PNO ဖမ်းဆီးထားသည့် ဆီဆိုင် မူးယစ်ဆေး သုံးစွဲသူများကို ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မူယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူစစ် (PNO)ဖမ်းပြီး ငွေအဆမတန်ဖြင့် ပြန်ရွေးခိုင်းနေသည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် (စက်တင်ဘာလ)မှစတင်ပြီး ယခုလ (အောက်တိုဘာလ )အထိ ဆီဆိုင်မြို့တွင် မူးယစ် ဆေးဝါးသုံးစွဲသူကို အစုလိုက်အပြုံလိုက်ဖမ်းမိထားကာ ပိုက်ဆံရှိသည့် ပေါ်မူတည်ပြီး ကျပ်သိန်း ၅၀ဖြင့် ပြန်ရွေးခိုင်းကြောင်း ထိုဖြစ်စဉ်ကို သိသည့် ဆီဆိုင်မြို့မှ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဖမ်းတယ် ခဏခဏဖမ်းတယ်။ အရင်လဆို ပိုဆိုးတယ် ပိုက်ဆံရှိရင်ရှိသလို ပြန်ရွေးခိုင်းတယ်။ ဒီလိုလုပ်တာ နှစ်နဲ့ချီနေပြီ။ အာမခံနဲ့ပြန်ရွေးခိုင်းတယ် အနည်းဆုံးက ၁၅ သိန်းပဲ။ ရောင်းတဲ့သူလည်း လက်ဆင့် ပြန်ကမ်းကြတယ်။ တကယ်ကျတော့ သူတို့အချင်းချင်းပဲ” ဟု ၎င်းက ပြောသည်။

PNO တပ်သားများ

ယင်းကဲ့သို့ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး PNO တပ်မှ ထိထိရောက်ရောက်အရေးယူခြင်းမဟုတ်ဘဲ ၎င်းတို့မူးယစ်ဆေးဝါးတိုက်ဖျက်သည့် ပုံစံလောက်သာ ဟန်ပြလုပ်ဆေင်ပြပြီး ပြည်သူထူထုအတွက် မည်သည့် အကျိုးကျေးဇူးမှ မရှိနေကြောင်း အသက် ၄၀ ရှိအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ကဖမ်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့ ပုံစံလိုလို ဟန်ပြလောက်ပဲလုပ်ပြတာ။တကယ် မြေပြင်မှာ ပြည်သူအတွက် ဘာအကျိုးကျေးဇူးမှ မရှိဘူး။ မူးယစ်ဆေးဝါးရောင်းတဲ့သူလည်း သူတို့လူပဲ သူတို့အကျိုးစီးပွားရေးအတွက်လောက်ပဲ လုပ်စားနေကြတာ” ဟု၎င်းက ပြောသည်။

ဆီဆိုင်မြို့အတွင်းသို့ စစ်ရှောင်များ သုံးပုံ နှစ်ပုံခန့် ပြန်လာကြပြီး သဘာဝဘေးနှင့် စစ်ဘေးကြောင့် အလုပ်ကိုင်ရှားပါးကာ အလှူရှင်ကိုသာ အားထားနေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စ၍ မြို့အဝင်အထွက်ကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေပြီး စားသောက်ကုန်ပစ္စည်းများတင်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...