မူဆယ်မြို့ ရဲစခန်းပစ်ခတ်မှု၊ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ ရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့

ယမန်နေ့ (ဧပြီလ ၁၆ ရက်) ညနေ ၈ နာရီခွဲကျော် အချိန်၌ မူဆယ်မြို့ ရဲစခန်း၏ အနောက်ဘက်ခြမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာ ပစ်ခတ်မှုသံများ ငြိမ်သွားပြီးနောက် စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပစ်ခတ်မှုကတော့ နာရီဝက်ကျော်ကျော်လောက် ဖြစ်သွားတယ်။ ဒါပေမယ့် ဖြစ်သွားတဲ့အချိန်က စကစဖက်က တစ်ဖက်သတ် ရမ်းပစ်တာတွေက များတယ်။ ပုံမှန်အားဖြင့် ဟိုဘက်၊ ဒီဘက် ဖြစ်တာတော့ ခဏလေးပါပဲ။ စကစဘက်က ပြည်သူ့စစ် ဗိုလ်မှူးတစ်ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ အရပ်သားလည်း ထိခိုက်ဒဏ်ရတယ်ဗျ။ ဘယ်နှစ်ဦးထိခိုက်ရတယ်ဆိုတာလည်း သေချာမသိရဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အရပ်သားအချို့ ထိခိုက်ဒဏ်ရသည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် ၇ တွင်လည်း ပစ်ခတ်မှုဖြစ်ပြီး သေနတ် ပစ်ခတ်သံ ၁၀ ချက်ခန့်ထက်မနည်း ကြားနေရကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ မနေ့ညကတော့ ကျမတို့ သူငယ်ချင်းသွားတည်းတဲ့ အိမ်ရှေ့လမ်း သေနတ်သံ ၁၀ ချက်ကျော် ခန့်မှန်းကြားရတယ်။ သူတို့ ပတ်လည်အိမ်တွေအကုန် မီးမှိတ်ပြီး ငြိမ်နေကြရတယ်။ အခုနောက်ပိုင်း လားရှိုးလည်း မငြိမ်တော့ဘူး။ ဘယ်သူနဲ့ပစ်ကြတာလဲဆိုတာ မသိရသေးဘူး “ ဟု လားရှိုးဒေသခံ အမျိုးသမီးက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားနေပြီး အရပ်သားပြည်သူများလည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် (ဧပြီလ ၁၃ ရက်) လားရှိုးမြို့ ရန်တိုင်းအောင် ဘရားဝင်အနီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲပြီး လူငယ် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...