Tuesday, January 27, 2026

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့ BPLA အဖွဲ့တွေတစ်ခါတည်း အပြတ်သာရှင်းလိုက်ပါ” လို့ (မူရင်းအတိုင်း) Shan State Voice ကဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို အခြေခံပြီး ဖော်ပြထားပါတယ်။

အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၆,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/CSMVf


သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေ အနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

၂၀၂၄ သြဂုတ် ၉ ရက်က သျှမ်းသံတော်ဆင့်က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ “ လဲချားတွင် မူဆယ်သို့သွားမည့် လူငယ်များကို PDF ဟု စွပ်စွဲကာ လူငယ် ၁၀၀ ကျော် ဖမ်းဆီးထား” ဆိုပြီး ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ လားရှိုးမြို့ MNDAA မှ အလုပ်အကိုင်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင် ခံလာရကြောင်း ရဲစခန်းနှင့် နီးစပ်သူကိုကိုးကားပြီး သျှမ်းသံတော်ဆင့်က ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/VemOX


ဒေသတွင်း သတင်းဌာနနဲ့ ယုံကြည်စိတ်ချရသော သတင်းဌာနတွေမှာလည်း မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော BPLA အဖွဲ့ဝင် ၁၀၀ ကိုအရှင်ဖမ်းမိထားတယ်လို့ ဖော်ပြထားတာ မတွေ့ရပေ။


တပ်ဖွဲ့ဝင်အယောက် ၁၀၀ အရှင်းဖမ်းဆီးခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး BPLA ရဲ့သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လင်းလင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့သတင်းမဟုတ်ပါဘူး။ သတင်းတုပါ” လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် BPLA ရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုသတင်းတွေကို စောင့်ကြည့်ဖတ်ရှုဖို့အတွက် BPLA ကနေ သတင်းထုတ်ပြန်တဲ့ Facebook page နဲ့ telegram channel တွေကို join ထားပြီး စောင့်ကြည့်‌ဖတ်ရှုလို့ရကြောင်း လင်းလင်းကဆိုပါတယ်။
သုံးသပ်ချက်

လဲချားမြို့တွင် လူငယ် ၁၀၀ ကျော်ဖမ်းဆီးခံထားရမှုဖြစ်စဉ်က ဖြစ်သွားကြောင်းမှာ မှန်ကန်ပါတယ်။ ထိုသတင်းအကို အခြေခံပြီး မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိလို့ တယ်ဆိုတဲ့ သတင်းပါ အကြောင်းအရာကမှားယွင်းနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချယ်နယ်များမှ ဖြန့်ချိမှုနေသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

factcheck #MFCN #SHAN News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

0
အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။ အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။ အလားတူ...