မူဆယ်က လုံထန်ပြည်သူ့စစ် လောင်းကစားနေရာဟောင်း မီးလောင်မှုဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လုံထန်ပြည်သူ့စစ်၏ လောင်းကစား နေရာ ဟောင်းတွင် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

လုံထန်ပြည်သူ့စစ် လောင်းကစားရုံဟောင်း မီးလောင်သည့် ပုံ

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လမ်းသွယ် (၇) လုံထန်ပြည်သူ့စစ်၏ လောင်းကစားရုံ နေရာဟောင်းသည် လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ခဲ့ရကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ ည ၈ နာရီခွဲကျော်ကျော်လောက်မှာ မီးလောင်မှုဖြစ်တာ၊ အရင်တုန်းကတော့ လုံထန်ပြည်သူ့စစ်အဖွဲ့ ကနေ လောင်းကစားဝိုင်းတွ ဖွင့်တဲ့နေရာပေါ့၊ ဒါပေမဲ့ ရပ်ထားတာ တစ်နှစ်လောက်ရှိပြီ၊ မနေ့က ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်တဲ့အချိန်မှာ အစောင့်နှစ်ယောက်ရှိတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါ လုံထန်ပြည်သူ့စစ် လောင်းကစားရုံဟောင်းသည် ယခုလို ရပ်နားထားခြင်း မရှိခင် ပြီးခဲ့သည့် တစ်နှစ်တွင်လည်း မီးလောင်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

လုံထန်ပြည်သူ့စစ် လောင်းကစားရုံဟောင်း မီးလောင်သည့် ပုံ

ယင်းမီးလောင်မှုကို အိမ်နီးချင်းများ နှင့် မီးသတ်တပ်ဖွဲ့များမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး၊ အိမ်တွင်း ပစ္စည်း အချို့ ပျက်စီးဆုံးရှုံးမှုရှိကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

“ပစ္စည်းတင်တဲ့ စင်တွေနဲ့ အသုံးအဆောင် တချို့၊ ပြီးတော့ အိမ်တွင်းပရိဘောဂ ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးတာ ရှိတယ်၊ လူထိခိုက်တာတော့ မရှိဘူး၊ ခုတစ်ကြိမ်နဲ့ဆို ဒီနေရာကို မီးလောင်ပျက်စီးတာ နှစ်ကြိမ်ရှိပြီ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက် အမှတ် (၂) မြို့မ ပြည်သူ့စစ် တပ်ဖွဲ့ နေအိမ် ဖြစ်သည့် ကောင်းဟော်တယ်ရှေ့ နေအိမ်အမှတ် စစ/၃၂ တန်းလျားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးက လက်နှစ်ဖက်ပြတ် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။

လုံထန်ပြည်သူ့စစ် လောင်းကစားရုံဟောင်း မီးလောင်သည့် ပုံ

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ် ဒေသဖြစ်သည့်အတွက် လူဝင်လူထွက်များသည့်အပြင် တရားမဝင် ဂိမ်းဆိုင်၊ လောင်းကစားဆိုင် ပေါများပြီး ပြည်သူ့စစ်တပ်ဖွဲ့များမှ အဓိက လုံခြုံရေး ယူပေးနေကြောင်း ဒေသခံများကပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်သည့်အချိန်က မီးရရှိသည့် အချိန်ထက် ပိုများနေသည်။

ထို့အပြင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် နေအိမ် နှင့် အဆောက်အအုံ မီးလောင်ပျက်စီးမှုများကလည်း တောင်ကြီးမြို့ အပါအဝင် သျှမ်းပြည်တခွင် မကြာခဏ ရက်ဆက်နီးပါး ဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...