Thursday, January 29, 2026

မူဆယ်မြို့

မူဆယ်မြို့ ရဲစခန်းပစ်ခတ်မှု၊ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ ရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၁၆ ရက်) ညနေ ၈ နာရီခွဲကျော် အချိန်၌ မူဆယ်မြို့ ရဲစခန်း၏ အနောက်ဘက်ခြမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာ ပစ်ခတ်မှုသံများ...

မူဆယ်မြို့ ရွှေဝယ်ဟန်ဆောင်ပြီး ရွှေဆွဲကြိုးလုယက်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့မ အမှတ် (၁) ဈေးထဲရှိ ရွှေဆိုင်တစ်ခုထဲတွင် အမျိုးသားတစ်ဦးသည် ရွှေဝယ်ဟန်ဆောင်ပြီး ရွှေဆွဲကြိုး (၃) ကုံး ကို လုယူသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အသက် ၃၀ အရွယ်ရှိ...

မူဆယ်မြို့အတွင်း MNDAA က ဆက်ကြေးဆောင်ရန် စာပို့

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့အတွင်း ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဆက်ကြေး (အခွန်)ဆောင်ရန် ဆိုင်များထံ စာလိုက်ပို့နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကစပြီး ဧပြီ ၁ ရက်ထိ ကိုးကန့်တပ်မတော် MNDAA မှ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များထံ ဆက်ကြေး ဆောင်ရန်...

တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား ပြည်ဝင်ခွင့်မရ

တရုတ်နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား ပြည်တွင်းပြန်ဝင်လာရန်စောင့်ဆိုင်းနေသည်ကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးမှ လက်မှတ်ထိုးလက်ခံပေးခြင်းမရှိသည့်အတွက်ကြောင့် ပြန်ဝင်လာခွင့်မရကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ရွှေလီမြို့တွင် စောင့်ဆိုင်းနေကြပြီး မြန်မာနိုင်ငံဘက်က ပြန်လက်ခံရန် ကြန့်ကြာနေသည့်အတွက်ကြောင့် ပြည်ဝင်ခွင့်မရသေးကြောင်း သိရသည်။ “ မြန်မာပြည်ကို ပြန်ဝင်လာဖို့စောင့်နေကြတာ။ ဒီမြန်မာဘက်က လက်မခံပေးလို့ ပြန်လာလို့မရသေးတာ။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက...

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

သျှမ်းပြည်  မူဆယ်ဘက်ရှိ မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုတွင် ကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်လာသည့် အတွက်ကုန်သည်များက အခက်တွေ့နေရကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် (ကျင်စန်းကျော့ဂိတ်) မှ တစ်ဆင့် တရုတ်ဘက်မှ မြန်မာပြည်ဘက် တင်သွင်းသည့်ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည့်အပြင် ဒဏ်ကြေး ပေးဆောင်မှုများလည်း ရှိနေကြောင်းကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။ “တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်တွေကို တိတိကျကျမှတ်ပြီးတော့ ပစ္စည်းအမျိုးအစား တူပြီး တံဆိပ်ကွဲပြားတာ၊အလေးချိန်ကွဲတာမျိုးတွေဆိုရင် ဒဏ်ရိုက်တယ်၊ တချို့ကလည်း  ပစ္စည်းသိမ်းတဲ့ အထိ လုပ်တယ်” ဟု ကြုံတွေ့ရသည့် အမည်မဖော်လိုသူ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မတ်လ အစပိုင်းမှ စတင်ကာ တင်သွင်းကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှု စတင်လုပ်ဆောင်လာ ခဲ့ခြင်းဖြစ်ပြီးပစ္စည်း စစ်ဆေးမှု တင်းကျပ်သည့်အပြင် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပစ္စည်းသိမ်းခံရခြင်းတို့လည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။   ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများသည် လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ တောင်ယာသုံးထွန်စက် စသည့်ပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “ဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင်လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ဒီစစ်ဆေးမှုကလည်း ကျင်စန်းကျော့ဂိတ်ကနေ ၁၀၅ မိုင် ထိ တိုက်ရိုက်မောင်းနိုင်ဖို့စစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောတယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။ ထို့အပြင် ကုန်ပစ္စည်း တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သည့် ပစ္စည်း အရေအတွက်တွင် ဆေးနှင့် ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားပစ္စည်းပေါင်း တစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန် ပစ္စည်းများသည် ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းများ၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊လျှပ်စစ်ပစ္စည်းများ၊ သံနှင့် အိမ်ဆောက်ပစ္စည်းများ၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ တင်သွင်းကုန်ပစ္စည်းများကိ စစ်ဆေးမှု တင်းကြလိုက်သည့်အတွက် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာမှု ရှိသလိုငွေကြေးကောက်ခံမှုနှင့် ပစ္စည်းသိမ်းယူမှုမျာကြောင့် အချို့သွင်းကုန် လုပ်ငန်းမျာ ရပ်နားရသည် အထိရှိ နေကြောင်းလည်းကုန်သည်များထံမှ  သိရသည်။

မူဆယ်မြို့ သိန်း ၂၅၀ ဆက်ကြေးပေးရန် ခြိမ်းခြောက်တောင်းခံသည့် အုပ်စုရှိနေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းတွင် အမည်မသိ လူတစ်စုသည် မြန်မာငွေကျပ်သိန်း ၂၅၀ ကို ဆက်ကြေးအဖြစ် ပေးဆောင်ရန် ဒေသခံ ဆိုင်ပိုင်ရှင်တစ်ဦးထံ ခြိမ်းခြောက်တောင်းခံနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက် နံနက်ပိုင်း အချိန်တွင် အမည်မသိ လူတစ်စုသည် မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ...

မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုရှေ့တွင် ဗုံးပေါက်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ ဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၇) ရက် ည ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး...

မူဆယ်မြို့နယ် တီးမကျေးရွာထဲ စစ်သားများ ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) က နေရာယူထားပြီး ကိုးကန့်...

မူဆယ်က လုံထန်ပြည်သူ့စစ် လောင်းကစားနေရာဟောင်း မီးလောင်မှုဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လုံထန်ပြည်သူ့စစ်၏ လောင်းကစား နေရာ ဟောင်းတွင် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လမ်းသွယ်...

မူဆယ် မြို့မပြည်သူ့စစ် တပ်ဖွဲ့အိမ် ဗုံးပေါက်ကွဲ၊ တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့မှ မြို့မပြည်သူ့စစ် အမှတ် (၂) မှ နေအိမ်တွင် ဗုံးပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၅) ရက် နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အမှတ် (၂) မြို့မ...

Latest news