မူဆယ်မြို့ သိန်း ၂၅၀ ဆက်ကြေးပေးရန် ခြိမ်းခြောက်တောင်းခံသည့် အုပ်စုရှိနေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းတွင် အမည်မသိ လူတစ်စုသည် မြန်မာငွေကျပ်သိန်း ၂၅၀ ကို ဆက်ကြေးအဖြစ် ပေးဆောင်ရန် ဒေသခံ ဆိုင်ပိုင်ရှင်တစ်ဦးထံ ခြိမ်းခြောက်တောင်းခံနေကြောင်း စုံစမ်း သိရသည်။

မူဆယ်မြို့

ပြီးခဲ့သည့် မတ်လ ၂၅ ရက် နံနက်ပိုင်း အချိန်တွင် အမည်မသိ လူတစ်စုသည် မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ဆောက်လုပ်ရေး ပစ္စည်းများ ရောင်းချသည့် ဆိုင်တစ်ခုကို Viber ဖုန်းနံပါတ်မှ တစ်ဆင့် ဆက်ကြးအဖြစ် မြန်မာငွေ ကျပ်သိန်း ၂၅၀ ကို ၎င်းတို့ Kpay နံပါတ်ထံ လွှဲပေးရန် ခြိမ်းခြောက်တောင်းဆိုမှု ရှိခဲ့ကြောင်း သတင်းသိရသည်။

“Viber ဖုန်းနံပါတ်ကို ဘယ်ကနေရလာလဲ မသိဘူး၊ သူတို့ပြောတာက ရန်ပုံငွေပေးဖို့တဲ့၊ သူတို့က ဘယ်သူတွေလဲ၊ ဘယ်တပ်ဖွဲ့ကလဲဆိုတာတွေလည်း မေးလို့မရဘူး၊ မပေးရင် ဆိုင်ကို ဗုံးခွဲမယ် ဆိုပြီး ခြိမ်းခြောက် ပြောဆို သွား တယ်” ဟု ခြိမ်းခြောက်ခံရသည့် ဆိုင်ရှင် နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖုန်းထဲမှ ပို့လာတဲ့ဗုံးပုံး

ထို့အပြင် ငွေကျပ် သိန်း ၂၅၀ ဆက်ကြေးတောင်းခံမှု နှင့် ပတ်သက်ပြီး ဆိုင်ပိုင်ရှင်များ အနေဖြင့် ကျေနပ်သည် ဖြစ်စေ မကျေနပ်သည် ဖြစ်စေ ငွေကြေးပေးသွင်းရမည် ဖြစ်ကြောင်း နှင့် မပေးဆောင်ပါက ဆိုင်ကို ဗုံးဖြင့် ဖောက်ခွဲ ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

တောင်းခံသည့် ငွေကြေးပမာဏ အပြည့်အစုံကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ နောက်ဆုံးထား ပေးဆောင်ရန် နှင့် ပျက်ကွက်ပါက ဆိုင်ကို ဖောက်ခွဲပစ်မည် ဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

“ဆိုင်ကို ဗုံးနဲ့ ဖောက်ခွဲမယ်ဆိုပြီးတော့ လက်နက်ဗုံး ရဲ့ ပုံနဲ့အတူ ပို့ခဲ့တယ်၊ သူတို့ကို မပေးရင်၊ အရေးမလုပ်ပဲ အကြောင်းမပြန်ခဲ့ရင်လည်း ဆိုင်ကို ဗုံးခွဲမယ်တဲ့၊ အခုကလည်း ဆိုင်ရှင်တွေဘက်က ငွေကြေးအခက်အခဲ ရှိနေ တော့ သူတို့တောင်းထားတဲ့ အတိုင်း မပေးရသေးဘူးလို့ သိရတယ်၊ဆိုင်ကိုလာပြီး ဗုံးခွဲမှာလည်းကြောက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် ဆိုင်ရှင်မိသားစုများသည် လုံခြုံရေး အတွက် စိုးရိမ်ပူပန်မှုများ ရှိသလို ဆိုင်ဖောက်ခွဲခံရမှာလည်း စိုးရိမ်နေကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့ပေါ် အမည်မသိလက်နက်ကိုင်များ၏ ခြိမ်းခြောက် ငွေကြေး တောင်းဆိုမှုများသည် ငါးကြိမ်ထက်မနည်းရှိနေပြီး တချို့က သေနတ်ကျည်ဆန်ပြကာ ခြိမ်းခြောက် တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်တွင် မင်္ဂလာမူဆယ်မြို့သစ်ရှိ ကိုးထပ်တိုက် အဆောက်အအုံတွင် ဖွင့်လှစ်ထားသည့် တရုတ် လူမျိုးကို ပစ်မှတ်ထားပြီး အွန်လိုင်းမှငွေလိမ်သည့် လုပ်ငန်း စီးနင်းခံရသော်လည်း လက်ရှိ ဒေသအတွင်းတွင် ခြိမ်းခြောက် ငွေတောင်းမှုများ၊ အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုများက ရှိနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းတွင် လောင်းကစားဝိုင်းများကို ၂၄ နာရီ ပိတ်ရက်မရှိ ပေါ်တင် ပြုလုပ်နေပြီ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟုလည်း မူဆယ်ဒေသခံများ ပြောပြ ချက်အရ သိရသည်။

မူဆယ်မြို့နယ်သည် စစ်ကောင်စီ တပ်ဖွဲ့အပြင် ၎င်းတို့၏ လက်အောက်ခံ တရုတ်လူမျိုးများ ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့မှ သွားလာလှုပ်ရှားနေသည့်နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...