Saturday, April 20, 2024

မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးသုံးသူတယောက်က မိန်းမ နဲ့ သမီးကို ဓါးဖြင့်လိုက်ခုတ်

Must read

မိုင်းဆတ်မြို့နယ် ဝိန်းနေရွာမှာ မူးယစ်ဆေးကြောင်တဲ့ ရွာသားတယောက်ကနေ မိန်းမဖြစ်သူကို လိုက်လံဓါးခုတ်ဖြတ်တဲ့အမှုတရပ်ဖြစ်ပွါးခဲ့ပါတယ်။

ဆေးကြောင်ဖခင်မှလိုက်ခုတ်သဖြင့် ဒဏ်ရာရသောသမီးလေး ဆေးရုံရောက် ။ အဖိုးနှင့်မြေးမ များပုံ။ Photo: Citizen Journalist

ဝိန်းနေရပ်ကွက်နေ ဦးမြင့်နိုင်ဦး ဆိုသူက မူးယစ်ဆေးဝါးကြောင့်စိတ်ဖောက်ပြန်ပြီး ဖခင်ဖြစ်သူ၊ မိန်းမဖြစ်သူနဲ့ ကလေးတွေကို ဓါးနဲ့လိုက်ခုတ်၊ တူမီးသေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က  ၂ နှစ်အရွယ်သမီးကို ဓါးနဲ့ခုတ်ထစ်မိလို ဂုတ်မှာနဲ့ ပေါင်မှာ ဒဏ်ရာရှိပြီး ဆေးရုံကိုပို့ဆောင် ကုသနေရပါတယ်။

“မူးယစ်ဆေးက အခု အရမ်းကိုများပြားနေပါတယ်။ နေရာမရွေးဝယ်ယူလို့ရတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဆေးစွဲဆေးကြောင်တဲ့လူတွေလည်းအရမ်းများနေပါတယ်။ မူးယစ်ဆေး ဝါးကိုထိရောက်စွာ နှိမ်နင်းနိုင်ဖို့ဘယ်လိုနည်းလမ်းတွေရှိမလဲ ဘယ်လိုအကောင် အထည် ဖော်ရင်ကောင်းမလဲဆိုတာ ဒေသတွင်းလူထုအလေးအနက်ထားပြီး ဆွေးနွေးလုပ်ဆောင် သွားစေချင်ပါတယ်ခင်ဗျ ”–  လို့မိုင်းဆတ်ဒေသခံ စိုင်းလုံ ကသျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ဓါးခုတ်မှုတရားခံ မြင့်နိုင်ဦး  အသက် ၃၇ နှစ်ကို လက်ရှိမှာ မြို့နယ်ရဲတွေကဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သူတို့မှာ လပိုင်းအရွယ်အမွှာကလေးရှိနေပြီး သားသမီးစုစုပေါင်း ၇ ယောက်ရှိကြောင်းနဲ့အကြီးဆုံးက ၁၃ နှစ်အရွယ်ရှိတယ်လို့သိရပါတယ်။

မိသားစုဦးရေများတာကြောင့် အကြီးဆုံးကလေး  ၃ ယောက်ကို ကျောင်းကနေ ထွက်ခိုင်းထားတာ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ကလေးလေးတွေအတွက် မိုင်းဆတ်မြို့နယ်ထဲက စေတနာရှင်၊ လူမှုအသင်း အဖွဲ့၊ ပရဟိတအဖွဲ့တွေကနေ  ကူညီထောက်ပံ့မှုတွေပေးထားတယ်လို့လည်းသိရပါတယ်။

မိုင်းဆတ်မြို့နယ်ထဲမှာသာမက သျှမ်းပြည်တွင်းမြို့နယ်တိုင်းမှာ ယာဘ နဲ့ တခြားမူးယစ်ဆေးဝါး ပေါများနေပြီး ဝယ်ယူသောက်သုံးရလွယ်ကူနေကြောင်း၊ ယာဘတပြားတန်ဖိုးအနည်းဆုံး ကျပ် ၂၀၀ အထိရှိကြောင်း၊ မူးယစ်ဆေးဝါးစွဲသူတွေကြောင့် ရပ်ရွာတွေမှာ ခိုးဆိုးလုယက်မှုတွေ၊ မှုခင်းကျူးလွန်မှုတွေ တန့တခြားပိုမိုများပြားလာနေပါတယ်။

 

Leave a Comments

- Advertisement -spot_img

Latest article