Tuesday, January 27, 2026

လွိုင်တောင်းတွင် တပ်စခန်းဆောက်ရန် အစိုးရ တပ်ထံ ဝါးတချို့တဝက် ပို့ဆောင်ပြီး

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ပေါ်တွင် အစိုးရ တပ်စခန်း တည်ဆောက် ရန် အတွက် သစ်၊ ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားရာ တချို့တဝက်အားပို့ပေးထားပြီးဖြစ်ကြောင်း သိရသည်။

Photo by ဒေသခံတဦး

ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့သည် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ RCSS/SSA က လွိုင်တောင်းတပ်စခန်းမှ ဆုတ်ခွာခဲ့သည်။

လက်ရှိအဆိုပါတပ်စခန်းတွင် အစိုးရ တပ်မတော် မှ တပ်စွဲထားရာ တပ်စခန်းအသစ်ပြန်ဆောက်ရန် အတွက် မိုင်းကိုင်မြို့နယ် အတွင်းရှိ ဟမ်းငိုင်းကျေးရွာ အုပ်စု နှင့် ဟိုခဲကျေးရွာ အုပ်စုမှ ဒေသခံများကို ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားပြီး ဒေသခံများ၏မော်တော်ယာဉ်များကိုလည်း ချောဆွဲခြင်း၊ ရွာသားများကို ရိက္ခာများပို့ဆောင်ပေးခိုင်းခြင်းစသည်တို့ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ ကျနော်တို့ ဟိုခဲကျေးရွာမှာတော့ အခု ဝါး အလုံးရေ ၆၀၀ ပို့ထားပြီးပြီ။ အခု ၄၀၀ ကျန်သေးတယ်။ ဝါးတွေခုတ်ရ၊ ပို့ရတာတော့ မလွယ်ဘူး။ လူအင်အား အရမ်းသုံးရတယ်” ဟု ဟိုခဲကျေးရွာမှ စိုင်းဆမ် က ပြောသည်။

ကျန်ရှိနေသေးသည့် ဝါး ၄၀၀ ကို လက်ရှိတွင် ခုတ်နေကြကြောင်း၊ မည်သည့်ရက် သွားပို့နိုင်မည်ကို မသိရှိသေးကြောင်း၊ တောတောင်များအတွင်း ဝါးရှာခုတ်ရသည့်အတွက် အချိန်ကုန်လူပမ်းကြရကြောင်း စိုင်းဆမ် က ဆိုသည်။

ထို့ပြင် အစိုးရ တပ်မတော်မှ စစ်သားများ လိုအပ်သည့် ရိက္ခာများ ဝယ်ရန် နှင့် တပ်စခန်း အတွက် အသုံးလိုပစ္စည်းများ သယ်ယူရန် တရက်လျှင် ကျေးရွာမှ မော်တော်ယာဉ် ၇ စီး ထပ်မံ ပို့ပေးနေရကြောင်းလည်း စိုင်းဆမ် က ပြောသည်။

“ သူတို့ ကို တရက် ကား ၇ စီး ပေးရတယ်။ သူတို့ လိုအပ်တာ သုံးဖို့ ပေးရတာ။ ချောဆွဲသွားတဲ့သဘောပါပဲ” ဟု စိုင်းဆမ် က ထပ်လောင်း ပြောသည်။

ဆက်လက်ပြီး တချို့ ဒေသခံများကို အစိုးရ တပ်မတော် က ခေတ္တ ခိုင်းရန် ခေါ်ဆောင် သွားသော်လည်း ၁၀ ရက်ကျော်ကြာမှ နေအိမ်ပြန်ရသည့် သူများလည်း ရှိကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“ လွိုင်တောင်း က စစ်သားတွေကို ရိက္ခာပို့ပေးရတာတွေ၊ သစ်ပို့ပေးရတာတွေရှိတယ်။ ကျနော်တို့ရွာကတော့ သွားမပို့ဘူး။ ဟိုခဲ ရွာကတော့ သွားပို့တယ်။ ကားတွေလည်း ချောဆွဲ၊ လူတွေလည်း ချောဆွဲတယ်” ဟု ကုန်းညောင်ဖာဆား ကျေးရွာ မှ ဒေသခံ စိုင်းဝမ်း က ပြောသည်။

တိုက်ပွဲ အတွင်း အစိုးရ တပ်မတော် မှ စစ်သားများသည် ကုန်ညောင်ဖာဆားကျေးရွာမှ နေအိမ်များအားလုံးကို ဖောက်ထွင်းကာ ပစ္စည်းများ စားသောက်ကုန် များမွှေနှောက်ယူဆောင်ကြရာ ပျက်စီးဆုံးရှုံးမှုများအား ပြန်လျော်ပေးစေလိုကြောင်းလည်း စိုင်းဝမ်းက ဆိုသည်။

လက်ရှိမှာ RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် တိုက်ပွဲများ ငြိမ်နေပြီး၊ မတ် ၁၅ ရက် တွင် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ နေပြည်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် မိုင်ကိုင်မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကိစ္စများ ပါဝင်ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်မှာ သျှမ်းပြည် တောင်ပိုင်းကျေးသီးမြို့နယ် အတွင်း အစိုးရ တပ်မတော်မှ စစ်အင်အား တိုးချဲ့မှုများပြုလုပ်နေကြောင်းလည်း ဒေသခံများ ပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...