ထိုင်းရောက် မြန်မာရွှေ့ပြောင်း လင်မယား နှစ်ဦး စကားများရာမှ ကလေး နှင့် အမျိုးသမီး သတ်ခံရ

ထိုင်းနိုင်ငံ လမ်းပွန်းခရိုင် လမ်းပွန်းမြို့နယ်အတွင်း နေထိုင်သည့် မြန်မာရွှေ့ပြောင်း လင်မယား နှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ အမျိုးသမီး နှင့် ကလေးငယ် သေဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

လူသတ်မှု ကျူးလွန်သည့် အမျိုးသားပုံနှင့် အသတ်ခံရသည့်အမျိုးသမီးပုံ

ဖြစ်စဉ်မှာ (ဧပြီလ ၉ ရက်) ညသန်းခေါင်ကျော် (၂) နာရီတွင် မြန်မာရွှေ့ပြောင်း လင်မယားနှစ်ဦး ငှားရမ်းနေထိုင်သည့် တိုက်ခန်းတစ်ခု၌ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီး အသက် ၃၈ နှစ်အရွယ်ရှိ စိုင်းထော် (ခင်ပွန်း) ဖြစ်သူက ၎င်း၏ ဇနီးဖြစ်သူ အသက် ၃၀ နှစ်ကျော် နန်းအုံကို တုတ်ချောင်း နှင့် သံရိုက်သည့်တူဖြင့် ရိုက်သတ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။

အလားတူ အသက် ၇ နှစ်အရွယ်ရှိ (စိုင်းမိန်း) ၎င်း၏ သားငယ်ကိုလည်း သတ်ဖြတ်ခဲ့ပြီး အဆိုပါ အလောင်းကို အခန်းထဲတွင် သော့ခတ်ပြီး လျှို့ဝှက်ခဲ့ကာ ယမန်နေ့ (ဧပြီ ၁၁ ရက်) ညနေပိုင်းတွင် ပုတ်ပွပြီး သေဆုံးနေသည့် မိခင်နှင့်ကလေး အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ ကျနော် အလုပ်ပြန်လာတော့ သူ့ယောင်္ကျားဖြစ်သူက ပြည်တွင်းပြန်သွားပြီဆိုပြီး တန်းသတင်းကြားရတာ။ ဘာလို့ကျနော်တောင်မှ မသိလိုက်ရသလဲပေါ့။ သူတို့အခန်းရဲ့ အနီးမှာလည်း ယင်တွေ တအောင်းအောင်းထပြီး လူသေ ညှီနံ့တွေရတော့ ဒီမှာပုံမှန်မဟုတ်တော့ဘူးလို့ သံသယ ဝင်လာကာမှ ကြည့်တော့ သူ့မိန်းမကော၊ ကလေးကော ပုတ်ပွပြီး သေနေတာတွေ့ရတယ်။ သူ့ကလေးကို တူနဲ့ရိုက်ထားတာလို့ ခေါင်းတောင် ချိုင့်သွားတယ်လို့ ပြောတယ်။ ပြီးတော့ ကလေး အလောင်းကိုစောင်နဲ့အုပ်ထားတာ “ ဟု ၎င်းက မြင်တွေ့ခဲ့တာတွေကို ပြန်ပြောပြသည်။

အသတ်ခံရတဲ့အမျိုးသမီး ပုံ

လက်ရှိ သေဆုံးသွားခဲ့သည့် မိခင်နှင့်ကလေးငယ်ကို ထိုင်းနိုင်ငံ လမ်းပွန်းဆေးရုံတွင် ပို့ဆောင်ထားပြီး စစ်ဆေးမှု ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အခင်းမှာ နန်းအုံဖြစ်သူက ဦးခေါင်းမှာ တုတ်ချောင်းနှင့် ရိုက်နက် ခံထားရသည်ဟု သိထားရသော်လည်း အလောင်းဟာ ပုတ်ပွနေပြီဖြစ်သောကြောင့် ရိုက်နက် ခံထားရသည့် ဒဏ်ရာကို သေချာစစ်ဆေးနေကြောင်း လည်းသိရသည်။

အဆိုပါ လူသတ် ပြစ်မှု ကျူးလွန်သူ စိုင်းထော်ကိုတော့ လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့များက လိုက်လံစုံစမ်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း၊ ၎င်းသည် ပြည်တွင်းကို ပြန်သွားပြီဟုလည်း သတင်းထွက်ပေါ်နေသဖြင့် ၎င်းကို တွေ့ရှိပါက ဖုန်းနံပါတ် 063-6120 163 ကို ဆက်သွယ် အကြောင်းကြားပေးရန် ၎င်းက တောင်းဆိုသည်။

“ ကျနော်ကတော့ သတိပေးချင်တာ ယောင်္ကျားယူတော့မယ် ဆိုရင်လည်း သူ့ဆွေမျိုး၊ အပေါင်းအသင်း၊ အလုပ်အကိုင်၊ အမှုအရာတွေကို များများ လေ့လာပြီးမှ သူ့စိတ်ရင်းနဲ့အမှန်တကယ်ကိုသိမှ ယူကြပါလို့။ တန်းပြီး တွေ့ပြီဆိုတာနဲ့ မယူပါနဲ့ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်တွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အသက် ၃၁ နှစ်အရွယ်ရှိ ခွန်သူရိန်စိုး ဆိုသူမှာလည်း နေအိမ်မှ ပျောက်ဆုံးသွားရာမှ ဓားဒဏ်ရာ၊ ဒဏ်ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို ပြန်လည်ရှာတွေ့ခဲ့သည့် ဖြစ်စဥ်ရှိဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...