Wednesday, January 28, 2026

သျှမ်းပြည်တွင်း မူးယစ်ဆေးသုံးသူများပြား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် မူးယစ်ဆေးဝါး သုံးစွဲသူများက ညအချိန်တွင် ရပ်ရွာ အတွင်းနှင့်ဘုန်းကြီးကျောင်းများပါမကျန် ၀င်ရောက်ရမ်းကားသောကြောင့် ဒေခံများ စုပေါင်းဖမ်းကြရ သည်ဟု သိရသည်။

Photo Credit to SAK

“ရပ်ရွာထဲမှာ လူတွေကိုလိုက်နှောင့်ယှက်နေတယ်။ အဖွဲ့လိုက်လည်းရှိတယ်။ တယောက်ချင်းလည်းရှိတယ်။ ရွာသားတွေကို လောက်လေးဂွတွေနဲ့ပစ်တယ်။ သူများတွေနေအိမ်တွေထဲကို၀င်ပြီး ခိုးတယ်။ ဘုန်းကြီးကျောင်း တွေထဲဝင်ပြီး ဦးဇင်းတွေကိုပါမကျန် ဓါးပြ ခြိမ်းခြောက်တယ်။ အဲလောက်ဆိုးရွားနေပြီ ။ တခြားရွာတွေ က လာတဲ့ မျက်နှာစိမ်းတွေလည်းရှိတယ်။ ကိုယ့်ဒေသကလူတွေလည်းပါတယ်။ ရဲတွေကဖမ်းဆီးအပြစ်ပေးတာ ပြုပြင်ပေးတာမရှိတော့ ရွာသားတွေက ကိုယ့်ဟာကိုသတိ၀ိရိယကြီးကြီးထားပြီးနေနေရတယ်။ – ဟု နမ့်လန်ဒေသခံ စိုင်းအောင် ကပြောသည်။

သြဂုတ်လ ရ ရက်ယနေ့မနက်ပိုင်းက မန်လီအုပ်စု ကုန်းဝါရွာမှ ဦးအောင်လူ ဆိုသည့် မူးယစ်ဆေးကြောင်သူ မှာ နမ့်လန်အုပ်စုသို့ဝင်ရောက်ကာ ရမ်းကားသဖြင့် ဒေသခံလူထု ၀န်းရံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကုန်းဝါရွာက လုံးမောင် ပါအုံတို့ရဲ့သားပေါ့။ သူဆေးစွဲနေတာကြာပြီ။ ပြောမရလို့ မိဘကလွှတ်ထား တာ။ သူကညတုန်းက မန်လီရွာဘုန်းကြီးကျောင်းမှာသွားသောင်းကျန်းနေတာတဲ့။ ကျောင်းအတွင်း ပန်ကာတွေ၊ ၀ထ္ထုပစ္စည်းတွေ ရိုက်ချိုးတယ်။ ဒီိမနက်မှ ရူးမူးပြီး နမ့်လန်ထဲကို၀င်လာတာ။ အဲတာ ၀ိုင်းဖမ်းကြတာ။ နမ့်လန်ထဲမှာသောင်းကျန်းနေတဲ့သူတွေကိုတော့ မဖမ်းမိသေးဘူး – ဟုလည်း ဒေသခံစိုင်းဆိုင်ကပြောသည်။

လူထု ၀ိုင်းဖမ်းသည့် မူးယစ်ဆေးသုံးသူများအား ရဲစခန်းသို့ အပ်နှံကြောင်း သို့သော်လည်း ရဲစခန်းက တာဝန်ယူ ချုပ်နှောင်ထားခြင်း၊ အကျင့်စာရိတ္တပြုပြင်ပေးရန် တခြားဆိုင်ရာသို့ လွှဲအပ်ခြင်းမပြုဘဲ မိဘဆွေမျိုးများထံပြန်လည်အပ်နှံလေ့ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“မူးယစ်ဥပဒေက ရောင်းသူကိုဘဲဖမ်းတယ်လေ။ သောက်စားသူကိုတော့မဖမ်းဘူးလေ။ မနေ့ကဖမ်းလိုက်တဲ့ ကုန်းဝါရွာသားကိုလည်း ပြန်လာယူသွားဖို့ သူ့မိဘတွေဆွေမျိုးတွေကို ရဲဘက်ကအကြောင်းကြားထားတယ် – ဟုလည်း စိုင်းဆိုင် ကပြောသည်။

မူးယစ်သုံးစွဲသူများ များပြားလာသဖြင့် ရပ်ရွာတွင်း ခိုးဆိုး ဓါးပြတိုက်မှု၊ ရပ်ရွာအတွင်းသောင်းကြမ်း မှု များလည်း မြို့နယ်တိုင်းနီးပါး ရှိနေကြောင်း သျှမ်းပြည်တောင်ပိုင်း မှကုန်သည် နန်းလီကပြောသည်။

“လင်းခေးမြို့မှာလည်း သူခိုးတွေသောင်းကြမ်းနေတယ်ဒီ ၂ လ ၃ လအတွင်းမှာ။ မဖမ်းမိသေးဘူး။ ဒါပေမယ့် ရိုးတိုးရိပ်တိတ်တော့ကြားနေရတယ်။ ဒေသခံမဟုတ်ဘူး။ လင်းခေးမြို့ဟာ တရားဓမ္မအရမ်းယုံကြည် ကိုးကွယ်တဲ့မြို့။ အရင်တုန်းက ဘာသူခိုးမှမရှိဘူး။ ရှုပ်ရှုပ်ယှက်ယှက်မရှိခဲ့ဖူးဘူး။ ခုမှဘဲ လောဘသား တွေများလာတယ်။ လူငယ်တွေဆေးသုံးတာတွေများလာတယ်။ ပြသနာတွေလည်းများလာတယ် – ဟု နန်းလီ ကပြောသည်။

သျှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာ လျော့ပါးလာသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ပါရှိသော်လည်း သျှမ်းပြည်၏မြို့နယ်တိုင်းနီးပါးတွင် ယာဘ မူးယစ်ဆေးဝါးမှာ ပေါများနေပြီး သောက်သုံးသူလည်း တနေ့တခြား ပိုမိုများပြားလာနေကြကြောင်း သျှမး်ပြည်မှုယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ကလည်းပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...