မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုရှေ့တွင် ဗုံးပေါက်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ ဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ဗုံးလာရောက်ပစ်သည့် အမျိုးသား

ယမန်နေ့ (မတ်လ ၇) ရက် ည ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး ပျက်စီးရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်္ကျီ အမဲဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က လမ်းလျှောက်လာပြီး 69 Hotel ရှေ့မှာ ဗုံးတစ်လုံး လာပစ် သွားတာ၊ ချိန်ကိုက်ဗုံးပဲ ထင်တယ်၊ ချက်ချင်းတော့ မပေါက်ဘူး၊ ခနနေပြီးမှ ဗုံးပေါက်ကွဲမှုဖြစ်တာ၊ ဆိုင်ကယ် နှစ်စီး ပျက်စီးသွားတယ်၊ ကျန်တဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

69 Hotel အနီးရှိ CCTV ဗီဒီယို မှတ်တမ်းအရ ဗုံးဖြင့် လာရောက်ပစ်ပေါက်သူသည် အင်္ကျီအမဲ နှင့် ခေါင်းစွပ် ဝတ်ဆင်ထားပြီး ဗုံးတစ်လုံးကို လာရောက်ပစ်ပေါက်သွားကြောင်းသိရသည်။

အလားတူ ယမန်နေ့ အတွင်း၌ပင် ကွမ်လုံမြို့နယ် ချင်းရွှေဟော်သွားသည့် လမ်းတွင်လည်း ကုန်တင်ကားကြီး နှစ်စီး မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းသိရသည်။

အဆိုပါ ကုန်တင်ကား နှစ်စီး မီးရှို့ဖျက်ဆီးခံရခြင်းသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်းကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေခြင်း ဖြစ်သည်။

လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းပိုင်း တစ်လျှောက်သည် စစ်ကောင်စီ တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့တို့ အပြင် တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံတို့က ဆက်ကြေးကောက် အခွန်တောင်း နေကြသော်လည်း ပြည်သူလူထုနှင့် လမ်းသွားလမ်းလာတို့၏ လုံခြုံရေးအတွက်ကို မည်သည့်အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

မူဆယ်မြို့နယ်သည် မြန်မာ – တရုတ်နယ်စပ် မြို့ဖြစ်သည့်အတွက် လူမျိုးစုံ ဝင်ထွက်သွားလာသည့်အပြင် လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံလည်း ရှိသည့် ဒေသဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင်းတွင် တရားမဝင် လောင်းကစားဝိုင်းများ၊ အကြောင်းရင်း မသိ ပစ်ခတ်သတ်ဖြတ်မှုများ၊ ရာဇဝတ်မှုများလည်း ပေါများသည့် ဒေသလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...