မိုင်းကိုင် စစ်ရှောင်တဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည် အစိုးရကူညီ

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်းပေါင်းရာချီဆုံးရှုံးခဲ့သည့် စစ်ရှောင်ပြည်သူများအား သျှမ်းပြည် အစိုးရ က တဦးလျှင် ကျပ်ငွေ ၂၁၀၀ ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

Photo by ဒေသခံတဦး/ ယနေ့ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား သဖြင့် ဒေသခံ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရသည်။

မတ်လ ၃ ရက်က တိုက်ပွဲအခြေအနေ ငြိမ်သွားသဖြင့် စစ်ရှောင်များ မိမိနေရပ်သို့အသီးသီး ပြန်သွားကြသော်လည်း ကုန်းညောင်ဖာဆားကျေးရွာသားများမှာမူ စစ်ရှောင်နေစဉ်အတွင်း နေအိမ်နေများ ကျည်ဆံထိမှန်သကဲ့သို့ ရွာအတွင်းဝင်ရောက်စခန်းချသည့် အစိုးရ စစ်ကြောင်းမှ စစ်သားများ ဝင်ရောက်မွှေနှောက်သဖြင့် ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ပါသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းပန် က “ တယောက်ကို ၂၁၀၀ ကျပ်ရတယ်။ ၇ ရက်စာ အတွက်ပေးတာ။ အိမ်ကျည်ထိတဲ့ ၈ အိမ်ကိုတော့ တအိမ်ကို ၅သောင်းပေးတယ်။ လူကယ်ပြန်က လာပေးတာပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by ဒေသခံတဦး/ ယနေ့ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ

အစိုးရ စစ်ကြောင်း မှ စစ်သားများ အရပ်သားနေအိမ်သို့ ဝင်ရောက်မွှေနှောက်ပြီး ယူဆောင်သွားသည့် ပစ္စည်းများ ကို မည်သူ လာရောက်လျော်ပေးမည် မသိရှိသေးကြောင်း၊ လက်ရှိ အချိန်ထိ ဆုံးရှုံးသွားသည့် ပစ္စည်းတန်ဖိုး လျော်ကြေးငွေမရသေးကြောင်း စိုင်းပန် က ပြောသည်။

“ဘယ်သူ့ကို သွားပြောရမှန်း၊ ဘယ်ဆီကိုသွားတိုင်ရမယ်မှန်းတောင်မသိတော့ဘူး။ တော်တော်ခက်တယ်။ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေဖိုးတွေ မရသေးဘူး။ ” ဟု စိုင်းပန် က ဆိုသည်။

ယခင် RCSS/SSA တပ်စခန်းချသည့် လွိုင်တောင်း တောင်ပေါ် စခန်းကို လက်ရှိမှာ အစိုးရ တပ်မတော်မှ စခန်းချနေထိုင်နေပြီး၊ တပ်စခန်း ပြုလုပ်ရန် အတွက် ကျေးရွာ ပြည်သူများကို သစ်များ၊ ဝါးများ သယ်ဆောင်ခိုင်းခြင်း၊ ကားများ ကို ချောဆွဲခြင်းတို့ ပြုလုပ်နေသည် ဟုလည်း စိုင်းပန် က ဆက်လက် ပြောပြသည်။

“ လွိုင်တောင်း တပ်စခန်းကို ရေ တင်ဖို့ သစ်တွေ တင်ဖို့ အတွက် ကားတွေ ထော်လာဂျီတွေကို ချောဆွဲ နေတယ်။ အခု ကျနော်စိတ်ပူနေတယ်။ အရင်ခေတ်ကလို ပြန်ဖြစ်မှာ ကြောက်တယ်” ဟုလည်း ထပ်လောင်း ဖြည့်စွတ်ပြောသည်။

တိုက်ပွဲ ကြောင့် ကုန်းညောင်ဖာဆားကျေးရွာ ပြည်သူများသည် စစ်ရှောင်နေစဉ် နေအိမ်များ၊ ဈေးဆိုင်များ ရွာလုံးကျွတ် ဝင်ရောက်မွှေနှောက်ခံထားရကြောင်း၊ အားလုံးစုစုပေါင်း တန်ဖိုး ငွေ ၁၀၀ ကျော် ဆုံးရှုံးထားကြောင်း ကုန်းညောင်ဖာဆား ဒေသခံ အိုက်စိုင်း က ပြောသည်။

“ တန်ဖိုးကြီးပစ္စည်းတွေကတော့ ဆိုင်ကယ်အသစ် ၃စီး၊ သစ်ဖြတ်စက်၊ မြက်ရိတ်စက်တွေ ပေါ့။ ဆိုင်ကယ် ၁ စီးက ကျနော်တို့ ရွာကို လာပြီးစာသင်ပေးတဲ့ ကျောင်းဆရာမ အတွက် ဝယ်ထားပေးတာလည်း ပါသွားတယ်” ဟု အိုက်စိုင်းက ပြောပြသည်။

ကျန် ပစ္စည်းများဖြစ်သည့် အစားအသောက်၊ အဝတ်အစား၊ ရွှေထည် ငွေထည်များလည်း ယူဆောင်သွားကြကြောင်း သိရသည်။

တိုက်ပွဲကြား ဆုံးရှုံးသွားသည့် ပစ္စည်းများ အစိုးရတပ်မတော်မှ ယူဆောင်သွားသည့် ပစ္စည်းများ၏ စာရင်းသက်ဆိုင်ရာသို့ ပို့ဆောင်ပေးထားသော်လည်း တစုံတရာ ပြန်လည် အကြောင်းကြားလာခြင်းမရှိသေးသကဲ့သို့ လျော်ကြေးငွေလည်း လက်ရှိအချိန်ထိ မရသေးကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...