မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အောင်မြင်မှုအတွက် ပြည်သူလူထုလက်တွဲပူးပေါင်းမှုလိုအပ်  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း လုပ်ဆောင်၍မရကြောင်းနှင့် တားဆီးနှိမ်နင်းရေးအောင်မြင်မှုအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ပြည်သူ့စကားဝိုင်းတွင်ပြောသည်။


လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ရာတွင် ရဲမှူးက ပြောဆိုခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲသည့်လူငယ်များတွင် ၊ကျောင်းတွင်စာမလိုက်နိုင်သူများ၊ မိဘအုပ်ထိန်းမှုနှင့် ကင်းကွာနေသူများ၊ ပညာတပိုင်းတစသင်၍ ကျောင်းထွက်သွားသူများ ဖြစ်လေ့ရှိကြောင်း ရဲမှူးကပြောသည်။

“ဖမ်းဆီးရမိမှုအတွေ့အကြုံအရဆိုရင် လားရှိုးမြို့ရဲ့မြို့စွန်ပတ်ဝန်းကျင်တွေမှာတော့ လူငယ်တွေစုဖွဲ့ပြီးတော့မှ အိမ်ကနေ ပိုက်ဆံငါးရာတစ်ထောင်ရတယ်ဆိုရင် လက်တည့်စမ်းချင်တဲ့ အနေအထားလေးသွားတွေ့ရတယ်။ အဲဒီကလေးတွေကို ပြန်လည်စီစစ်လိုက်တော့ ၁၅ နှစ် ၁၆ နှစ် အရွယ်ကစပြီး အထက်ပိုင်းအရွယ်ထိ တွေ့ရပါတယ်” ဟု၄င်းကဆက်ပြောသည်။


အဆိုပါ စကားဝိုင်းသို့ ဒေသတွင်းလူထု စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့ပြီး လားရှိုးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း၊ အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်း၊ ကျန်းမာရေးဦးစီးဌာနမှ သမားတော်ကြီး ဒေါက်တာကျော်ထင်၊ Mynamar Anti Narcotics Association(MANA)မှ ဒေါက်တာ တင့်ဆွေ၊ မြို့နယ်ဥပဒေအရာရှိ ဦးစောကဲဒို၊ ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးခိုင်ဝင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဗဟိုအလုပ်အမှု ဆောင်စာရင်းစစ်မှူး ဒေါ်ခင်သန်းနွဲ့တို့မှ မူးယစ်ဆေးဝါးနဲ့ပတ်သက်သည့်ခေါင်းစဉ်များအသီးသီးပြောကြားသွားခဲ့သည်။


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက တိုင်းရင်းသားဒေသများတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရာ၌ ပြည်သူလူထုတွင် အလွန်အားနည်းကြောင်း၊ပြည်သူများအနေဖြင့်လည်း မိမိတို့ မိသားစု မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန် တနိုင်တပိုင် ကာကွယ်သင့်ကြောင်း ပြည်သူ့စကားဝိုင်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်းမှာ ကျနော်တို့သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သွားပြီးအပြစ်မြင်လို့မရဘူးဗျ။ ကိုင်တွယ်ရမယ့်ဖြစ်တည်မှုကို ကျနော်တို့ သိရှိဖို့လိုအပ်ပါတယ်။ ဒီဒေသမှာတိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအသိပညာသွားပေးတဲ့ခါ ဘာသာစကားတစ်ခုတည်းပြောလို့မရဘူး” ဟု ၄င်းကဆက်ပြောသည်။

ယခုအခါတွင်ခေတ်စနစ်နှင့်အညီ ပြစ်မှုဆိုင်ရာမှုခင်းအနေဖြင့်မကြည့်ဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများကို တားဆီးနှိမ်နင်းရေးအနေဖြင့် ဥပဒေကိုပြင်ဆင်လိုက်ကြောင်း ရဲမှူးရီထွန်းသန်းကပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၆ ၌ ပြဌာန်းထားသည့် ဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲသူများသည် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန အားကစားဝန်ကြီးဌာနတို့ ဖွင့်ထားသည့်ဌာနတို့တွင် ဆေးကုသမှုခံယူရမည် သို့မဟုတ် နိုင်ငံတော်အစိုးရမှသတ်မှတ်ထားသည့် ဆေးကုဂေဟာ ဆေးကုဌာနတို့ တွင် ဆေးကုသရမည်ဖြစ်သည် ဟု ၄င်းကဆက်ပြောသည်။

ဆေးကုသမှုမရှိဘဲ ရဲတပ်ဖွဲ့မှတွေ့ရှိလျှင် မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ ပနာမဆေးစစ်ဆေးမည်ဖြစ်ပြီး သုံးစွဲမှုပေါ်ပေါက်လျှင် သက်ဆိုင်ရာ ကျမ်းမာရေးဝန်ကြီးဌာနမှ ဆေးကုသပေးမည်ဖြစ်ကြောင်း ၊ ထိုသို့ဆေးကုသမှုခံယူနေစဉ်အတွင်း မူးယစ်ဆေးဝါးသုံးသူမှ ခံဝန်ချုပ်ပါစည်းကမ်းချက်များကိုဖောက်ဖျက်လျှင် သက်ဆိုင်ရာတရားရုံးမှ သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ လမ်းတံတားခင်းခြင်း လူမှုအဖွဲ့အစည်းများနှင့် အကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင်းတို့နှင့်အတူထောင်ဒဏ် ပြစ်ဒဏ် ၆ လ – ၁ နှစ် စသည်ဖြင့် ချမှတ်မည်ဖြစ်ကြောင်း ရဲမှူးကထပ်ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေးစခန်းအဖြစ် သျှမ်းပြည်နယ်အစိုးရမှ ဖယ်ခုံ၊ ဟိုပုံး၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး စသည့် ခုနှစ်နေရာတွင်ထားရှိကြောင်း ရဲမှူးကပြောပါသည်။

လားရှိုးခရိုင်တွင် ပြန်ကြားရေးဌာနမှ ဦးစီးကျင်းပသော လူငယ်နှင့်မူးယစ်ဆေးဝါးစကားဝိုင်းမှာ ယခုပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...