လွိုင်တောင်းတွင် စခန်းဆောက်ရန် တပ်မှ လူထုအား သစ်၊ ဝါးပို့ခိုင်း

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ကြောတွင် တပ်စခန်းဆောက်လုပ်ရန်အတွက် သစ်များဝါးများပို့ပေးရန် အစိုးရ တပ်မတော်မှ ဒေသခံရွာသားများထံ ဆင့်ဆိုထားကြောင်း သတင်းရရှိသည်။

 

Photo by ဒေသခံတဦး

ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်းရှိ RCSS/SSA စခန်းရှိရာလွိုင်တွန်း တောင်ကြောတလျှောက် တိုက်ပွဲဖြစ်ပွါးခဲ့သည်။

ထိုတိုက်ပွဲကြောင့် RCSS/SSA တပ်စခန်းမှ ဆုတ်ခွါပေးခဲ့ရပြီး လက်ရှိ အဆိုပါတပ်စခန်းတွင် အစိုးရ တပ်မတော် မှ စခန်းချနေထိုင်ထားကြောင်းသိရသည်။

ထို လွိုင်တောင်း တပ်စခန်းကို ပြန်လည် ပြုပြင်ရန် အတွက် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်းရှိ ကုန်းညောင် ဖာဆား ကျေးရွာ ဒေသခံများနှင့် ဟိုခဲ ဒေသခံများကို သစ်များ ဝါးများခုတ်ပြီး ပို့ပေးရန် ဆင့်ဆိုညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြ ချက်အရသိရသည်။

“ အဲ့တပ်စခန်းက ဟိုခဲ ကျေးရွာနဲ့ နီးတယ်။ သစ်ပင်ခုတ်ပြီး လွိုင်တွန်းတောင်ပေါ်လာပို့ဖို့ ဆင့်လာတယ်။ ဘယ်လောက်ဆိုတာကတော့ကျနော်သေချာမသိဘူး” ဟု ဟမ်းငိုင်းကျေးရွာ မှ ဒေသခံ စိုင်းမု က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သစ်များဝါးများပို့ပေးရန် လွန်ခဲ့သည် ၃ ရက်က ဟိုခဲရွာသားများထံ ဆင့်ဆိုလာကြောင်း စိုင်းမု က ဆိုသည်။

ဆက်လက်ပြီး ကုန်းညောင်ဖာဆားရွာမှ အသက် ၄၀ ကျော် စိုင်းဝမ်း က “ ကျနော်တို့ ရွာကိုလည်း သစ်ပင်ခုတ်ပြီး လာပို့ဖို့ တောင်းတယ်။ ကျနော်တို့ ရွာက အခု အခြေအနေ သိပ်မကောင်းတော့ မပေးနိုင်ဘူးလို့ ပြန်အကြောင်းကြားထားတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ အစိုးရ တပ်မတော် အနေဖြင့် လွိုင်တောင်း တောင်ပေါ် စခန်း ပြုလုပ်ရန် သစ်အလုံးပေါင်း ၁ ထောင်ကျော် လိုအပ်နေကြောင်း လွိုင်တွန်းနှင့် နီးသည့် ကျေးရွာများအားလုံး က ခုတ်ပြီး သွားပို့ရမည် ဟု ဆင့်ဆိုခံရကြောင်း စိုင်းဝမ်းက ပြောပြသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အစိုးရ တပ်မတော် ၏ စစ်ကြောင်းများသည် ယနေ့ အချိန်ထိ ကျေးရွာထဲတွင် လှုပ်ရှားနေဆဲဟု ဒေသခံများက ပြောသည်။

“ စစ်သားတွေကတော့ ရွာထဲ ဝင်လိုက်၊ထွက်လိုက်ပါပဲ။သိပ်တော့စိတ်မချရသေးဘူး။ နေ့တိုင်း အဲ့တောင်ပေါ်ကနေဆင်းလာတယ်” ဟု စိုင်းဝမ်းက ဆိုသည်။

တိုက်ပွဲကြောင့် နေအိမ်များ လက်နက်ထိမှန်ခြင်း၊ အစိုးရ တပ်မတော် မှ စစ်သားများ ခိုးယူစားသောက်သည့် ပစ္စည်းများ။ အိမ်တွင်းပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက စာရင်းလာကောက်ယူကြကြောင်းသိရသည်။

ထို့အပြင် သက်ဆိုင်ရာ လူမှု ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး အဖွဲ့မှလည်း ကျေးရွာအတွင်းတွင် ကျား၊ မဦးရေ စာရင်း၊ ကျောင်းသားဦးရေ စာရင်းများကို လာရောက် ကောက်ယူသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...