မယ်ဟောင်ဆောင်တွင် ပြုတ်ပြီးကြက်ဥများ ပန်းရောင်ပြောင်းလဲမှု ဖြစ်ပွား၊ အာဏာပိုင်များ အရေးပေါ် ကွင်းဆင်းစစ်ဆေး

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရီယန်းဒေသ (Mae Sariang) အတွင်းရှိ ကျေးရွာတစ်ရွာ၌ ဒေသခံပြည်သူတစ်ဦး ဝယ်ယူချက်ပြုတ်ခဲ့သည့် ကြက်ဥများအား ပြုတ်ပြီးနောက် ကြက်ဥအကာများသည် ပန်းရောင်ရဲရဲ (Reddish-Pink) နှင့် ကြက်ဉအနှစ်သည် လိမ္မော်ရင့်ရောင် ပြောင်းလဲသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ထိုဖြစ်စဉ်ကြောင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်နိုင်သည့် အန္တရာယ်ရှိ “ကြက်ဥအတု” များ ဖြစ်နိုင်ခြေရှိသည့်အတွက် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

မယ်စရီယန်းခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေး ပူးပေါင်းအထူးလုပ်ငန်းအဖွဲ့သည် အဆိုပါကြက်ဥများ ရောင်းချခဲ့သည့် လက်လီအရောင်းဆိုင်ကို ယမန်နေ့ (ဇွန်လ ၁၅ ရက်) မွန်းလွဲ ၃:နာရီတွင် အရေးပေါ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေးချက်များအရ အဆိုပါ လက်လီဆိုင်ရှိ ကြက်ဥများကို ချင်းမိုင် အခြေစိုက် လက်ကားဖြန့်ချိရေး ကိုယ်စားလှယ်ကြီးတစ်ဦးထံမှ မှာယူခြင်းဖြစ်ပြီး၊ မယ်စရီယန်းခရိုင်အတွင်းရှိ အခြားအရောင်းဆိုင်များစွာသို့လည်း ဖြန့်ဖြူးထားကြောင်း ဆိုင်ပိုင်ရှင်က ထွက်ဆိုထားသည်။

မယ်စရီယန်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယင်းကဲ့သို့ ပုံမှန်မဟုတ်ဘဲ အရောင်ပြောင်းလဲနေသည့် ကြက်ဥများကို ပြည်သူများအနေဖြင့် လုံးဝ (လုံးဝ) စားသုံးခြင်းမပြုရန် တားမြစ်ထားပြီး၊ ထပ်မံတွေ့ရှိပါကလည်း သက်ဆိုင်ရာကျန်းမာရေးဌာန သို့မဟုတ် တိုက်နယ်ဆေးရုံများထံ ချက်ချင်း သတင်းပို့ရန် နှိုးဆော်ထားသည်။

လက်ရှိတွင် အဆိုပါ လက်လီအရောင်းဆိုင်ဘက်က ဖြစ်ပွားခဲ့သည့် အခြေအနေအတွက် တောင်းပန်ထားပြီး၊ ပုံမှန်မဟုတ်သော ကြက်ဥများ ဝယ်ယူမိသည့် စားသုံးသူများကို ချက်ချင်း အခမဲ့ အစားထိုးလဲလှယ်ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကို ပြန်လည်စစ်ဆေးပြီးမှ ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ ထူးဆန်းသော ကြက်ဥများမှာ မည်သည့်အကြောင်းရင်းကြောင့် အရောင်ပြောင်းလဲသွားခြင်းဖြစ်သည်ကို သိရှိနိုင်ရန်အတွက် တာဝန်ရှိသူများက ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးလျက်ရှိပြီး၊ ဒေသခံပြည်သူများ အထူးသတိပြုကြရန် အရေးပေါ် သတင်းထုတ်ပြန်ထားပါသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News