ပင်လုံမြို့  လင်မယား (၂)ဦးကို  ဆေးကြောင်သူက ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွား

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ပင်လုံမြို့နေထိုင်သည့် လင်မယား နှစ်ဦးကို  ဆေးကြောင်သည့် အမျိုးသားတစ်ဦးက  ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကကြောင်း စုံစမ်း သိရသည်။

ပင်လုံမြို့

ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံမြို့ အနောက်ဘက် စေတီလေးဆူ အနီး၌ သက်ကြီးပိုင်းလင်မယား နှစ်ဦးကို ဆေးကြောင်သူအမျိုးသား တစ်ဦးမှ ပေါက်ဆိန်ဖြင့် ခုတ်သတ်လိုက် သည့်အတွက် အမျိုးသားဖြစ်သူကပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးက ဦးခေါင်းကွဲ ဒဏ်ရာရသွားကြောင်း သိရသည်။

“သူတို့ လင်မယားနှစ်ယောက်က အဲ့ခြံ/ယာခင်းတွေဘက်မှာ ထင်းသွားရှာကြတာပေါ့။ အဲ့ဒီအချိန်မှာ မူးယစ်ဆေး ကြောင်တဲ့အသက် (၂၀) ကျော် အမျိုးသား တစ်ဦးက သူတို့ဆီ လာပြီး ပေါက်ဆိန်နဲ့  လိုက်ခုတ်တာတဲ့။ သူ့ယောင်္ကျားဖြစ်သူ ကပွဲချင်းပြီးသေသွားတယ်၊ အဖိုး (အမျိုးသမီးဖြစ်သူ) ကတော့ ဦးခေါင်းကွဲပြီး ဆေးရုံ တင်ထားရတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့်အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ဆေးကြောင်သည့် အမျိုးသားသည် ၎င်းလင်မယား ၂ဦးကို ပေါက်ဆိန်ဖြင့် ခုတ်ပြီး အမျိုးသားပါလာသည့် ဖုန်းတစ်လုံးကိုလည်း လုယူသွားကြောင်း သိရသည်။ 

လက်ရှိ အချိန်တွင် ပေါက်ဆိန်ဖြင့် ခုတ်ခံရမှုကြောင့် ဦးခေါင်းကွဲ ဒဏ်ရာရထားသည့် အမျိုးသမီးသည် ဆေးရုံ၌ ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျူးလွန်သည့် ဆေးကြောင်သူ အမျိုးသားကို တာဝန်ရှိသူများက လိုက်လံရှာဖွေ နေကြကြောင်းလည်း သိရသည်။

“ကျနော်တို့မြို့မှာလည်း တဖြည်းဖြည်းနဲ့ ဒုစရိုက်မှုတွေ ပေါများလာတယ်၊ ဟိုနေရာမှာ ဓားပြတိုက်လိုက်၊ ဒီနေရာမှာ လုယက်မှုဖြစ်လိုက်နဲ့၊ ရပ်ရွာထဲမှာလည်း ဆေးသမား၊ မူးယစ်ဆေးဝါးတွေ တော်တော်ပေါ များလာတာ။ သူတို့ကို နှိမ်နှင်းအရေးယူပေးမှုလည်း မရှိတော့ ရပ်ရွာလုံခြုံရေးက ပိုဆိုးနေတာပေါ့” ဟု ပင်လုံမြို့ခံ အသက် (၅၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီတွင် ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကိုအမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃ ကျပ်သားကျော်ကို ဓားပြတိုက်လုယူသွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလ (၂၇) ရက်ကလည်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ စျေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသော လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်အပါအဝင် (၄) ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...