မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် (၂၀)ကျော် ချမှတ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့များ လာရောက်ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် (၂၀)ကျော် ချမှတ်ကြောင်း စုံစမ်းသိရသည်။

မိုင်းတုံမြို့တွင် နှစ်ကုန်အချိန် (ဒီဇင်ဘာလ အစ)တွင် မူးယစ်ဆေးဝါးသုံးစွဲများကို မူးယစ်ရဲတပ်ဖွဲ့က အမှုလိုအပ်မှုအတွက် လိုက်လံဖမ်းဆီးရာတွင် ထုံးစံဖြစ်နေကြောင်း ၊ ယခင်နှစ်ဖမ်းဆီးမိသူကို ငွေဖြင့် ပြန်လည် ရွေးခိုင်းပြီး ယခုနှစ် ဖမ်းမိသူကို ထောင်ဒဏ် နှစ်(၂၀) ကျော် ချမှတ်ကြောင်း မိုင်းတုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းတုံမြို့မှာ နှစ်ကုန်ပိုင်းမှာ မူးယစ်နှင့် ဆက်စပ်ပြီး သုံစွဲသူကို ဖမ်းတယ် နှစ်ကုန်ပိုင်း အထက်လူကြီးသတ်မှတ်ထားတဲ့ အမှု့လိုအပ်တဲ့အတွက် ဖမ်းဆီးနေတာဖြစ်တယ်။ နှစ်တိုင်းဖမ်းတာတော့ ထုံးစံဖြစ်နေပြီ အရင်နှစ်ဆို ပိုက်ဆံပေးပြီးပြန်ရွေးလို့ ရတယ်။ အခုနှစ်က ထောင်ဒဏ်ကို ချမှတ်တာ ဘာရည်ရွယ်ချက်နဲ့တော့ မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိ သျှမ်းအရှေ့ပိုင်းတကြောတွင် ဘိန်းစာရွက်ရည် (Kratom) အရည်ကို ဖော်ရည်သဘောဖြင့် ပိုမိုသုံးစွဲလာသည့်ကို တွေ့မြင်ရသည်။

အဆိုပါ သုံးစွဲသူအများစုသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ နားကောင်းမူး စသည့် မြို့ရဲ့ ပွဲလမ်းသဘင်တွေ ဘီယာ၊ အရက်နည်းတူ ထည့်သွင်းသောက်သုံး လာကြသည်ကို သိရသည်။

“ပြောရမယ်ဆို ထိုင်းနယ်စပ်က ပိုသုံးလာကြတာပေါ့၊ ဖော်ရည်သဘောလိုလည်း ဖြစ်နေတယ်။ ပွဲတိုင်းကို ချပေးတာ ဘီယာနဲ့ ရောတိုက်တာတွေ ရှိလာတယ်၊ သုံးစွဲသူလည်း များလာတယ်။ မိုင်းတုံဗျူဟာက အဲဒီသတင်းကို အထက်မရောက်ဖို့ လိုက်ပိတ်နေတယ်လို့ကြားတယ် ဘာလို့ဆို သူ့လက်အောက်ခံ ပြည်သူစစ်ဖြစ်နေလို့” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ဘိန်းစာရွက်ရည် သောက်သုံးနေသည့်သူများအနေဖြင့် သတိထားရန် လိုအပ်ကြောင်း၊ ဘိန်းစာရွက်သည် ထိုင်းနိုင်ငံတွင် တရားဝင် သုံးစွဲခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးအနေဖြင့် ရှိနေသေးသည့်အတွက် သတိထားရန် အထူးလိုအပ်ကြောင်းလည်း မိုင်းတုံ ဒေသခံများက ပြောဆိုသည်။

မိုင်းတုံဗျူဟာက အထက်ပါသတင်းကို အထက်လူကြီးများထံ မရောက်စေရန် လိုက်လံပိတ်ပင်နေပြီး ဖမ်းဆီးမှု ပြုလုပ်နေသူသည် လက်အောက်ခံ ပြည်သူစစ်ဖြစ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...