မူးယစ်ဆေးဝါး
ရွာငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာ ပြည်သူများ လုံခြုံရေး စိုးရိမ်နေရ
SHAN -
သျှမ်းပြည် ရွာငံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာသောကြောင့် ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူပိုများလာပြီး ခိုးဆိုးလုယက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ဓားပြတိုက်မှုများလာခြင်းကြောင်း ပြည်သူများက လုံခြုံမှု မရှိတော့ပဲ စိုးရိမ်စိတ်ဖြင့် နေရ ကြောင်းဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မူးယစ်ဆေးသုံးးစွဲသူများသည် ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေငွေတွေအပြင် ဒေသထွက် သီးနှံကိုပါ ခိုးယူနေကြကြောင်းကို ဒေသခံ အမျိူးသမီးတစ်ဦးက ပြောသည်။ “ ဆေးသမားတွေက သူတို့ဆေးသုံးဖို့ ငွေလိုတော့ ပစ္စည်းတွေ လိုက်ခိုးကြတယ်။တချို့ဆို ပဲတွေ၊ ဆန်တွေ ရောင်းလို့ ရတဲ့ဟာ အကုန်ခိုးတယ်။ညညဆို ဆေးကြောင်ပြီး အိမ်ပေါ်တက်လာတယ်။ ပိုက်ဆံတောင်းတယ်။ ကိုယ်ကကြောက်တော့ ပေးလိုက်ရတယ်။ ကိုယ့်ကို ဘာများလုပ်သွားမလဲဆိုပြီး ကြောက်နေရတာ။ ညဆို ကိုယ့်အိမ်နဲ့ ကိုယ်လဲ မလုံခြုံဘူး။”ဟု ၎င်းအမျိုးသမီးတစ်ဦးက ဆိုသည်။ ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး သုံးစွဲနေတဲ့သူကိုလည်း ဥကဒေအရ ထိရောက်စွာ အရေးယူမှု မရှိပဲ ဆက်လက်ပြီး ရောင်းဝယ်ခွင့် ပြုထားကြောင်းသိရသည်။ “ ရွာကတစ်ယောက်က မူးယစ်ဆေး ရောင်းချနေတယ်။ သူ့ကိုရွာကလူတွေက ဖမ်း မိတယ်။ ရဲလက်အပ်လိုက်တယ်။ မကြာဘူး ပြန်လွတ်လာတယ်။ ရဲတွေကလဲ အရေးမယူပေးဘူး၊အဲတော့ ရွာကလဲ လွှတ်ထားလိုက်ရတယ်။ သူ့အိမ်ဘေးက ကလေးတွေကမှ အစ ပျက်စီး နေကြတယ်။ဥပဒေကမှ စိုးမိုးမှုမရှိတာ ဘာမှဆက်လုပ်လို့မရတော့ဘူး။”ဟု ဒေသခံ တစ်ဦးက ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်တွင် မူးယစ် ဆေးဝါးရောင်းဝယ်သူများ ပိုမိုများပြားလာကာ သုံးစွဲသူများမှာလည်း လူကြီးပိုင်းထက်လူငယ်တွေပိုမိုသုံးစွဲလာကြ ကြောင်း ဒေသခံများကပြောသည်။ လက်ရှိ ရွာငံတွင် စစ်ကောင်စီမှ ကျေးရွာအများစုတွင် တပ်စွဲထားပြီး စစ်မှုထမ်းခါ်ရန်အတွက်ပြင်ဆင် နေပြီး လူငယ်များကို ပေါ်တာဆွဲမှုများလည်းရှိနေကြောင်း သိရသည်။ အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။
ပင်လုံမြို့ လင်မယား (၂)ဦးကို ဆေးကြောင်သူက ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွား
သျှမ်းပြည် လွိုင်လင်ခရိုင်၊ ပင်လုံမြို့နေထိုင်သည့် လင်မယား နှစ်ဦးကို ဆေးကြောင်သည့် အမျိုးသားတစ်ဦးက ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံမြို့ အနောက်ဘက် စေတီလေးဆူ အနီး၌ သက်ကြီးပိုင်းလင်မယား နှစ်ဦးကို ဆေးကြောင်သူအမျိုးသား တစ်ဦးမှ ပေါက်ဆိန်ဖြင့် ခုတ်သတ်လိုက် သည့်အတွက် အမျိုးသားဖြစ်သူကပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးက ဦးခေါင်းကွဲ ဒဏ်ရာရသွားကြောင်း သိရသည်။ “သူတို့ လင်မယားနှစ်ယောက်က အဲ့ခြံ/ယာခင်းတွေဘက်မှာ ထင်းသွားရှာကြတာပေါ့။ အဲ့ဒီအချိန်မှာ မူးယစ်ဆေး ကြောင်တဲ့အသက် (၂၀) ကျော် အမျိုးသား တစ်ဦးက သူတို့ဆီ လာပြီး ပေါက်ဆိန်နဲ့ လိုက်ခုတ်တာတဲ့။ သူ့ယောင်္ကျားဖြစ်သူ ကပွဲချင်းပြီးသေသွားတယ်၊ အဖိုး (အမျိုးသမီးဖြစ်သူ) ကတော့ ဦးခေါင်းကွဲပြီး ဆေးရုံ တင်ထားရတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့်အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် အဆိုပါ ဆေးကြောင်သည့် အမျိုးသားသည် ၎င်းလင်မယား ၂ဦးကို ပေါက်ဆိန်ဖြင့် ခုတ်ပြီး အမျိုးသားပါလာသည့် ဖုန်းတစ်လုံးကိုလည်း လုယူသွားကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ပေါက်ဆိန်ဖြင့် ခုတ်ခံရမှုကြောင့် ဦးခေါင်းကွဲ ဒဏ်ရာရထားသည့် အမျိုးသမီးသည် ဆေးရုံ၌ ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျူးလွန်သည့် ဆေးကြောင်သူ အမျိုးသားကို တာဝန်ရှိသူများက လိုက်လံရှာဖွေ နေကြကြောင်းလည်း သိရသည်။ “ကျနော်တို့မြို့မှာလည်း တဖြည်းဖြည်းနဲ့ ဒုစရိုက်မှုတွေ ပေါများလာတယ်၊ ဟိုနေရာမှာ ဓားပြတိုက်လိုက်၊ ဒီနေရာမှာ လုယက်မှုဖြစ်လိုက်နဲ့၊ ရပ်ရွာထဲမှာလည်း ဆေးသမား၊ မူးယစ်ဆေးဝါးတွေ တော်တော်ပေါ များလာတာ။ သူတို့ကို နှိမ်နှင်းအရေးယူပေးမှုလည်း မရှိတော့ ရပ်ရွာလုံခြုံရေးက ပိုဆိုးနေတာပေါ့” ဟု ပင်လုံမြို့ခံ အသက် (၅၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီတွင် ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကိုအမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃ ကျပ်သားကျော်ကို ဓားပြတိုက်လုယူသွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ (၂၇) ရက်ကလည်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ စျေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသော လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်အပါအဝင် (၄) ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လည်းသိရသည်။
ကျောက်မဲမြို့ ပိုင်ရှင်မဲ့အလောင်း ထပ်တွေ့
SHAN -
သျှမ်းပြည် ကျောက်မဲမြို့ တရုတ်သုသာန်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင် စုံစမ်းသိသည်။ သျှမ်းပြည် ကျောက်မဲမြို့ ရပ်ကွက် ၁ ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) နေ့လည်ပိုင်းတွင် တရုတ်သုသာန်၌ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး နမ့်ခုံးပရဟိတအသင်းခွဲ မှ အေးချမ်းသာ သုသာန်သို့ ကူညီ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း...
သျှမ်းမြောက် တိုက်ပွဲ ပြဿနာအစ မူးယစ်ဆေးဝါး ကြောင့်ဟု စစ်ကောင်စီပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏ အစမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပြီး မူးယစ်ဆေးဝါး အမြတ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်မည်ဟု အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ (ကာလုံ) အစည်းအဝေးမှာ သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်ပြီး သျှမ်းမြောက်ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့်အတူ...
PNO ဖမ်းဆီးထားသည့် ရပ်စောက် မူးယစ်ဆေး သုံးသူ (၁၀) ဦး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း
သျှမ်းပြည် ရပ်စောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူဟု စွပ်စွဲခံရသည့် ဒေသခံ (၁၀) ဦးကျော် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှဖမ်းဆီးခေါ်ဆောင်သွားပြီး ပိုက်ဆံဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . စက်တင်ဘာလအတွင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ ဒေသခံများကို မူးယစ်ဆေးဝါးသုံးစွဲသူဟု စွပ်စွဲခံရသည့် ဒေသခံ ၁၀ ဦးကျော်ကို PNO တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး...
ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို PNO မှ ဆက်တိုက် ဖမ်းဆီးမှုပြုလုပ်ပြီး ငွေတောင်းခံနေ
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူ့စစ် PNO မှ ဆက်တိုက်ဖမ်းဆီးနေပြီး ငွေတောင်းခံနေကြောင်း စုံစမ်းသိရသည်။ . ပအိုဝ်းပြည်သူ့စစ် PNO သည် ပုံးအင်းဒေသရှိ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီးပြီး တစ်ဦးကို ကျပ်သိန်း ၄၀ ကျော် တောင်းခံလျက်ရှိကြောင်း...
ပင်လောင်းမြို့နယ် ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီးတွင် ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ သျှမ်းပြည် ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီး ပင်လောင်း-တပ်ကုန်း သွားကားလမ်း တွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ စောဌေးဦး မောင်းနှင်လာသည့် SURF မော်တော်ယာဥ်ကို သြဂုတ် ၃၀ရက်တွင်...
တောင်လေးလုံး အနီး ကားတစ်စီး သေနတ်ပစ်ခံရ တစ်ဦးသေဆုံးသွား
သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးအနီး ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြားစက်ရုံအကြားတွင် ကားတစ်စီးကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်ပြီး တစ်ဦးသေဆုံးကာ ၊ နှစ်ဦးက ထိခိုက်ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၃) ရက် မွန်းလွဲပိုင်းတွင် ရေပယ်ကျေးရွာ မှ...
မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦးကို PNO မှဖမ်းဆီးရိုက်နှိက် ငွေတောင်းပြီး ပြန်လွတ်ပေး
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ ကျေးရွာမှ မူးယစ်ဆေးဝါး သုံးစွဲသူ လူ ၃ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးရိုက်နှိက် ငွေတောင်းယူခဲ့ပြီး တစ်ရက်အတွင်း ပြန်လွတ်ပေးခဲ့ကြောင်း သတင်း သိရသည်။ လက်ရှိ ဇူလိုင် ပထမပတ်အတွင်း ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ...
နောင်ချိုမြို့တွင် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ မူးယစ်ဆေး သိမ်းဆည်းရမိ
SHAN -
သျှမ်းပြည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ သွားမည့် မော်တော်ကားတစ်စီးကို စစ်ဆေးရှာဖွေရာ ကာလပေါက်စျေး ကျပ်သိန်း ၁၂၀၀...





