Wednesday, January 28, 2026

မူဆယ်မြို့ ရဲစခန်းပစ်ခတ်မှု၊ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ ရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့

ယမန်နေ့ (ဧပြီလ ၁၆ ရက်) ညနေ ၈ နာရီခွဲကျော် အချိန်၌ မူဆယ်မြို့ ရဲစခန်း၏ အနောက်ဘက်ခြမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာ ပစ်ခတ်မှုသံများ ငြိမ်သွားပြီးနောက် စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပစ်ခတ်မှုကတော့ နာရီဝက်ကျော်ကျော်လောက် ဖြစ်သွားတယ်။ ဒါပေမယ့် ဖြစ်သွားတဲ့အချိန်က စကစဖက်က တစ်ဖက်သတ် ရမ်းပစ်တာတွေက များတယ်။ ပုံမှန်အားဖြင့် ဟိုဘက်၊ ဒီဘက် ဖြစ်တာတော့ ခဏလေးပါပဲ။ စကစဘက်က ပြည်သူ့စစ် ဗိုလ်မှူးတစ်ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ အရပ်သားလည်း ထိခိုက်ဒဏ်ရတယ်ဗျ။ ဘယ်နှစ်ဦးထိခိုက်ရတယ်ဆိုတာလည်း သေချာမသိရဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အရပ်သားအချို့ ထိခိုက်ဒဏ်ရသည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် ၇ တွင်လည်း ပစ်ခတ်မှုဖြစ်ပြီး သေနတ် ပစ်ခတ်သံ ၁၀ ချက်ခန့်ထက်မနည်း ကြားနေရကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ မနေ့ညကတော့ ကျမတို့ သူငယ်ချင်းသွားတည်းတဲ့ အိမ်ရှေ့လမ်း သေနတ်သံ ၁၀ ချက်ကျော် ခန့်မှန်းကြားရတယ်။ သူတို့ ပတ်လည်အိမ်တွေအကုန် မီးမှိတ်ပြီး ငြိမ်နေကြရတယ်။ အခုနောက်ပိုင်း လားရှိုးလည်း မငြိမ်တော့ဘူး။ ဘယ်သူနဲ့ပစ်ကြတာလဲဆိုတာ မသိရသေးဘူး “ ဟု လားရှိုးဒေသခံ အမျိုးသမီးက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားနေပြီး အရပ်သားပြည်သူများလည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် (ဧပြီလ ၁၃ ရက်) လားရှိုးမြို့ ရန်တိုင်းအောင် ဘရားဝင်အနီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲပြီး လူငယ် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...