Tuesday, January 27, 2026

မူဆယ်မြို့

မူဆယ်မြို့ ကျောင်းသားနှစ်ဦးကို အမည်မသိလက်နက်ကိုင် ဓားပြတိုက်ပြီး ဆိုင်ကယ်လုယက်သွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို နှစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနက်ဖြင့်ထောက်၍ ဓားပြတိုက်ကာ ဆိုင်ကယ်လုယက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်အတွင်း ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို ကျောင်းသားနှစ်ဦးကို...

မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျော့ပြီး ဖွင့်လှစ်ပေးနေကြောင်း စုံစမ်သိရသည်။ အဆိုပါဂိတ်သည် ယခင်တွင် နံနက် ၈ နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ်ခဲ့ရာ ယခုတွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အချိန်လျော့ ဖွင့်လှစ်နေကြောင်း...

ပန်ဆိုင်းမြို့ပေါ် လေကြောင်းစိုးရိမ်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အထက စာသင်ကျောင်းကို လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA က ကျောင်း (၂) ရက် ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ...

မူဆယ်တွင် လူငယ်တစ်ဦး တစ်ခါသုံးကဒ်တန်းစီရင်း ဓားထိုးခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ပေါက် ဂိတ်တွင် တစ်ခါသုံးကဒ် တန်းစီနေစဉ် လူငယ်တစ်ဦး ဓားထိုးခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာ ၃) ရက် နေ့လည် ၁၂ နာရီခွဲတွင် မူဆယ်မြို့ရှိ နယ်စပ်ဖြတ်သန်းရေးဂိတ်ဖြစ်သည့် နန်းတော်ပေါက်ဂိတ်တွင် တရုတ်ပြည်ထဲဝင်ရန် တစ်ခါသုံးကဒ်( တစ်ပတ်ကဒ်) ပြုလုပ်နေစဉ် နေရာရောင်းစားသူတစ်ဉီး နှင့်...

မူဆယ်မြို့ အမည်မသိလက်နက်ကိုင်အဖွဲ့ ကားတစ်စီးကို လိုက်ပစ်၊ အမျိုးသားတစ်ဦးသေ

သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၉ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်၊ Best House ဟိုတယ်အနီး ကားတစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထိုကားကို...

မူဆယ်မြို့ တရုတ်စစ်တပ် ကျူးကျော်မှု ကာကွယ်ရန်ဟုဆိုကာ မြို့မ ပြည်သူ့စစ် ခံစစ်ပြင်

သျှမ်းမြောက်၊ တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက် ရွှေလီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA စစ်ရေးလေ့ကျင့်နေစဥ် မူဆယ်မြို့၌ စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်က ခံစစ် ပြင်နေသည်ဟု နယ်စပ် စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။ တရုတ်...

လုံခြုံရေး ငှားရမ်းထားသည့် ပြည်သူ့စစ်က အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံသိန်း၆ထောင်ကျော်ယူသွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း လုံးခြုံရေးအတွက် ငှားရမ်းထားသည့် ပြည်သူ့စစ်(၃)ဦးသည် အိမ်ရှင်သူဌေးအပါအဝင် (၃)ဦးကို သတ်ပြီး ပိုက်ဆံ သိန်း ၆ထောင်ကျော်ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် သြဂုတ် ၁၂ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ကုန်းတွင် နေထိုင်သည့် သူဌေးသည် အိမ်လုံခြုံရေးအတွက် ပြည်သူ့စစ် (၃)ဦးကို...

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့...

မူဆယ်မြို့ တရုတ်ယွမ်ငွေ ၁၀၀၊ မြန်မာကျပ်ငွေ ကိုးသောင်း ထိ မြင့်တက်

တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ (၁၀၀) ကို မြန်မာကျပ်ငွေ ကိုးသောင်း (၉၀,၀၀၀) အထိ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ်လ ၁၃ ရက်)တွင် တရုတ်ယွမ်ငွေ (၁၀၀)လျှင် မြန်မာကျပ်ငွေ ကိုးသောင်း (၉၀,၀၀၀)အထိ မြင့်တက်နေပြီး၊...

ညီနောင်မဟာမိတ် က ရမခ တိုင်းမှူး လက်နက်ချရန် ကမ်းလှမ်းပြီးနောက် မူဆယ်မြို့ သေနတ်သံစကြားရ

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိနေသော လားရှိုး ရမခ တိုင်းမှူးကို ညီနောင်မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်း ပြီးနောက် သေနက်သံများ စတင်ထွက်ပေါ်လာကြောင်း သတင်းရရှိသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တွင် ညီနောင် မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်းခဲ့သည့်သတင်းသည် ယမန်နေ့တွင် ထွက်ပေါ်ခဲ့ကြောင်း...

Latest news