သျှမ်း – ကရင်နီနယ်စပ် တိုက်ပွဲ စစ်ကောင်စီဘက်မှ အကျအဆုံးများ၊ တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်းပြည်တောင်ပိုင်း-ကရင်နီ(ကယား) နယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ယနေ့ထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းသိရသည်။

သျှမ်း – ကယားနယ်စပ်၊ ဒီးမော့ဆိုမြို့နယ်၊ ဝီသဲကူး (မြောက်ရွာ) ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိနှင့် တပ်သားအပါအဝင် ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အမြောက်အမြား ဒဏ်ရာရရှိကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။

“မနေ့က (ဖေဖော်ဝါရီလ ၂၀) မနက် ၁၁ နာရီတွင် တိုက်ပွဲ‌တွေပြင်းထန်ခဲ့တယ်၊ အဲ့အချိန်မှာ သူတို့ဘက်က အကျအရှုံးများခဲ့တယ်၊ နောက် ညနေ ၄ နာရီလောက်မှာတော့ စကစတွေက တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲပြီး စစ်ကူတိုက်တယ်၊ တချို့က လေထီးနဲ့ပါ ခုန်ဆင်းလာတာ” ဟု ရှေ့တန်းမှ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ ညသန်းခေါင်အချိန်တွင် စစ်ဖြစ်ပွားရာ မိုးဗြဲနှင့် ဒီးမော့ဆိုဘက်ကို စစ်ကောင်စီဘက်က လေယာဉ်များဖြင့် ထပ်မံလာရာက် ဗုံးကြဲခဲ့ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် မိုးဗြဲနှင့် ဒီးမော့ဆိုတိုက်ပွဲတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ အလယ်ပိုင်းတိုင်း၊ လွိုင်ကော် PDF၊ KNDF နဲ့ တခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံ တိုက်ခိုက်နေကြောင်းလည်း သိရသည်။

“ဒီတိုက်ပွဲက တော်တော်ပြင်းထန်နေတယ်လို့ ပြောရမယ်၊ ကျနော်တို့ဘက်က တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက် ဒဏ်ရာရ ကျဆုံးတာမျိုးတွေရှိတယ်၊ ဒီနေ့အထိ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ လက်နက်အင်အားချင်း မမျှတော့ တိုက်ခိုက်ရတာတော့ အားမရဘူးပေါ့၊ လက်နက်ရအောင် ပြည်သူများ ကူညီထောက်ပံ့ပေးကြပါလို့ ပြောချင်တယ်” ဟုလည်း PDF တပ်သားတစ်ဦးကလည်း ပြောပြသည်။
ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ကာ ကရင်နီပူးပေါင်းတပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရရှိခဲ့ကြောင်းနှင့် အထိနာသည့် စစ်ကောင်စီတပ်သားများက မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ရွာ၊ ဝီတဲကူးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို လမ်းတလျှောက်လည်း မိုင်းထောင်ခြင်း၊ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် ဒေသခံပြည်သူများ ၁ သောင်းနီးပါးကလည်း စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် ကူညီကယ်ဆယ်မှုများ လိုအပ်နေကြောင်းလည်း ကူညီ ကယ်ဆယ်ရေး အဖွဲ့ဝင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...