Wednesday, April 24, 2024

ထိုင်းတွင် ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့ အိမ်ငှားရမ်း တိုက်ခန်းတစ်နေရာတွင် မြန်မာလုပ်သား ၆၆ ဦး ဧည့်စာရင်းမတိုင်ကြားထားသဖြင့် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

ပုံ – ကျော်ရဲအောင်

ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းအချိန် မြန်မာလုပ်သားများ နေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း တစ်နေရာကို ထိုင်းဝန်ကြီးဌာန ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သား အမျိုးသားတစ်ဦးက ပြောသည်။

“ ထိုင်းရဲတွေက သူတို့မှာ စစ်ဆေးပိုင်ခွင့်ရှိတယ်။ ဒီမြို့နယ်၊ ရပ်ကွက်တွေမှာ တရားမဝင် အလုပ်သမားတွေ ရှိလား၊ မရှိလားဆိုပြီး စစ်ဆေးတယ်။ ဒီနေ့ ဝင်စစ်တော့ ဧည့်စာရင်း မတိုင်ကြားထားတဲ့ မြန်မာလုပ်သား ၆၆ ဦး အဖမ်းခံလိုက်ရတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဧည့်စာရင်းသည် မိမိနေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း ပိုင်ရှင်များကို တိုင်ကြားရပြီး တစ်ဆင့် တိုက်ခန်းပိုင်ရှင်များမှ ထိုင်းဝန်ကြီး လ.ဝ.က ရုံးကို တိုင်ကြားထားရကြောင်း သိရသည်။

တိုက်ခန်းငှားရမ်းသူများအနေဖြင့် ဧည့်စာရင်း မတိုင်ကြားလျှင် ထိုင်းဘတ် (၄,၀၀၀) မှ (၆,၀၀၀) အထိ ဒဏ်ငွေဆောင်ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article