ချင်းမိုင်ခရိုင်ထဲ လုပ်ကိုင်သည့် လိမ္မော်သီးခြံလုပ်သားများ လစာမရရှိကြ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် လိမ္မော်သီးခြံအတွင်း အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များ လစာမရရှိကြကြောင်း စုံစမ်းသိရှိရသည်။

ဖန်မြို့နယ်က လိမ္မော်သီးခြံလုပ်သား

ထိုင်းနိုင်ငံ အတွင်း ကိုဗစ် – ၁၉ ကူးစက်ရောဂါ ဖြစ်ပွားပြီး ၂ နှစ်သာ နိုင်ငံဖြတ်ကျော်ခွင့် ပိတ်ဆိုင်းခဲ့ရာ လက်ရှိမှာတော့ လိမ္မော်သီးခြံပိုင်ရှင်မှ ရောင်းအားမကောင်းကြောင်း၊ ဝယ်ယူသူ နည်းပါးလာသောကြောင့် ခြံပိုင်ရှင်မှ ဝန်ထမ်းများကို လစာမပေးနိုင်သောကြောင့် ဖန်မြို့နယ်အတွင်း နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ပြောသည်။

အဆိုပါ ခြံလုပ်သားများသည် လစာကို ၄ လကြာထိ မရရှိသေးကြောင်း သိရသည်။

“ သူတို့ ကုမ္ပဏီကြီးဘက်တွေကလည်း ရောင်းလို့မကောင်းလို့တဲ့။ အဲ့ကြောင့် ဝန်ထမ်းတွေက လစာမရကြဘူး။ သူတို့လစာမရတာ ၄ လလောက်ရှိနေပြီ။ တစ်ချို့လည်း ခြံကနေထွက်သွားတာတွေရှိနေပြီ” ဟု ဖန်မြို့နယ်တွင် ကလေးတွေကို စာသင်ပေးနေသည့် ဆရာမက ပြောသည်။

အလားတူ လုပ်ငန်းရှင်မှ လစာမပေးနိုင်သောကြောင့် ဝန်ထမ်း စားဝတ်နေရေးခက်ခဲလာပြီး တစ်ချို့က အလုပ်မှ ထွက်ပြီး တစ်ခြားအလုပ်ပြောင်းလုပ်ရကြောင်း ဖန်မြို့နယ်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

ထိုအပြင် ထိုင်းနိုင်ငံတွင်း နေထိုင်ရန်အတွက် ဗီဇာ၊ Passport များကို သက်တမ်းတိုးရန်အတွက်လည်း ငွေအကုန်ကျများရသောကြောင့် လစာမရရှိသည့်အတွက် အခက်ခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ လစာမရတာ ၃ လလောက်ရှိနေပြီ။ လစာမရတော့ အလုပ်ကနေထွက်လာလိုက်ပြီ။ တစ်ခြားအလုပ်တွေ ပြောင်းလုပ်ရတာပေါ့။ ဗီဇာ၊ passport တွေသက်တမ်းတိုးဖို့လည်း ပိုက်ဆံအများသုံးရတယ်လေ။ ပြီးတော့ စားဖို့သောက်ဖို့လည်း ရှိတာပဲ စားရတာပေါ့” ဟု လိမ္မော်သီး ခြံလုပ်သားဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ လစာမရသည့် အခက်ခဲကြောင့် တစ်ချို့ကျောင်းသားများသည် ကျောင်းမှ ထွက်ပြီး အလုပ်ထွက် လုပ်ရကြောင်း၊ ကျောင်းမထွက်ရသည့် ကလေးများအတွက်က ကျောင်းသွားရန် ကားခအတွက် အကြွေးတင်နေကြောင်း ဖန်မြို့နယ် မှ ကျောင်းဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တစ်ချို့ကလေးတွေက ကျောင်းထွက်ပြီး အလုပ်လုပ်ရတာရှိတယ်။ ဒါကတော့ အနည်းစုပါပဲ။ တစ်ချို့ကျောင်း မထွက်ရတဲ့ ကလေးတွေဆိုရင် သူတို့ မိဘတွေက ကားခအတွက် အကြွေးတွေ တင်နေရတယ်။ သူတို့က ကျောင်းသွားဖို့ ကားစီးသွားရတယ်” ဟု ၎င်းက ပြောသည်။

ဖန်မြို့နယ်အတွင်းတွင် လိမ္မော်သီးခြံများ တစ်ချို့ ဆက်မစိုက်ပျိုးရသည့် အတွက်ကြောင့် ပျက်စီးသွားသည့် ခြံများလည်းရှိ နေကြောင်း သိရသည်။

ဖန်မြို့နယ်တွင်း ထွက်သည့် လိမ္မော်သီးများကို ယခင် ကိုဗစ် – ၁၉ ကာလ မတိုင်ခင်က တရုတ်နိုင်ငံဘက်သို့ တင်သွင်းရောင်းချပြီး ယခုကာလအတွင်း မတင်ပို့နိုင်သည့်အတွက်ကြောင့် လိမ္မော်သီးခြံများ အလုပ်မဖြစ်လာ တော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...