Friday, April 26, 2024

မိုင်းကိုင် မွေတော်ဘုရားစေတီ ပြုပြင်ရန် စစ်ကောင်စီအရာရှိများ ကျပ်သိန်း ၁၀၀ လာရောက်လှူဒါန်း

Must read

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ရှိ သမိုင်းဝင် မွေတော်စေတီတော်ကို ပြုပြင်ရန် အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်လက်အောက်ခံ အရာရှိများ က ကျပ်သိန်း ၁၀၀ လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပုံ – ချစ်သော မိုင်းကိုင်မြို့နယ်

ယမန်နေ့ (မတ် ၁၃ ရက်) မနက်ပိုင်း ၉ နာရီတွင် မိုင်းကိုင်မြို့သို့ ရောက်ရှိလာခဲ့ပြီး စေတီပုထိုးများကို ပြုပြင်မွမ်းမံရန်အတွက် ကျပ် သိန်း ၁၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်လှူဒါန်းရာတွင် စစ်ကောင်စီက မဲဆွယ်သည့်အနေဖြင့် လာရောက်လှူဒါန်းမှုဖြစ်နိုင်ကြောင်း မိုင်းကိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ စေတီတွေ ပြုပြင်မွမ်းမံဖို့ ခေါင်းစဉ်နဲ့ လာလှူသွားတာပေါ့။ သူတို့လာလှူတာတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်ချင်တဲ့ အနေနဲ့ လာလှူတာလို့ထင်တာပဲ။ သူတို့ တိုက်ရိုက်တော့ မပြောဘူးပေါ့။ သူတို့ မဲထည့်ပေးဖို့ လာလှူပေးတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု မိုင်းကိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ မိုင်းကိုင်တွင် သျှမ်းပြည်ဝန်းကြီးချုပ် ဦးအောင်ဇော်အေး နှင့် တိုင်းမှူး နှင့် ဒု – တိုင်းမှူး လည်း ပါကြောင်းသိရသည်။

ထို့အပြင် သျှမ်းပြည်ဝန်းကြီးချုပ် ဦးအောင်ဇော်အေး က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article