Tuesday, January 27, 2026

နယ်မြေတည်ငြိမ်သည့် မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲကျင်းပခွင့်မပြု

နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

Photo by SNLD Mong Kung/Facebook

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံး ရွေးကောက်ပွဲ ကျင်းပခွင့် မပြုသည့်အပေါ် မဖြစ်သင့်ကြောင်း မိုင်းကိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း ကပြောသည်။

“ကျနော်တို့ မိုင်းကိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ နယ်မြေအခြေနေဆိုး နေတာလည်းမဟုတ်ဘူး။ အဲ့တွက်ကြောင့် ဒါကမဖြစ်သင့်ဘူး။မဖြစ်သင့်တဲ့ ကိစ္စပါ” ဟု စိုင်းဆိုင်မိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရွေးကောက်ပွဲ ကျင်းပခွင့်မပြုလျှင် မြို့နယ် ကိုယ်စားပြုမည့် ပုဂ္ဂိုလ်မရှိတော့သည့်အတွက် များစွာ နစ်နာကြောင်း မိုင်းကိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကပြောသည်။

“မဖြစ်သင့်တဲ့ ကိစ္စ နိုင်ငံသား တစ်ယောက်ရဲ့ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေတယ်။ တကယ်လို့သာ သူ့တို့သာ မဲပေးပိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင် မဲပေးနိုင်တဲ့ အနေအထား ဖန်တီးပေးရမယ်။ ရှေ့ဆက် ကျနော်တို့တော့ ညှိနှိုင်းနေပါတယ်။ တိုင်ပင်နေပါတယ်” ဟု စိုင်းဆိုင်မိုင်း ကပြောသည်။

ရွေးကာက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းရုံးခြင်း၊ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း ရပ်ရွာ အေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများ စသည့် တရားမဲ့ ပြုကျင့်မှုများကိုတေ့ွရှိရသည်ဟု အောက်တိုဘာ (၁၆)ရက် တွင် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ မဲဆွယ်ကာလတွင် RCSS/SSA မှ တအာင်းအမျိုးသားပါတီ (TNP) ကို မိုင်းကိုင်မြို့နယ် အတွင်း မဲဆွယ်စည်းရုံးမရအောင် အနှောက်အယှက်ပေးနေကြောင်း လည်း မိုင်းကိုင်မြို့နယ် TNP ဥက္ကဌ မိုင်းနုမ်ဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မဲဆွယ်စည်းရုံးတဲ့ချိန်မှာ RCSS/SSA က အကြိမ်ကြိမ် တားမြစ်တယ်။ တအောန်းရွာတွေ ကွင်းဆင်းမယ်ဆို တဲ့အခါ ကျတော့ ကျနော်တို့ဘက်က လုံးဝကို အဆင်မပြေဘူး။ ရွာတိုင်းလိုလို အနှောက်အယှက်ဖြစ်တယ်။ စာမတင်ခင်တုန်းက စာတင်ခိုင်းတယ်။ စာတင်ပြီးတော့လည်း ရွာအလိုက်ကို သွားပိတ်ပင် တားဆီးတယ် ” ဟု မိုင်းနုမ်ဟန် ကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် ( RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး မှ RCSS/SSA အနေဖြင့် တားဆီးပိတ်ပင်ခြင်း မရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သည့် နေရာမှာ စည်းကမ်းချက်များ အကန့်အသတ်များ စစ်ဆေးသည့် ကိစ္စများ ရှိကြောင်း ပြောသည်။

“မဲဆွယ် စည်းရုံးရေး ကာလမှာ အဟန့်အတား လုပ်တာ မရှိဘူး။ အဲ့ဒီ ဒေသမှာ အခြေနေ ငြိမ်သက်နေတယ်” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။

လာမည့် နိုဝင်ဘာ (၈) ရက်မှာ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခွင့် မပြုသည့် နယ်မြေများမှာ သျှမ်းပြည်နယ်တွင် တိုက်ပွဲမဖြစ်ပွားသည့် ဒေသမှာ များစွာပါဝင်ကြောင်း သိရသည်။

အရပ်သားအစိုးရ လက်တက် တွင် သျှမ်းပြည် အပေါ် လက်ရှိ ပြုမူမှုသည် အရပ်သားအစိုးရ ကို အယုံအကြည် ကင်းမဲ့သည့် အနေအထားဖြစ်သွားကြောင်း သျှမ်းပြည်သူများက မှတ်ချက်ပြုလိုက်သည်။

သျှမ်းပြည်အတွင်း စစ်ပွဲမဖြစ်ဘဲ နယ်မြေ တည်ငြိမ်နေတဲ့ နေရာတွင် ရွေးကောက်ပွဲ ကျင်းပခွင့်မရသည့်အပေါ် သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထင်ကျော်ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

သျှမ်းပြည် အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့် မြို့နယ်များမှာ မိုင်းလားမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊ မိုင်းကိုင်မြို့နယ် တို့ မှ မြို့နယ် တခုလုံးဖြစ်ကြောင်း အောက်တိုဘာ (၁၆)ရက် တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကျောက်မဲမြို့နယ် ၊ နောင်ချိုမြို့နယ်၊ နမ့်ဆန်မြို့နယ် ၊မန်တုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ် ကုန်ကြမ်းမြို့နယ် နှင့် ဟိုပန်မြို့နယ် တို့မှ ကျေးရွာအုပ်စု များစွာ ကျင်းပခွင့် မပြုကြောင်း လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် တွင် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ရွေးူကောက်ပွဲ ကော်မရှင်မှ သျှမ်းပြည် မှ ကျင်းပခွင့်မပြုသည့် နယ်မြေများသည် ၂၀၀၈ ဖွဲ့စည်းပုံ အရ “ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပါအဝင် မိုင်းရှူးမြို့နယ်၊ မိုင်းနောင်မြို့နယ် နှင့် ကျေးသီးမြို့နယ်တို့သာ ပါဝင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန်လမ်း၌ လုယက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ ) ရက် နံနက် ၇ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည်...

SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP...

မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို SSPP/SSA က သတ်ဖြတ်ခဲ့ပြီး လျော်ကြေးငွေ ပေးဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် လွယ်ယန်းကျေးရွာ နေထိုင်သည့် အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ...

မိုင်းကိုင် မွေတော်ဘုရားစေတီ ပြုပြင်ရန် စစ်ကောင်စီအရာရှိများ ကျပ်သိန်း ၁၀၀ လာရောက်လှူဒါန်း

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ရှိ သမိုင်းဝင် မွေတော်စေတီတော်ကို ပြုပြင်ရန် အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်လက်အောက်ခံ အရာရှိများ က ကျပ်သိန်း ၁၀၀ လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ် ၁၃ ရက်) မနက်ပိုင်း ၉ နာရီတွင် မိုင်းကိုင်မြို့သို့ ရောက်ရှိလာခဲ့ပြီး စေတီပုထိုးများကို...

မိုင်းကိုင်မြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် အဆမတန် ပိုက်ဆံကောက်

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားသည့် ကားသမားများထံ အဆမတန် ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာထဲတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ကို ဖွင့်လာပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ သောင်းမှ ကျပ်ငွေ တစ်သိန်းထိ...