တောင်ကြီးမြို့ အချုပ်ခန်းတွင် အချုပ်သားအချင်းချင်း သတ်ဖြတ်မှုဖြစ်ပွား

တောင်ကြီးမြို့ မြို့မရဲစခန်းတွင်အချုပ်သားအချင်းချင်း ထိုးကြိတ်ရာမှ လူသတ်မှုဖြစ် ပွားခဲ့သည်ဟု အသတ်ခံရသူ၏မိသားစုဝင်များက ပြောသည်။


မူးယစ်ဆေးဝါးမှုဖြင့် မတ်လ(၇) ရက်နေ့ကအဖမ်းဆီးခံထားရသော တောင် ကြီးမြို့ ၊ မြို့မရပ်နေထိုင်သူ အသက်(၃၆)နှစ် ကိုထူးအောင်ဆိုသူ အားမူး ယစ်ဆေးဝါး ယင်းထ သည်ဟုဆိုကာ အချုပ်ထဲရှိ အချုပ်သား (၅) ဦးက ၀ိုင်း ၀န်းထိုးကြိုတ်မှုကြောင့် သေဆုံး သွားခဲ့ကြောင်း သေဆုံးသူ၏ အစ်မတော် စပ်သူ မဇင်မာဌေးက မတ်လ (၂၆) ရက် နေ့က မီဒီယာများသို့ပြော သည် ။

“ ကျမမောင်လေးက မတ်လ(၇) ရက်နေ့မှာအဖမ်း ခံရတယ် ၊ (၈) ရက်နေ့ မှာ တရားရုံး မှာ ရမန်ယူတော့ မိသားစုနဲ့တွေ့ရတယ်။ အဲဒီတုန်းကအကောင်း ကြီးရှိ သေးတယ်။ (၉) ရက်နေ့ ၁၁ နာရီ လောက်မှာ စခန်းကနေပြီးတော့ ဆုံးပြီလို့အ ကြောင်းကြားလာတယ် ။ ဆေး ယင်းတအားထ ပြီးတော့ တက်သွား တယ်။ ဆေး ရုံလိုက်ပို့ တာမမှီလိုက်ဘူး ၊ ကားပေါ်မှာ ပဲ ဆုံးသွားတယ်လို့ စ ခန်းက ပြောလာတယ်။ ကျမ မောင်လေးကို သဂြိုလ်ပြီးတဲ့ အထိဆေး ယင်းတအားထပြီးသေ တယ်လို့ပဲ ကျမတို့မိသားစုတွေ အားလုံးသိ ထားကြ တာလေ ” ဟု မဇင်မာဌေးက ရှင်းပြသည် ။

မှုခင်းဆရာဝန်၏ ဆေးစာများအရ သေဆုံးသူမှာ နံရိုး (၆) ချောင်းကျိုးကာ ဘေလုံး (၄) စင်တီ ကွဲပြီး သွေးလွန်၍သေဆုံးရခြင်း ဖြစ်ကြောင်း ရေးသား ထားသည့်ဆေးစာကို မိသားစုဝင်များဖတ်ခဲ့ရကြောင်း ၄င်းကဆက်ပြော သည် ။

“ သဂြိုလ်ပြီးတော့မှ စခန်းမှူးကခေါ်ပြောတယ် ၊ CCTV မှတ်တမ်းအရ ကျမ မောင် လေးက လူ(၅) ယောက်ဝိုင်းရိုက်လို့သေမှန်းသိခဲ့ရတယ် ၊ ရဲတပ်ဖွဲ့တွေအများကြီးရှိရက်နဲ့လူတစ်ယောက် လုံး ရိုက်သတ်ခံရတာတောင် မသိ ဘူးလား ၊ အခုဖြစ်သွားတဲ့ ကိစ္စအတွက် တာဝန်ရှိသူတွေ တာဝန်ယူစေချင်တယ် ၊ အမှန်တရားအ တိုင်းပဲဖြစ်စေချင်တယ် ၊ ဒီလိုမျိုး တစ်ခြားသူတွေလဲနောက်ထပ် မဖြစ်စေချင်ဘူးဟု ” ဟု မဇင်မာဌေး ကဆက် လက်ပြောသည် ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့ ၊ မြို့မရဲစခန်း သို့ သွားရောက် မေးမြန်းရာ စခန်းမှူး ဒုရဲမှူး မျိုးဦးက မှုခင်းဆရာဝန်၏ ဆေးစစ်ချက်ထွက် ရှိမှသာ CCTV ပြန်စစ် ကာ အရိုက်ခံရသည့် ဒဏ်ရာကြောင့် ဘေအိတ်ကွဲ သေဆုံးသွား ကြောင်းသိရသည်ဟု ရှင်းပြသည် ။

“ မူးယစ်ဆေးဝါးယင်းထနေတာကို ၀ိုင်းထိန်းသိမ်းရင်းနဲ့ဖြစ်တာ ၊ ဘာရန်ငြိုးမှ လည်းမ ရှိကြပါဘူး ၊ အခုဖြစ်သွားတဲ့ကိစ္စက ရဲတပ်ဖွဲ့ဘက်ကလုံးလုံးတာဝန် ပျက်ကွက် တာမျိုး တော့မ ဟုတ်ဘူး ၊ အဲ့ဒီနေ့ စခန်းမှာ ၁၀ တန်းဖြေမယ့် အချုပ်သား တစ်ဦးလည်းရှိနေ တယ် ။ ကင်းမှူးတစ်ယောက်နဲ့ကင်းသား (၄)ယောက်က လည်း တရားခံတွေ ရုံး ထုတ်/သွင်း လုပ်တဲ့ခါမှာလည်းကူရပါတယ် ။ စခန်းရဲ့အနေအထားကလည်း ထွက် ပြေးနိုင်စရာမရှိ ဘူး ၊ လုံခြုံမှုရှိတဲ့အတွက်အဲ့ဒီဖက် မှာနည်းနည်းပေ့ါလျော့သွားတယ် ” ဟု ဒုရဲမှူး မျိုးဦးက ပြောသည် ။

လူသေဆုံးသည့်အထိ တာဝန်ပေါ့လျော့သည့်ရဲဝန်ထမ်းများအား ရဲလုပ်ထုံးလုပ် နည်း နဲ့ညီ ခုံရုံးဖွဲ့စစ်ဆေးကာ အရေးယူမှုများရှိကြောင်း ၊ ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် အချုပ် သား (၅) ဦးကိုလည်း လူသတ်မှု ဖွင့်ထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အရေး ယူဆောင်ရွက်ထားလျှက်ရှိကြောင်း ၄င်းထံမှ သိရှိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...