PNO ဖမ်းဆီးထားသည့် ရပ်စောက် မူးယစ်ဆေး သုံးသူ (၁၀) ဦး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည် ရပ်စောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူဟု စွပ်စွဲခံရသည့် ဒေသခံ (၁၀) ဦးကျော် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှဖမ်းဆီးခေါ်ဆောင်သွားပြီး ပိုက်ဆံဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

.

စက်တင်ဘာလအတွင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ ဒေသခံများကို မူးယစ်ဆေးဝါးသုံးစွဲသူဟု စွပ်စွဲခံရသည့် ဒေသခံ ၁၀ ဦးကျော်ကို PNO တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရိုက်နှက်စစ်ဆေးကာ တစ်ဦးကို ကျပ်ငွေ သိန်း ၃၀ မှ သိန်း ၄၀ အထိ ပြန်လည်ရွေးခိုင်းရကြောင်း ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ရွာမှာဆိုရင် ၁၀ ဦးတောင် မကတော့ဘူး။ ဒါတောင် တခြားရွာတွေ မပါသေးဘူး ဖမ်းသွားတာ။ တစ်ယောက်ကို သိန်း ၃၀၊ ၄၀ ပေးပြီး ပြန်လွတ်လာတယ်။ လူကို ရိုက်နှက်ပိုက်ဆံတွေတောင်းတယ်။ မပေးဘူးဆိုရင်လည်း ခြိမ်းခြောက်တယ်။ ဒီကောင်လေးကို သတ်ပစ်မယ်။ ဘာညာ ရှေ့တန်းကို ပို့ပစ်မယ်ဆိုပြီး ပြောတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ပအိုဝ်းပြည်သူ့စစ် PNO ဘက်မှ မူးယစ်ဆေးဝါးသုံးစွဲသူကို နှိမ်နင်းနေသည်ဟုဆိုသော်လည်း တစ်ဖက်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းအကြောင်းပြပြီး ပိုက်ဆံတောင်းခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိမှာ မူးယစ်ဆေးဝါး WY ဆေးပြား တစ်ပြားကို ကျပ်ငွေ ၂၅၀ ရှိရာ ကြက်ဉမှာတော့ ကျပ်ငွေ ၁ ထောင်ကို ၃ လုံးသာ ရရှိတော့သည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါး နှင့် ပတ်သက်ပြီး PNO တပ်မှ သုံးစွဲသူများကို လိုက်လံဖမ်းဆီး ဆောင်ရွက်ခဲ့သော်လည်း မူးယစ်ဆေးဝါးရောင်းချသူများကို ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပေ။

အလားတူ ယမ်းတွင်းငါးကြောင်ဒေသခံ တစ်ဦးက “ မူးယစ်ဆေးဝါးရောင်းတဲ့သူကိုတော့ သူတို့ မဖမ်းဘူး။ သူတို့တွေက အတူတူတွေပဲ။ တကယ့်တကယ် အကုန်ဖော်မယ်ဆိုရင်လည်း အကုန်လုံး မလွတ်ဘူးဖမ်းနိုင်တယ်။ ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက် နေတာတော့ မမြင်ဘူး။ ပိုက်ဆံရချင်လို့ လုပ်နေတာပဲ“ ဟု ၎င်းက ဆိုပြန်သည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူကို ဖမ်းဆီးရမိသည့်အထဲ ယခင်က (ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်) ဖမ်းဆီးခံရသူများလည်း ပါဝင်ပြီး တစ်ကြိမ်ကို ကျပ် သိန်း ၃၀ မှ ကျပ်သိန်း ၄၀အထိ ပေးဆောင်ရန် မတတ်နိုင်၍ မိသားစုများကချေးငှားပြီး ပေးဆောင်ရကြောင်း ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နေရာအနှံ့ မူးယစ်ဆေးဝါးများ ပိုမိုပေါများလာနေပြီး မူးယစ်ဆေး ဈေးကွက် ပိုကျယ်လာသလို ဈေးပေါလာသောကြောင့် မြို့နယ် ၁၀၀ အနက် ၉၄ မြို့နယ်တွင် ဆေးခြောက်ကို အလွယ်တကူ ဝယ်လို့ရနေကြောင်း ISP Myanmar ၏ စစ်တမ်းကောက်ထားချက်အရ သိရသည်။

စစ်တမ်းအရ ၈၉ မြို့နယ်တွင် WY ဆေးပြား နှင့် ခေါင်းခါဆေး ဟု လူသိများသည့် E ဆေးပြားများလည်း သုံးစွဲနေကြောင်း၊ ၅၃ မြို့နယ်တွင် ဘိန်းဖြူ နှင့် ကော်ရှူတာကို သုံးစွဲနေသည့်အဆင့် တတိယအများဆုံး ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...