Friday, May 3, 2024

မိုးဗြဲမြို့နယ်

ဆီဆိုင်စစ်ဘေးရှောင် ကလေးငယ်များ ရာသီတုပ်ကွေးဖြစ်ပွားနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ထဲတွင် ယခုရက်ပိုင်း ကလေးငယ်များ ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာတွင် ခိုလှုံလာသော ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် ၃၀၀ ကျော်ရှိရာ လက်ရှိမှာ ရာသီတုပ်ကွေးများဖြစ်ပွားနေပြီး၊ ထိုထဲတွင် ကလေးငယ် အများအပြားဖြစ်နေကြောင်း စစ်ရှောင်ကူညီပေးသူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ...

မိုးဗြဲ PDF တပ်ဖွဲ့တစ်ခု မှ မိုးဗြဲ PDF တပ်ရင်း (၂) တပ်ဖွဲ့ တိုးချဲ့ ဖွဲ့စည်း

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ရင်းမှ ယမန်နေ့ တွင် မိုးဗြဲ PDF တပ်ရင်း (၂) ကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း မိုးဗြဲ PDF ထံမှ သတင်းရရှိသည်။ အဆိုပါ မိုးဗြဲ PDF တပ်ဖွဲ့သည် အင်အားများလာသောကြောင့် ယမန်နေ့ ဇွန်...

မိုးဗြဲမြို့နယ်အတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိ သေဆုံး၊နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အရပ်သားတစ်ဦးထိခိုက်သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ရရှိကြောင်း သတင်းသိရသည်။ယနေ့ (ဇွန် ၇ ) ရက် နံနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ခဲ့သည့် စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှု ကြောင့် မိုးဗြဲဈေးကုန်းရပ်ကွက်မှ...

မိုးဗြဲစစ်ရှောင် ရိက္ခာပြန်ယူရာ တိုက်ပွဲ နှင့် ကြုံ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးဖလိုင်ကျေးရွာအတွင်း ဒေသခံများက ရိက္ခာပြန်ယူရာမှာ စစ်ကောင်စီနှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ကြုံခဲ့ရကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (မေလ ၂၂) ရက် ည ၄ နာရီဝန်းကျင် စစ်ဘေးရှောင်နေသည့် ဝါရီဆူးဖလိုင်ကျေးရွာ ဒေသခံများက ရိက္ခာပြတ်တောက်သွား၍ ကျေးရွာအတွင်း ရိက္ခာပြန်ယူရန်အတွက်...

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲတွင် ယနေ့ (မေ ၁၀)ရက် မနက်ပိုင်း ၁၀ နာရီ၀န်းကျင်၌ စစ်ကောင်စီက လက်နက်ကြီး စတင်ပစ်ခတ်ကြောင်း စုံစမ်းသိရသည်။ယနေ့ မေ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်...

ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲနယ် အတွင်း စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ သယ်ယူထုတ်ပိုးနိုင်သည့် ပစ္စည်းများ အဆင်သင့် ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်ခဲ့သည်။ ဖယ်ခုံမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင်မှုများ ရှိနေသည့်အပြင် စစ်ကောင်စီတပ်သားများ နေအိမ်ဖောက်ထွင်း ခိုးယူမှု မီးရှို့ဖျက်ဆီးမှု ရှိနေသည့်အတွက်...

မိုးဗြဲဘက် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၂၃) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မိုးဗြဲအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၄၂၂ တပ်မှ လက်နက်ကြီးဖြင့် လူနေရပ်ကွက်မြို့တွင်းဘက်သို့ အကြောင်းမဲ့...

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ ၆၁ဦး သေဆုံး

သျှမ်းတောင် မိုးဗြဲမြို့နယ်တစ်ဝိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီဘက်က ၆၁ဦးထိ ကျဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်၊သံချက်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ထိုတစ်ပတ်အတွင်း တိုက်လေယာဉ်၊ရဟတ်ယာဉ် လေကြောင်းကနေ...

မိုးဗြဲ နှင့် ဖယ်ခုံ PDF ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် မိုးဗြဲ ကို စစ်ကောင်စီတပ်ဖွဲ့တို့က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီတို့သည် ဖယ်ခုံမြို့ရှိ လွိုင်ကော် - တောင်ကြီး လမ်းမကြီးတစ်လျှောက်တွင် လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် စတင်ပစ်ခတ်နေပြီး လက်နက်ကြီးများကြောင့်...

သျှမ်း – ကရင်နီနယ်စပ် တိုက်ပွဲ စစ်ကောင်စီဘက်မှ အကျအဆုံးများ၊ တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည်တောင်ပိုင်း-ကရင်နီ(ကယား) နယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ယနေ့ထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းသိရသည်။ သျှမ်း - ကယားနယ်စပ်၊ ဒီးမော့ဆိုမြို့နယ်၊ ဝီသဲကူး (မြောက်ရွာ) ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိနှင့် တပ်သားအပါအဝင် ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အမြောက်အမြား...

Latest news