Wednesday, January 28, 2026

ပင်လောင်းမြို့နယ် ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ဖမ်းဆီးရမိ

သျှမ်းပြည် ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီးတွင် ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပင်လောင်မြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ဘိန်းဖြူ

ဖြစ်စဥ်မှာ သျှမ်းပြည် ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီး ပင်လောင်း-တပ်ကုန်း သွားကားလမ်း တွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ စောဌေးဦး မောင်းနှင်လာသည့် SURF မော်တော်ယာဥ်ကို သြဂုတ် ၃၀ရက်တွင် မွန်းတည့် ၁၂နာရီ၌ စစ်ဆေးရာ ယာဥ်ပေါ်တွင် ဒေသ ကာလတန်ဖိုး ကျပ်သိန်း ၄၇၀၀ ကျော်ရှိ ဘိန်းဖြူးဘလောက်တုံး ၉၀ တုံး၊ အလေးချိန် ၃၁ဒသမ၅ကီလို သိမ်းဆည်းရမိကြောင်း CCDAC Myanmar တွင် ဖော်ပြထားသည်။

ထိုဖမ်းဆီးရမိသည့် ဘိန်းဖြူ ဘလောက်တုံးများသည် သျှမ်းပြည် မှ ကရင်ပြည်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပြီး၊ ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ တတိယပတ် အတွင်း ပင်လောင်းမြို့ဘက်မှ ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကားများဖြင့် စစ်အင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပင်လောင်းဒေသခံ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...