွဲတွင် ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် ပန်ပူမြို့နယ် ကွန်ဒိုတိုက်ခန်းတစ်ခုပေါ်၌ ဗိုလ်မိုးဟိန်း (အလုပ်ရှာဖွေရေး) မှ ပွဲစားတစ်ဦးကို အဝတ်စဖြင့် လက်ပြန်ကြိုးတုတ်ပြီး ပါးစပ်ကိုပိတ်ကာ ဘယ်ဖက် ရင်ဘတ်ကို ၁ ချက်၊ ကျောကို ၁ ချက် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄ ဦး

အဆိုပါ ဗိုလ်မိုးဟိန်း (အလုပ်ရှာဖွေရေး) ဆိုသူသည် ၎င်းမြန်မာလုပ်သား ၄ ဦးကို အလုပ်ရှာပေးမည်ဟုဆိုကာ ထိုင်းဘတ်ငွေ ၁၀,၅၀၀ ဘတ်ယူပြီး အလုပ်မရှာပေးသဖြင့် မြန်မာလုပ်သားများ ငွေပြန်လည်တောင်းယူသည့်အခါတွင် စကားများ ရန်ဖြစ်ရာမှ ဓားထိုးသတ်မှု ဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား စိုင်းဆုက ပြောသည်။

“ သူတို့ ၄ ယောက်က ထိုင်းကိုရောက်တာ မကြာသေးဘူး၊ ရဖို့အလုပ် ရှာကြတာ။ ဗိုလ်မိုးဟိန်း ဆိုတဲ့ တစ်ယောက်က အလုပ်ရှာပေးမယ် တစ်ယောက်ကို ဘတ်ငွေ (၂,၀၀၀) ပေးဆိုပြီး တောင်းတယ်။ ၂ ပတ်လောက်ကြာသွားတာ ထင်တယ်။ အလုပ်လည်း မရှာပေးဘူးဆိုတော့ သူတို့ ၄ ယောက်က ပိုက်ဆံပြန်တောင်းရင်း စကားများ ရန်ဖြစ်ပြီး ပွဲစားကို သတ်လိုက်တာ“ ဟု စိုင်းဆုက ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄ ဦး

ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား ၄ ဦးထဲမှ အသက် ၂၄ နှစ် ဆွေနှောင်၊ အသက် ၂၆ နှစ် ဇင်မင်းဦး၊ အသက် ၂၀ နှစ် လမင်းသူ နှင့် အသက် ၂၀ နှစ် ပိုင်သူ တို့ ဖြစ်ကြကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား ၄ ဦးကို ကြီးကြပ်ရေးမှူးဝန်ကြီးဌာန ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်သူကို ထိုင်းတရား ဉပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် အလုပ်ရှာဖွေရေး ပွဲစားကို လက်ပြန်ကြိုးတုတ် သတ်ဖြတ်မှု နှင့် ပတ်သက်ပြီး “ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ရေကြည်ရာ မြက်နုရှာ ထိုင်းနိုင်ငံကို လာကြတယ်။ ဒီက အလုပ်ရှာဖွေရေး ပွဲစားတွေလည်း အလုပ်မရှာပေးနိုင်ရင် ပိုက်ဆံမတောင်းပါနဲ့။ အခုမှ သူတို့ ထိုင်းကိုရောက်လာတာ အလုပ်လည်းမရှိ၊ ပိုက်ဆံလည်း မရှိဘူး “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အသက် ၃၁ နှစ် ခွန်သူရိန်စိုးမှာ ပျောက်ဆုံးသွားသဖြင့် ၎င်း၏ ဆွေမျိုးအသိုင်းအဝိုင်း နှင့် သူငယ်ချင်းများက လိုက်လံရှာဖွေရာ ဓားဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...