မူးယစ်ဆေးဝါး
မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးသုံးသူတယောက်က မိန်းမ နဲ့ သမီးကို ဓါးဖြင့်လိုက်ခုတ်
မိုင်းဆတ်မြို့နယ် ဝိန်းနေရွာမှာ မူးယစ်ဆေးကြောင်တဲ့ ရွာသားတယောက်ကနေ မိန်းမဖြစ်သူကို လိုက်လံဓါးခုတ်ဖြတ်တဲ့အမှုတရပ်ဖြစ်ပွါးခဲ့ပါတယ်။ ဝိန်းနေရပ်ကွက်နေ ဦးမြင့်နိုင်ဦး ဆိုသူက မူးယစ်ဆေးဝါးကြောင့်စိတ်ဖောက်ပြန်ပြီး ဖခင်ဖြစ်သူ၊ မိန်းမဖြစ်သူနဲ့ ကလေးတွေကို ဓါးနဲ့လိုက်ခုတ်၊ တူမီးသေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က ၂ နှစ်အရွယ်သမီးကို ဓါးနဲ့ခုတ်ထစ်မိလို ဂုတ်မှာနဲ့ ပေါင်မှာ ဒဏ်ရာရှိပြီး...
၂၀၀၈ အတိုင်းသွားနေလို့ မူးယစ်ဆေး ပြဿနာ မရှင်းနိုင်သေး သျှမ်းပြည်နယ်အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ်ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်အုပ်စုများ အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီး သော်လည်း မအောင်မြင်နိုင်သေးသည်မှာ အစိုးရအနေဖြင့်ထိထိရောက်ရောက်ကိုင်တွယ်ရန်အထူးလိုအပ်ကြောင်း လားရှိုးခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်း ကပြောသည်။ “တရားဥပဒေစိုးမိုးမှုမရှိလို့ မူးယစ်ဆေးဝါးမပ ပျောက်နိုင်တာလို့မြင်တယ်။ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသာ ဆက်သွား နေမယ်ဆိုရင်မူးယစ်ပြသနာကဒီအတိုင်းသွားနေမှာဘဲ။ လူထုရွေးချယ်တဲ့ အစိုးရ အောက်မှာ...
သျှမ်းပြည်တွင်း မူးယစ်ဆေးသုံးသူများပြား
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် မူးယစ်ဆေးဝါး သုံးစွဲသူများက ညအချိန်တွင် ရပ်ရွာ အတွင်းနှင့်ဘုန်းကြီးကျောင်းများပါမကျန် ၀င်ရောက်ရမ်းကားသောကြောင့် ဒေခံများ စုပေါင်းဖမ်းကြရ သည်ဟု သိရသည်။ "ရပ်ရွာထဲမှာ လူတွေကိုလိုက်နှောင့်ယှက်နေတယ်။ အဖွဲ့လိုက်လည်းရှိတယ်။ တယောက်ချင်းလည်းရှိတယ်။ ရွာသားတွေကို လောက်လေးဂွတွေနဲ့ပစ်တယ်။ သူများတွေနေအိမ်တွေထဲကို၀င်ပြီး ခိုးတယ်။ ဘုန်းကြီးကျောင်း တွေထဲဝင်ပြီး ဦးဇင်းတွေကိုပါမကျန် ဓါးပြ...
နှစ်ပတ်ကြာ ဖမ်းဆီးခံထားရသည့် RCSS/SSA တပ်သား ၆ ဦး ယနေ့ထိ မလွတ်သေး
သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နယ်အတွင်းနေ ဒေသခံများအား မူးယစ်ဆေးဝါးပညာပေး ဟောပြောသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဝင် ၆ ဦးအား တပ်မတော်မှ နှစ်ပတ်ကြာ ဖမ်းဆီးသွားသော်လည်း ယနေ့တိုင်ပြန်မလွတ်ပေးကြောင်း ပြောရေးဆိုခွင့်ကပြောသည်။ အဆိုပါ RCSS အဖွဲ့ဝင် ၆ ဦး သည် ဇွန်လ ၂၉...
“မူးယစ်ဆေးဝါး အထူးသတင်း တိုင်းကြားရေး ” သမ္မတတိုက်တွန်းချက် ၊ ဒေသခံလူထုလုံခြုံရေးအတွက်အထူးလိုအပ် ကျားခေါင်းပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြော
သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး သတင်းပေးသူများအတွက် လုံခြုံရေး အထူး လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများသည် လက်နက်များရှိနေသည့်အတွက် စိုးရိမ်စရာများစွာရှိကြောင်း သျှမ်းပြည်နယ် လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။ “ တိုင်းရင်းသားဒေသတွေမှာ အလုပ်မဖြစ်ဘူးလို့ ကျနော် ထင်တယ်။ တိုင်ကြားဖို့ဆိုတာ သတင်း အတိအကျ သိရှိပြီးမှ...
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၂၀ ရာခိုင်နှုန်းရှိ သျှမ်း-မြောက်ပြည်နယ်အုပ်ချုပ်ရေးမှူးပြော
SHAN -
ယနေ့မြန်မာနိုင်ငံအနေနှင့် ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာပြသနာအရင်းအမြစ်မှာ ဘိန်းစိုက် ဧရိယာများပြားစွာရှိနေမှု ကြောင့်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနားတွင် သျှမ်း-မြောက် ပြည်နယ် ဒု အုပ်ချုပ်ရေးမှူး ကပြောသည်။ ဇွန်လ ၂၆ ရက် မနက်၈နာရီမှ ၁၀နာရီအထိ လားရှိုးမြို့ ရှိမြို့တော်ခန်းမတွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနား အဖွင့်အမှာစကားပြောရာတွင် သျှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး...
SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား ကျင်းပပြုလုပ်
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် စိုက်ရာ ကျေးသီးမြို့နယ် ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇွန်လ ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂၀၁၈ ခုနှစ်အတွင်း SSPP/SSA မှဖမ်းဆီးရမိခဲ့သော ယာဘအပြားပေါင်း ၅ သိန်းကျော်နှင့် ဘိန်းဖြူ ၊ ဘိန်းမဲ၊...
မူးယစ်ဆေးဝါးရောင်းဝယ်မှု တာဝန်ရှိသူများထံ သတင်းအချက်အလက်ပေးရန် ပြည်သူများအယုံအကြည်မရှိ
မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေး တိုင်တန်းရန် ပြည်သူများအယုံအကြည်မရှိဟု Justice Drum လူမှုအဖွဲ့အစည်းကွန်ရက်မှ ထုတ်ဖော်ရှင်းလင်းသည် ။ တောင်ကြီးမြို့နယ် ၊ ကလောမြို့နယ် ၊ ဟိုပုံးမြို့နယ် များတွင်းတစ်နှစ်သာ မူးယစ်ဆေးဝါးလျှော့ချရေး လုပ်ငန်းတွေ့ရှိချက်များကိုချပြရှင်းလင်းသည့် ဆွေးနွေးပွဲ ကို Justice Drum အဖွဲ့မှ မေလ (၁၁) ရက်နေ့က...
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အောင်မြင်မှုအတွက် ပြည်သူလူထုလက်တွဲပူးပေါင်းမှုလိုအပ်
SHAN -
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း လုပ်ဆောင်၍မရကြောင်းနှင့် တားဆီးနှိမ်နင်းရေးအောင်မြင်မှုအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ပြည်သူ့စကားဝိုင်းတွင်ပြောသည်။ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ...
တောင်ကြီးမြို့ အချုပ်ခန်းတွင် အချုပ်သားအချင်းချင်း သတ်ဖြတ်မှုဖြစ်ပွား
တောင်ကြီးမြို့ မြို့မရဲစခန်းတွင်အချုပ်သားအချင်းချင်း ထိုးကြိတ်ရာမှ လူသတ်မှုဖြစ် ပွားခဲ့သည်ဟု အသတ်ခံရသူ၏မိသားစုဝင်များက ပြောသည်။ မူးယစ်ဆေးဝါးမှုဖြင့် မတ်လ(၇) ရက်နေ့ကအဖမ်းဆီးခံထားရသော တောင် ကြီးမြို့ ၊ မြို့မရပ်နေထိုင်သူ အသက်(၃၆)နှစ် ကိုထူးအောင်ဆိုသူ အားမူး ယစ်ဆေးဝါး ယင်းထ သည်ဟုဆိုကာ အချုပ်ထဲရှိ အချုပ်သား (၅) ဦးက ၀ိုင်း...





