မိုးဗြဲစစ်ရှောင် ရိက္ခာပြန်ယူရာ တိုက်ပွဲ နှင့် ကြုံ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးဖလိုင်ကျေးရွာအတွင်း ဒေသခံများက ရိက္ခာပြန်ယူရာမှာ စစ်ကောင်စီနှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ကြုံခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂၂) ရက် ည ၄ နာရီဝန်းကျင် စစ်ဘေးရှောင်နေသည့် ဝါရီဆူးဖလိုင်ကျေးရွာ ဒေသခံများက ရိက္ခာပြတ်တောက်သွား၍ ကျေးရွာအတွင်း ရိက္ခာပြန်ယူရန်အတွက် မိုးဗြဲပြည်သူ့ကာကွယ်ရေး PDF များကို အကူအညီတောင်းကာ လမ်းကြောင်းရှင်းလိုက်ပါကူညီခဲ့သည်။

မိုးဗြဲစစ်ရှောင်


ထိုကြောင့် ကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲထားသဖြင့် PDF နှင့် စစ်ကောင်စီ ထိတွေ့မှုဖြစ်ပွားကာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“စစ်ဘေးရှောင်ပြည်သူတွေက ရိက္ခာပြန်ယူတယ်ဆိုလို့ လုံခြုံရေးကင်းထောက်ပေးရင် ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးပြီးတော့ တိုက်ပွဲ စဖြစ်ပွားခဲ့တာပါ” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုသတင်း နှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


အဆိုပါ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်က အသေအပျောက်ရှိကြောင်း နှင့် PDF ဘက်တွင်လည်း တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီဘက်တော့ အသေအပျောက်တွေလည်းရှိတယ်။ ဘယ်လောက်ထိရှိလဲတော့ ကျနော်တို့ အတိကျမသိရသေးဘူး။ ကျနော်တို့ဘက်ကလည်း PDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအနည်းငယ်လောက်တော့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အရမ်းတော့ မစိုးရိမ်ရဘူး” ဟု အထက်ပါ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မိုးဗြဲစစ်ရှောင်

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဝါရီးဆူဖလိုင် ကျေးရွာဒေသခံများအတွက် ရိက္ခာအနည်းငယ် ယူထုတ်လာနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဝါရီးဆူဖလိုင်ကျေးရွာထဲတွင် စစ်ကောင်စီတပ်စွဲထားလျက်ရှိကြောင်းသိရသည်။

မေလ ၁၂ ရက်နေ့ကစပြီး ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ နှင့် ဖယ်ခုံ PDF တို့ တိုက်ပွဲစတင်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီက အင်အားအလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင်နေခြင်း၊ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်မှုများရှိခြင်း၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။  

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...