မူးယစ်ဆေးဝါးရောင်းဝယ်မှု တာဝန်ရှိသူများထံ သတင်းအချက်အလက်ပေးရန် ပြည်သူများအယုံအကြည်မရှိ

မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေး တိုင်တန်းရန် ပြည်သူများအယုံအကြည်မရှိဟု Justice Drum လူမှုအဖွဲ့အစည်းကွန်ရက်မှ ထုတ်ဖော်ရှင်းလင်းသည် ။

မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး Justice Drum လူမှုအဖွဲ့အစည်းကွန်ရက်မှ ပြုလုပ်သည့် ရှင်းလင်းပွဲ

တောင်ကြီးမြို့နယ် ၊ ကလောမြို့နယ် ၊ ဟိုပုံးမြို့နယ် များတွင်းတစ်နှစ်သာ မူးယစ်ဆေးဝါးလျှော့ချရေး လုပ်ငန်းတွေ့ရှိချက်များကိုချပြရှင်းလင်းသည့် ဆွေးနွေးပွဲ ကို Justice Drum အဖွဲ့မှ မေလ (၁၁) ရက်နေ့က တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ် ၊ မင်းကံကောင်း စားသောက်ဆိုင်တွင် ကျင်းပခဲ့သည် ။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြည်သူများ သတင်းပေးရာတွင် သတင်းပေး သူကို သတင်းယူသူမှ ကြိုသိနေခြင်း ၊ သတင်းပေး သူအားလျှို့ ၀ှက်ပေး ရန်ကိစ္စမှာ မူအရ သာရှိနေခြင်းတို့ကြောင့် ပြည်သူများ အနေဖြင့် သတင်းပေးရန်အယုံ အကြည်မရှိကြောင်းရှင်းလင်း ဆွေးနွေးခဲ့သည် ။

“ လူထုကတော့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးတွေနဲ့ပတ်သက်လို့ အားပေး ကြိုဆို ကြပေမဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်း နေတာတွေ့ရတယ်။ လူငယ် တော်တော်များများက မူးယစ်ဆေးစွဲနေကြတယ် ၊ တော်တော် များများက သုံးစွဲဖူးတဲ့လူတွေများနေကြတယ် ၊ ပေါပေါများများ လည်းရ နေကြတယ် ၊ ဒါပေမဲ့ဒီကိစ္စတွေကို ရပ်ရွာနေလူထုတွေက မဆန့် ကျင် ရဲကြဘူး ၊ ရောင်း နေတာလဲသိတယ် သတင်းပေးတဲ့အခါမှာလဲ မလုံခြံု တာတွေ သွားတွေ့ တော့ ပူးပေါင်းဆောင်ရွက်မှုမလုပ်ချင်ကြဘူး ” ဟု Justice Drum အဖွဲ့မှ ဒါရိုက်တာ ဦးအောင်ဇေ ကပြောသည် ။

တောင်ကြီးမြို့ပေါ်တွင် ၈၀% နှုန်းသောအမှုမှာ လူငယ်များ နှင့် မူးယစ် ဆေးဝါးဖြစ်ပြီး၊ တောင်လေးလုံး အကျဉ်းထောင်တွင်လည်းဆေးမှုနှင့် ပတ်သက်သည့် လူငယ် များရာခိုင်နှုန်း အများဆုံးဆိုတာတွေ့ရှိရကြောင်း ၄င်းထံမှ ဆက်လက်သိရသည် ။

လူငယ်များအား မူးယစ်ဆေးဝါး ဆိုင်ရာ အသိပညာပေးရာတွင် နည်းစနစ် ဟောင်း အရအောင်မြင်မှုအလွန်နည်းပါးသဖြင့် Update ဖြစ်သည့် နည်း လမ်းများသုံးရန် အစိုးရအားအကြံပြုပြောဆိုဖူးသည်ဟု သျှမ်းပြည်နယ် ၊ တောင်ပိုင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မာနာ)၏ အတွင်းရေးမှူး နန်းမိုမိုသီတာကပြောသည် ။

“ (မာနာ) အသင်းရဲ့ အဓိကလုပ်ဆောင်ချက်က မူးယစ်ဆေးဝါး မှာ ၀ယ်လိုအားလျော့ချရေးကိုအဓိကလုပ်ဆောင်တာ ဆိုတော့ ဟော ပြောပွဲတွေလိုက်လုပ်တယ်ပေါ့၊ အဲ့ဒီဟောပြောပွဲ တွေလုပ် တဲ့ခါမှာလဲ အမှန်အတိုင်းပြောရင်တော့ အောင်မြင်မှုရာခိုင်နှုန်း နည်းပါတယ် ၊ ဒီလောက်ပြောနေဟောနေတာပဲ သုံးစွဲတဲ့သူလဲ များနေတာပဲ ။ လူငယ်တွေကို မူးယစ်ဆေးဝါး အသိပညာပေးတဲ့ခါမှာ Update ဖြစ်တဲ့ နည်းလမ်းနဲ့ပေးဖို့တော့လိုလိမ့်မယ်” ဟု ၄င်းကဆက်လက်ပြောသည် ။

ပြီးခဲ့သည့် ၁၁ ရက်နေ့ကလည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မူးယစ်ဆေးဝါးနှင့်လူငယ် ခေါင်းစဉ်ဖြင့် စကားဝိုင်းပြုလုပ်ရာတွင် – မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း လုပ်ဆောင်၍မရကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးသွားခဲ့ပါသည်။

“ အဓိက ကတော့မူးယစ်ဆေးဝါးတွေဒီလောက်ပျံ့နှံ့တာ လက်နက်ကိုင် ပဋိပက္ခနဲ့ တဝက်တပျက်ငြိမ်းချမ်းရေးကြောင့်ပဲ တကယ့် ငြိမ်းချမ်းရေး ရ အောင်ဖော်ဆောင်နိုင်တယ်ဆိုရင် ဒီမူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ပစ္စည်း တွေက နိုင်ငံခြားကလာတာ ၊ နိုင်ငံခြားမှာ တရားဝင် အပေါက်ရှိသလို တရား မဝင်အပေါက်လည်းရှိတယ် စစ်မှန်သောငြိမ်းချမ်းရေး ရရှိပြီးရင် နယ်စပ်ဂိတ် တွေကို သေချာကိုင်တွယ်မယ်ဆိုရင် လျော့ချနိုင်မယ်လို့ ထင်တယ် ” ဟု ဦးအောင်ဇေက ဆက်လက်ပြောကြားသွားသည် ။

သျှမ်းပြည်တွင် ဘိန်းစိုက်ခင်းများလျော့သွားသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရုံး (UNODC) ၏ ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာ တွင်ဖော်ပြထားသော်လည်း မြန်မာ နိုင်ငံ တွင် အသက် ၁၂ နှစ်အရွယ်ကလေးမှအစ မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း၊ ကမ္ဘာတွင် အာဖဂန် နစ္စတန် ပြီးရင် မြန်မာနိုင်ငံတွင် တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံတခု ဖြစ်ကြောင်း ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...