Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ် အတွင်း မီးလောင်သည့် ဘုန်းကြီးကျောင်း ပြန်ပြင်ရန် အလှူငွေလိုအပ်နေ

သျှမ်းပြည်တောင်ပိုင် မိုင်းကိုင်မြို့နယ် စုံလော့ကျေးရွာ အတွင်းရှိဘုန်းကြီးကျောင်းသည် ယနေ့(နိုဝင်ဘာ ၂၆)ရက် မနက် ၄နာရီ ဝန်းကျင်တွင် ကထိန်ကျင်းပရန် ပြင်ဆင်နေချိန် မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Photo by IPRD Maikaing

ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်စဉ်မှာ ကထိန်းကျင်းပရန်အတွက် ပြင်ဆင်နေချိန်တွင် ဘုရားစင်ပေါ်က ဖယောင်းတိုင်းမှမီးရာမှ စတင်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသည်။

“ ကျမတို့ကြားရတာကတော့ ဖယောင်းတိုင်ထွန်းထားတယ်။ ဖယောင်းတိုင်က လဲကျသွားပြီးတော့ ဘုရားစင်ကိုမီးစတင်လောင်းကျွမ်းသွားတာပါ။ ပြီးမှ ကျောင်းတော်ကြီးကို လောင်းကျွမ်းသွားတယ်။ တကျောင်းလုံး ပြာကျသွားတယ်” ဟု မိုင်းကိုင်မြို့နယ် ဒေသခံတဦးဖြစ်သည့် နန်းလင်းလင်းဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မီးလောင်မှုတွင် သံဃာတော်များထိခိုက်မှုမရှိဘဲ မီးဘေးမှ လွှတ်ကင်းရာသို့ထွက်ပြေးနိုင်ခဲ့ကာ စိုးရိမ်းရသူများမရှိကြောင်းလည်း နန်းလင်းလင်းဦး က ဆိုသည်။

Photo by IPRD Maikaing

ပြာကျသွားသည့် ဘုန်းကြီးကျောင်းကို ပြန်လည် ပြုပြင်ရန် အတွက် သက်ဆိုင်ရာ အစိုးရ ၊ဒေသခံများနှင့် မိဘပြည်သူများပူးပေါင်းပြီး အလှူငွေကောက်ကာ ပြုပြင်ပေးသွားမည် ဟုလည်း သိရသည်။

“ ကျမတို့မိုင်းကိုင်းက အစိုးရတွေနဲ့ ပူးပေါင်းပြီးသွားလှူဖို့ရှိပါတယ်။ အခုကပြင်ဆင်နေပါပြီ”ဟု နန်းလင်းလင်းဦး ကထပ်လောင်းပြောသည်။

မိုင်းကိုင်မြို့နယ် စုံလော့ကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် ၁၅ ပါး၊ ကျောင်းစောင့် ၁ဦးနှင့် ကိုရင် ၁၄ ပါးတို့ ရှိကြောင်းသိရသည်။

ကျောင်းကထိန်ခင်းဖို့အတွက် ဒေသခံ ပြည်သူများက ပြင်ဆင်နေပြီဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၇ရက်နေ့ ကထိန်ခင်းသွားမည် ဟုလည်း သိရသည်။

အဆိုပါ မီးလောင်သွားသည်ကျောင်းသည် သက်တမ်း (၄၈)နှစ်ရှိပြီး၊ ရှေးဟောင်း အမွေအနှစ်များစွာရှိသည့် ဘုန်းကြီးကျောင်းတကျောင်းလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...

တာချီလိတ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်

0
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းဝန်းထဲတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် လောင်းကစားဆိုင်ခန်းပေါင်း ၈၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၈ ရက်မှစ၍ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တော်ကော့ပြင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားပြီး လိုင်းကြေးအနေဖြင့် ဆိုင်ခန်း ၁ ခန်းကို တစ်ညလျှင်...

လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်း‌ဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက...

လဲချားမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် လဲချားမြို့နယ် ဝန်ထီးကျေးရွာအုပ်စုရှိ ဝိဟန်စလိုင်းခုန် ဘုန်းကြီးကျောင်း ယနေ့ ( မတ်လ ၁၃) ရက် မွန်လွဲ ၃ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ လဲချားမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်စဥ်မှာ ဆိုလာမီးလျော့ရာမှ ဘတ္ထရီ ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လဲချားမြို့ ဒေသခံ...