မူဆယ်မြို့အတွင်း MNDAA က ဆက်ကြေးဆောင်ရန် စာပို့

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့အတွင်း ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဆက်ကြေး (အခွန်)ဆောင်ရန် ဆိုင်များထံ စာလိုက်ပို့နေကြောင်း သတင်းရရှိသည်။

MNDAA

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကစပြီး ဧပြီ ၁ ရက်ထိ ကိုးကန့်တပ်မတော် MNDAA မှ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များထံ ဆက်ကြေး ဆောင်ရန် စာပို့လာကြောင်း မူဆယ်ဒေသခံများပြောပြချက်အရသိရသည်။

“ သူတို့စာအိတ်နဲ့ ဆိုင်တွေမှာ လိုက်ပို့နေတာ။ ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ KTV ဆိုင်တွေမှာ စာအိတ်နဲ့ လိုက်ပို့နေတာ အခွန်ဆောင်ဖို့ စာလာပို့ပေးတာ။ ဆိုင်ကယ်တစ်စီး နဲ့ လူ ၂ ယောက်လာပြီးတော့ တွေ့တဲ့ ဆိုင်တွေမှာ အခွန်ဆောင်ဖို့ စာလာပို့ပေးတာ” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ စာဆောင်ထဲတွင် ၅ ရက်အတွင်းအခွန်လာဆောင်ရန် နှင့် အခွန်လာမဆောင်ပါက ဖြစ်လာမည့်အရာကို တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

MNDAA မှ တောင်းယူသည့် ဆက်ကြေးမှာ KTV ဆိုင် တစ်ဆိုင်လျှင် သိန်း ၁၀၀၊ ဖုန်းဆိုင်တဆိုင်လျှင် သိန်း ၃၀ မှစပြီး အိမ်ဆိုင်ငယ်များကို ကျပ်သိန်း ၁၀ အထိ ပေးဆောင်ခိုင်းနေကြောင်း သိရသည်။

“ ဆိုင်ကြီးတို့ KTV တို့ဆိုရင်တော့ သိန်း ၁၀၀ အထိအခွန်ဆောင်ခိုင်းတယ်။ ဖုန်းဆိုင်တွေဆိုရင်တော့ သိန်း ၃၀ ပေါ့။ အိမ်ဆိုင်ငယ်တွေကိုရင် ၁၀ သိန်းလောက်တောင်းတယ်။ အခွန်ကိုတော့ စာလာပို့တဲ့နေ့ကစပြီးတော့ ၅ ရက်အတွင်းသွားဆောင်ခိုင်းတာ။ မဆောင်ရင်တာ့ ဖြစ်လာမဲ့ဟာတွေကို တာဝန်မယူဘူးလို့တော့ရေးထားတယ်” ဟု အထက်ပါ ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်တပ်မတော် MNDAA မှ ပေးသည့်အခွန်စာများသည် တရုတ်စာ နှင့် မြန်မာစာ နှစ်ဘာသာဖြင့် ပေးပို့လာခဲ့သည်။
မူဆယ်မြို့ရှိ ဆိုင်များထံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်ပြည်တပ်မတော်( SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ထံ နှစ်စဥ်နှစ်တိုင်း ဆက်ကြေးဆောင်ခဲ့ရပြီး MNDAA သည် ယခုနှစ် မှစပြီး မူဆယ်မြို့တွင်း တိုးလာသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ထို့အပြင် အမည်မသိ လက်နက်ကိုင်တစ်ချို့များထံတွင်လည်း အွန်လိုင်းမှာ တစ်ဆင့် ခြိမ်းခြောက် ဆက်ကြေး ကောက်ခံနေကြသည်။

မူဆယ်မြို့အတွင်း သွားလာလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်သူများထံ ဆက်ကြေးကောက်ယူမှုရှိနေသော်လည်း ပြည်သူများအတွက် လုံခြုံရေးအပြည့်ဝ ယူဆောင်ပေးခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...