Wednesday, January 28, 2026

မိုးဗြဲ နှင့် ဖယ်ခုံ PDF ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် မိုးဗြဲ ကို စစ်ကောင်စီတပ်ဖွဲ့တို့က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီတို့သည် ဖယ်ခုံမြို့ရှိ လွိုင်ကော် – တောင်ကြီး လမ်းမကြီးတစ်လျှောက်တွင် လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် စတင်ပစ်ခတ်နေပြီး လက်နက်ကြီးများကြောင့် နေအိမ်များပင် တုန်ခါသွားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီမနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ၊ စကစတွေဘက်ကနေပစ်တဲ့ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်တဲ့အသံ ကြားရတယ်။ အိမ်တွေပါတုန်သွားတယ်၊ အထကရှေ့မှာ ကင်းပုန်းလည်း ချထားပြီး အဲ့ဘက်သွားလာတဲ့သူကို ဖမ်းတယ် ပစ်တယ်” ဟု ဖယ်ခုံမြို့ပေါ် ပိတ်မိနေသည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတို့သည် မြို့တွင်းနေရာအနံ့ ကင်းပုန်းများချထားပြီး လမ်းမပေါ်မြင်တွေ့သည့် ပြည်သူများကို ပစ်ခတ်ခြင်း ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်းလည်း ဖယ်ခုံမြို့မှ ဒေသခံအမျိုးသမီးက ပြောသည်။

“တိုက်ပွဲပြီးသွားတော့ စကစတွေက မြို့ထဲပတ်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ဖုန်းတွေ ဘာတွေ စစ်တာ မျိုးရှိတယ်၊ ပြီးတော့ မြို့အဝင်အထွက်နားရှိတဲ့ ၄၂၁ တပ်က အကာအကွယ်တွေနဲ့ စစ်ဆေးမှုတွေရှိနေလို့ ကြောက်ရတယ်၊ မြို့ကနေထွက်မရဘူး” ဟု ၎င်းက ပြောသည်။

တိုက်ပွဲသည် ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင်နှင့် ကုန်းဆုံဘုရားတောင်တို့တွင် တပ်စွဲထားသော တပ်မ ၅၅ လက်အောက်ခံ ကလောအခြေစိုက် ခလရ – ၇ တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီ တို့မှ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စကစ ဘက်က ၅ ယောက်ကျတယ်၊ ပြီးတော့ ထွက်ပြေးသူနဲ့ ဒဏ်ရာရသူများနေတာလည်း တွေ့ရတယ်၊ နောက်ပြီး ကျနော်တို့က သူတို့ လက်နက်ခဲယမ်းတချို့ကို ဖမ်းဆီးရမိတယ်၊ ဒီနေ့မှာ ကျနော်တို့ရဲဘော် ၃ ယောက် ဒဏ်ရာရတာကလွဲပြီး ကျဆုံးမှုမရှိဘူး” ဟု ဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးဗြဲမြို့ ဝီသဲကူဘက်တွင်လည်း ဌာနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီတို့က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်နေ ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...