“မူးယစ်ဆေးဝါး အထူးသတင်း တိုင်းကြားရေး ” သမ္မတတိုက်တွန်းချက် ၊ ဒေသခံလူထုလုံခြုံရေးအတွက်အထူးလိုအပ် ကျားခေါင်းပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြော  

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး သတင်းပေးသူများအတွက် လုံခြုံရေး အထူး လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများသည် လက်နက်များရှိနေသည့်အတွက် စိုးရိမ်စရာများစွာရှိကြောင်း သျှမ်းပြည်နယ် လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

“ တိုင်းရင်းသားဒေသတွေမှာ အလုပ်မဖြစ်ဘူးလို့ ကျနော် ထင်တယ်။ တိုင်ကြားဖို့ဆိုတာ သတင်း အတိအကျ သိရှိပြီးမှ တိုင်ဖို့က မလွယ်တဲ့ကိစ္စ။ နောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ လူတွေက လည်း သူတို့ဒီတိုင်း ရိုးရိုးနဲ့ ရောင်းဝယ်နေကြတာ မဟုတ်ဘူး။ သူတို့ က ငွေရေး ကြေးရေး လက်နက်တွေနဲ့ဆိုတော့ တိုင်ကြားတဲ့ သူအတွက် စိုးရိမ်စရာဖြစ်ပါတယ်” ဟု စိုင်းဝမ်းလှိုင်းခမ်း ကဆိုသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှု များကို လုံခြုံစွာ သတင်းပေးပို့တိုင်ကြားနိုင်မည့် “ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေး ဌာန” ကို နိုင်ငံတော် သမ္မတ ရုံးတွင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဆက်သွယ်တိုင်ကြားသူများ၏ လုံခြုံရေး ၊သတင်းအချက်မပေါက်ကြား ရေး အတွက် လုံခြုံမှု အဆင့် အတန်း သတ်မှတ်ဆောင်ရွက် သည့် လုပ်ထုံးလုပ်နည်း ချမှတ်ထားကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ဇွန် လ ၂၆ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က မိန့်ခွန်းတွင်ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့အပြင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများ၏ တရားမဝင် ပိုင်ဆိုင်မှုများကို သတင်း ပေး တိုင်ကြားသူ လက်ရဖမ်းဆီးသူ နှင့် နိုင်ငံတော် အစိုးရ သင့်တင့်သော အချိုးအစားဖြင့် ခွဲဝေပေးမည် ဖြစ်ပြီး သတင်းပေးတိုင်ကြားသူ ၏ လုံခြုံရေး အတွက် သတင်းထုတ်ပြန်မည် မဟုတ်သလို နိုင်ငံတော် ၏ချီးမြှင့် ငွေဖြစ်သည့် အတွက် အခွန် ကင်းလွှတ်ခွင့်ပေး မည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ “ မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေး ဌာန” သည် တိုင်းရင်းသားနယ်မြေများ အတွက် အလုပ်ဖြစ်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ လက်ရှိမှာ သျှမ်းပြည် မြောက်ပိုင်း အဝေးပြေးလမ်းမပေါ်တွင် နေ့စဉ် ပစ်ခတ်ကာလူသေမှုများတွေ့နေရကြောင်း စိုင်းဝမ်းလှိုင်းခမ်း က ထပ်လောင်းပြောသည်။

မူးယစ်ဆေးဝါးကုန်သည်များ၊ ရောင်းဝယ်ဖောက်ကားသူများ ကို တိုင်ကြားပါက သမ္မတ အနေဖြင့် မည်ကဲ့သို့ အရေးယူမည်ကို စိတ်ဝင်စားကြောင်း၊ နိုင်ငံတော်သမ္မတ ပြောသည့် စကားကို အောက်ခြေမှ အလုပ်မလုပ်လည်း သမ္မတ အနေဖြင့် မည်ကဲ့သို့ တုန့်ပြန်မည်ကို လည်း စိတ်ဝင်စားကြောင်း သျှမ်းပြည်နယ် မူးယစ်ဆေးဝါး လှုပ်ရှားနေသည့် လူငယ်များက ပြောသည်။

ဆက်လက်ပြီး မူစယ်မြို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ စိုင်းခမ်း က “ တိုင် ရင် လည်း ဘယ်လောက်ထိ အရေးယူမလဲ။ နောက်တိုင်ကြားတဲ့သူတွေရဲ့ လုံခြံုရေး ကို ဘယ်လောက်ထိ ကာကွယ်ပေးမလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်” လို့ပြောသည်။

တရုတ်နယ်စပ် မူစယ်မြို့တွင် မူးယစ်ဆေးဝါးရောင်းသည့် သူများပြားပြီး၊ နေရာ အနှ့ံ မူးယစ်ဆေးဝါးရောင်းနေသည်ကို ရဲတပ်ဖွဲ့မှ သိရှိသော်လည်း ဖမ်းဆီးခြင်းမရှိကြောင်း စိုင်းခမ်းက ပြောသည်။

“သတင်းပေးတဲ့ သူတွေ ရဲ့ လုံခြုံရေးကရှိသေးတယ်လေ။ ကျနော်တို့ မူဆယ်မှာ ပြည်သူတွေကိုတောင် လုံခြံုရေး မပေးနိုင်တာ။ မူးယစ်ဆေး ရောင်းဝယ်တဲ့ သတင်းပေးမယ့်သူတွေ အတွက် ဘယ်လို လုံခြံုရေး ပေးနိုင်မလဲ” လို့ စိုင်းခမ်း က ဆိုသည်။

ဆက်လက်ပြီး စိုင်းခမ်း က “ ဂိမ်းဆိုင်တွေမှာဆိုရင်လည်း ဆေးပြားတွေက ရနေတာပဲ။ ဒါတွေက ပေါ်တင်ရောင်းနေတာ ရဲတွေလည်း သိနေတာပဲ။ ဖမ်းမှ မဖမ်းတာ” ဟုလည်း ထပ်လောင်းပြောသည်။

မူးစယ်မြို့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ များသည် ပြည်သူ့စစ် အဖွဲ့များနှင့် ချိတ်ဆက်ထားသဖြင့် ဖမ်းဆီးရဖို့ ခက်ခဲကြောင်း၊မူးယစ်ဆေးလုပ်ကိုင်သူအများစုတွင် လက်နက်ကိုင်များကြောင်းလည်း မူဆယ်ဒေသခံများက ဆိုသည်။

မူးယစ်ဆေးဝါး တားဆီး ကာကွယ်နှိမ်နှင်းရေး လုပ်ငန်း အဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်နိုင်ရန် ဆုငွေ ချီးမြှင့်ရေး အစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်း အချက်အလက် လုံခြုံရေး စနစ်များကို အရှိန် အဟုန် မြှင့်တင်ပြီး ဆောင်ရွက်နေသည်ဟု သမ္မတ ဦးဝင်းမြင့် က ပြောသည်။

မူးယစ်ဆေးဝါးကြောင့် လူ့အဖွဲ့အစည်း တရပ်လုံး တဖြည်းဖြည်းချင်း ဝါးမျိုးပြီး လူငယ်များကို အညွှန့်ချို့နေကြောင်း၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ နှင့် အနာဂတ် ကိုလည်း တစစီ နင်းချေနေကြောင်းလည်း သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

၂၀၁၇ ခုနစ် နှင့် ၂၀၁၈ ခုနစ် အတွင်းဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း ၁၃၆၄၀ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...