Sunday, May 19, 2024

မိုင်းကိုင်မြို့နယ်

မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကြီးကျ ဒေသခံ(၇၅၀)ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် လက်နက်ကြီး ကျကာ ဒေသခံ (၇၅၀)ကျော် ထွက်ပြေးတိမ်းရှေင်နေကြရသည်။ အဆိုပါ ကျေးရွာအနီး တိုက်ပွဲဖြစ်ကာ လက်နက်ကြီးကျသဖြင့် ဒေသခံ(၇၅၀)ကျော်တို့သည် စိုးရိမ်ထိတ်လန့်သဖြင့် မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ “လက်နက်ကြီးတွေ ရွာနီးနားမှာ ကျတဲ့အတွက် ကြောက်လို့...

မိုင်းကိုင် စစ်ရှောင်(၃၇၅)ဦးအတွက် စားနပ်ရိက္ခာ လိုအပ်

သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အတွင်း စစ်ရှောင် (၃၇၅) ဦးရောက်ရှိလာပြီး စားနပ်ရိက္ခာနှင့်အသုံးအဆောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ မိုင်းကိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ “သူတို့ရောက်လာတာ (၃) ရက်လောက်ရှိပြီ။ အစားအသောက်...

မိုင်းကိုင်မြို့နယ် အတွင်း မီးလောင်သည့် ဘုန်းကြီးကျောင်း ပြန်ပြင်ရန် အလှူငွေလိုအပ်နေ

သျှမ်းပြည်တောင်ပိုင် မိုင်းကိုင်မြို့နယ် စုံလော့ကျေးရွာ အတွင်းရှိဘုန်းကြီးကျောင်းသည် ယနေ့(နိုဝင်ဘာ ၂၆)ရက် မနက် ၄နာရီ ဝန်းကျင်တွင် ကထိန်ကျင်းပရန် ပြင်ဆင်နေချိန် မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်စဉ်မှာ ကထိန်းကျင်းပရန်အတွက် ပြင်ဆင်နေချိန်တွင် ဘုရားစင်ပေါ်က ဖယောင်းတိုင်းမှမီးရာမှ စတင်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသည်။ “ ကျမတို့ကြားရတာကတော့ ဖယောင်းတိုင်ထွန်းထားတယ်။ ဖယောင်းတိုင်က လဲကျသွားပြီးတော့ ဘုရားစင်ကိုမီးစတင်လောင်းကျွမ်းသွားတာပါ။...

မိုင်းကိုင်မြို့နယ်နှင့် သျှမ်းမြောက် နေရာတချို့ရွေးကောက်ပွဲ ပြန်ကျင်းပခွင့်ရရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကျင်းပရေး ပယ်ဖျက်ခံထားရသည့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့် ရရှိရေး အလားအလာကောင်းကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ စုံစမ်းသိရှိရသည်။ သျှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ဖျက်သိမ်းခံထားရသည့် မြို့နယ်များအနက် ပြန်လည်ကျင်းပနိုင်ရေး အလားအလာကောင်းသည့် မြို့နယ်များမှာ မိုင်းကိုင်မြို့နယ် ၊ လားရှိုးမြို့နယ်...

နယ်မြေတည်ငြိမ်သည့် မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲကျင်းပခွင့်မပြု

နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံး ရွေးကောက်ပွဲ ကျင်းပခွင့် မပြုသည့်အပေါ် မဖြစ်သင့်ကြောင်း မိုင်းကိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း ကပြောသည်။ “ကျနော်တို့ မိုင်းကိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ နယ်မြေအခြေနေဆိုး...

သျှမ်းပြည်တွင်းတိုက်ပွဲ ပြည်နယ်အဆင့်နှင့် မသက်ဆိုင် သျှမ်း/လွှတ်တော်ဥက္ကဌပြော

သျှမ်းပြည် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ နှင့် ပတ်သက်သည့် မေးခွန်းကို ပြည်နယ်အဆင့် နှင့် မသက်ဆိုင်ကြောင်း သျှမ်းပြည် လွှတ်တော်ဥက္ကဌ က ပြောဆိုလိုက်သည်။ ဒုတိယအကြိမ် သျှမ်းပြည် လွှတ်တော် (၁၉) ကြိမ်မြောက် အစည်းအဝေးတွင် - “မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)...

လွိုင်တောင်းတွင် တပ်စခန်းဆောက်ရန် အစိုးရ တပ်ထံ ဝါးတချို့တဝက် ပို့ဆောင်ပြီး

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ပေါ်တွင် အစိုးရ တပ်စခန်း တည်ဆောက် ရန် အတွက် သစ်၊ ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားရာ တချို့တဝက်အားပို့ပေးထားပြီးဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်...

မိုင်းကိုင် စစ်ရှောင်တဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည် အစိုးရကူညီ

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်းပေါင်းရာချီဆုံးရှုံးခဲ့သည့် စစ်ရှောင်ပြည်သူများအား သျှမ်းပြည် အစိုးရ က တဦးလျှင် ကျပ်ငွေ ၂၁၀၀ ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ...

လွိုင်တောင်းတွင် စခန်းဆောက်ရန် တပ်မှ လူထုအား သစ်၊ ဝါးပို့ခိုင်း

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ကြောတွင် တပ်စခန်းဆောက်လုပ်ရန်အတွက် သစ်များဝါးများပို့ပေးရန် အစိုးရ တပ်မတော်မှ ဒေသခံရွာသားများထံ ဆင့်ဆိုထားကြောင်း သတင်းရရှိသည်။   ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်းရှိ RCSS/SSA...

ငြိမ်းချမ်းရေး ထိခိုက်မည် ကို စိုးရိမ်သဖြင့် RCSS/SSA တပ်စခန်းရှောင်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲ သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တပ်စခန်းရှောင်လိုက်ရခြင်းဖြစ်သည် ဟု RCSS/SSA ကပြောသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ဖေဖော်ဝါရီ ၂၇ ရက် မနက် မှ စတင်ကာ သျှမ်းပြည် ပြန်လည်...

Latest news